မာသာ တရီဇာကို ရဟႏာၱ တင္ေျမွာက္မယ္

မာသာ ထရီဇာ (Credit: AFP) 
ဆင္းရဲသားေတြအတြက္ ​ဘဝကို ​ရင္းႏွီးခဲ့တဲ့ ​ကက္သလစ္ ​မယ္သီလွရွင္ ​မာသာ ​ထရီဇာကို ​စက္တင္ဘာလက်ရင္ ​ရဟႏာၱတင္ေျမွာက္မယ္လို႔ ​ပုပ္ရဟန္းမင္းႀကီး ​ဖရန္းစစ္က ​ေၾကညာလိုက္ပါတယ္။ ​

ကာဒီနယ္လ္ေတြ ​ေတြ႔ဆုံၾကတဲ့ ​အစည္းအေဝးတစ္ခုမွာ ​ပုပ္ရဟန္းမင္းႀကီးက ​ေၾကညာလိုက္တာပါ။

မာသာ ​ထရီဇာဟာ ​ဆင္းရဲသားေတြကို ​အကူအညီေပးခဲ့တာေတြေၾကာင့္ ​ႏိုဘယ္ၿငိမ္းခ်မ္းေရးဆုကို ​ရရွိဖူးသူလည္း ​ျဖစ္ပါတယ္။

အခုအခါမွာေတာ့ ​ကက္သလစ္ ​ဘာသာရဲ့ ​ရဟႏာၱအျဖစ္ ​စက္တင္ဘာလ ​၄ ​ရက္ေန႔မွာ ​တင္ေျမွာက္မွာ ​ျဖစ္ပါတယ္။

မာသာ ​ထရီဇာဟာ ​သူ႔ရဲ့ ​သက္တမ္းတေလွ်ာက္လုံး ​အိႏၵိယႏိုင္ငံမွာပဲ ​ေနၿပီး ​ဆင္းရဲသားေတြနဲ႔ ​ေဝဒနာသည္ေတြကို ​အက်ဳိးျပဳခဲ့သလို ​ကြယ္လြန္တဲ့အခါမွာလည္း ​Kolkata ​ၿမိဳ႕မွာပဲ ​သၿဂိဳလ္တဲ့အတြက္ ​ရဟႏာၱတင္ေျမွာက္တဲ့ ​ပြဲကို ​အိႏၵိယမွာ ​ျပဳလုပ္ရင္ ​ပုပ္ရဟန္းမင္းႀကီးပါ ​ၾကြလာမွာ ​ျဖစ္တယ္လို႔ ​ေမွ်ာ္လင့္ေနၾကပါတယ္။

ဒါေပမယ့္ ​ပုပ္ရဟန္းမင္းႀကီးက ​ရဟႏာၱတင္ေျမွာက္ပြဲကို ​ဗာတီကန္မွာပဲ ​ျပဳလုပ္မယ္လို႔ ​ဆိုပါတယ္။

အယ္လ္ေဘးနီးယား ​ႏိုင္ငံသူ ​မာသာ ​ထရီဇာဟာ ​၁၉၉၇ ​ခုႏွစ္မွာ ​ေသဆုံးၿပီး ​၁၉ ​ႏွစ္အၾကာမွ ​ရဟႏာၱအျဖစ္ ​သတ္မွတ္ခံရတာ ​ျဖစ္ပါတယ္။

၂၀၀၃ ​ခုႏွစ္တုန္းက ​ကြယ္လြန္သူ ​မာသာ ​ထရီဇာကို ​အားကိုးၿပီး ​ဆုေတာင္းခဲ့ရာကေန ​ဘဂၤါလီလူမ်ဳိးတစ္ဦး ​ေနေကာင္းလာရာကေန ​မာသာ ​ထရီဇာကို ​ရဟႏာၱတင္ေျမွာက္ႏိုင္ဖို႔ ​လုပ္ေဆာင္လာတာ ​ျဖစ္ပါတယ္။

၂၀၀၈ ​ခုႏွစ္မွာ ​တစ္ခါ ​ဘရာဇီးလ္ႏိုင္ငံသား ​တစ္ဦးက ​မာသာ ​ထရီဇာကို ​အားကိုး ​ဆုေတာင္းခဲ့ရာက ​ဦးေႏွာက္နဲ႔ ​ပတ္သက္တဲ့ ​ေရာဂါ ​ေပ်ာက္ကင္းသြားလို႔ ​ရဟႏာၱအျဖစ္ ​သတ္မွတ္ႏိုင္ၿပီ ​ျဖစ္လို႔ ​သတ္မွတ္လိုက္တာလို႔လည္း ​သိရပါတယ္။

ABC Radio Australia
http://www.radioaustralia.net.au/burmese

.................................................


မာသာ ထရီဇာ (Credit: AFP)
ဆင်းရဲသားတွေအတွက် ​ဘဝကို ​ရင်းနှီးခဲ့တဲ့ ​ကက်သလစ် ​မယ်သီလှရှင် ​မာသာ ​ထရီဇာကို ​စက်တင်ဘာလကျရင် ​ရဟန္တာတင်မြှောက်မယ်လို့ ​ပုပ်ရဟန်းမင်းကြီး ​ဖရန်းစစ်က ​ကြေညာလိုက်ပါတယ်။ ​

ကာဒီနယ်လ်တွေ ​တွေ့ဆုံကြတဲ့ ​အစည်းအဝေးတစ်ခုမှာ ​ပုပ်ရဟန်းမင်းကြီးက ​ကြေညာလိုက်တာပါ။

မာသာ ​ထရီဇာဟာ ​ဆင်းရဲသားတွေကို ​အကူအညီပေးခဲ့တာတွေကြောင့် ​နိုဘယ်ငြိမ်းချမ်းရေးဆုကို ​ရရှိဖူးသူလည်း ​ဖြစ်ပါတယ်။

အခုအခါမှာတော့ ​ကက်သလစ် ​ဘာသာရဲ့ ​ရဟန္တာအဖြစ် ​စက်တင်ဘာလ ​၄ ​ရက်နေ့မှာ ​တင်မြှောက်မှာ ​ဖြစ်ပါတယ်။

မာသာ ​ထရီဇာဟာ ​သူ့ရဲ့ ​သက်တမ်းတလျှောက်လုံး ​အိန္ဒိယနိုင်ငံမှာပဲ ​နေပြီး ​ဆင်းရဲသားတွေနဲ့ ​ဝေဒနာသည်တွေကို ​အကျိုးပြုခဲ့သလို ​ကွယ်လွန်တဲ့အခါမှာလည်း ​Kolkata ​မြို့မှာပဲ ​သဂြိုလ်တဲ့အတွက် ​ရဟန္တာတင်မြှောက်တဲ့ ​ပွဲကို ​အိန္ဒိယမှာ ​ပြုလုပ်ရင် ​ပုပ်ရဟန်းမင်းကြီးပါ ​ကြွလာမှာ ​ဖြစ်တယ်လို့ ​မျှော်လင့်နေကြပါတယ်။

ဒါပေမယ့် ​ပုပ်ရဟန်းမင်းကြီးက ​ရဟန္တာတင်မြှောက်ပွဲကို ​ဗာတီကန်မှာပဲ ​ပြုလုပ်မယ်လို့ ​ဆိုပါတယ်။

အယ်လ်ဘေးနီးယား ​နိုင်ငံသူ ​မာသာ ​ထရီဇာဟာ ​၁၉၉၇ ​ခုနှစ်မှာ ​သေဆုံးပြီး ​၁၉ ​နှစ်အကြာမှ ​ရဟန္တာအဖြစ် ​သတ်မှတ်ခံရတာ ​ဖြစ်ပါတယ်။

၂၀၀၃ ​ခုနှစ်တုန်းက ​ကွယ်လွန်သူ ​မာသာ ​ထရီဇာကို ​အားကိုးပြီး ​ဆုတောင်းခဲ့ရာကနေ ​ဘင်္ဂါလီလူမျိုးတစ်ဦး ​နေကောင်းလာရာကနေ ​မာသာ ​ထရီဇာကို ​ရဟန္တာတင်မြှောက်နိုင်ဖို့ ​လုပ်ဆောင်လာတာ ​ဖြစ်ပါတယ်။

၂၀၀၈ ​ခုနှစ်မှာ ​တစ်ခါ ​ဘရာဇီးလ်နိုင်ငံသား ​တစ်ဦးက ​မာသာ ​ထရီဇာကို ​အားကိုး ​ဆုတောင်းခဲ့ရာက ​ဦးနှောက်နဲ့ ​ပတ်သက်တဲ့ ​ရောဂါ ​ပျောက်ကင်းသွားလို့ ​ရဟန္တာအဖြစ် ​သတ်မှတ်နိုင်ပြီ ​ဖြစ်လို့ ​သတ်မှတ်လိုက်တာလို့လည်း ​သိရပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment