ျပင္သစ္နဲ႔ ဘယ္လ္ဂ်ီယမ္မွာ ရွာေဖြ စီးနင္း


ဘရပ္ဆဲလ္ လုံျခဳံေရး အထူးတင္းက်ပ္ဆဲ
ျပင္သစ္ မွာ တိုက္ခိုက္မွု က်ဴးလြန္ဖို႔ အကြက္ခ် ႀကံစည္ေနသူ လို႔ ယူဆရတဲ့ စစ္ေသြးႂကြ တေယာက္ကို ဖမ္းမိထားတယ္လို႔ ျပင္သစ္ ျပည္ထဲေရး ဝန္ႀကီး ဘယ္နာ့ ကဇန္ႏုဗ္ က ေျပာပါတယ္။

ဖမ္းထားသူဟာ ျပင္သစ္ နိုင္ငံသား ျဖစ္ၿပီး အျပင္းစား တိုက္ခိုက္မွု တခု ႀကံစည္ေနသူလို႔ သကၤာ မကင္းေၾကာင္း၊ အၾကမ္းဖက္ ကြန္ယက္ တခုနဲ႔ ခ်ိတ္ဆက္ လုပ္ကိုင္ေနတာ ျဖစ္ေၾကာင္း ျပည္ထဲေရး ဝန္ႀကီး က ေျပာပါတယ္။

ပဲရစ္ ၿမိဳ႕ေတာ္ အေနာက္ေတာင္ပိုင္း ဆင္ေျခဖုံးမွာ ဝင္ေရာက္ စီးနင္း ရွာေဖြခ်ိန္မွာ ဒီလူကို ဖမ္းဆီး ရမိခဲ့တာပါ။

ဒီဖမ္းဆီးမွုကို အဓိက ဖမ္းဆီးရမိမွုႀကီး တခု အျဖစ္ မစၥတာ ကဇန္ႏုဗ္ က ဆိုေပမယ့္ ပဲရစ္နဲ႔ ဘရပ္ဆဲလ္မွာ ျဖစ္ပြားခဲ့တဲ့ တိုက္ခိုက္မွု ေတြနဲ႔ ဆက္ႏြယ္ တဲ့ အေထာက္အထား ေတာ့ မရွိေသးဘူးလို႔ သိရပါတယ္။
ဘယ္လ္ဂ်ီယမ္

ဘယ္လ္ဂ်ီယမ္ နိုင္ငံ ဘရပ္ဆဲလ္ ၿမိဳ႕ေတာ္ မွာေတာ့ လူ ၆ ေယာက္ကို အာဏာပိုင္ေတြက ဖမ္းဆီးလိုက္ပါတယ္။

ဒါဟာ လူ ၃ဝ ေက်ာ္ ေသဆုံးတဲ့ ေလဆိပ္နဲ႔ ေျမေအာက္ ရထား ဘူတာ႐ုံကို စစ္ေသြးႂကြေတြ တိုက္ခိုက္မွု အၿပီး ၂ ရက္အၾကာမွာ ဖမ္းဆီးခဲ့တာပါ။

ဒီ ဖမ္းထားတဲ့ ထဲက ၃ ေယာက္ကို ၿမိဳ႕လယ္က အစိုးရ ေရွ႕ေန႐ုံး အျပင္ဘက္မွာ ဖမ္းထားတယ္လို႔ ဆိုပါတယ္။

ဘယ္သူဘယ္ဝါ ေသခ်ာ မသိရေသး ေပမယ့္ ဘရပ္ဆဲလ္ ၿမိဳ႕ထဲမွာ တအိမ္တက္ဆင္း ရွာေဖြ ဖမ္းမိ ခဲ့တာ ျဖစ္ပါတယ္။

ရဲ မွတ္တမ္း ကင္မရာမွာ ေတြ႕ရွိခဲ့တဲ့ မသကၤာသူ အနည္းဆုံး ၂ ေယာက္ ကေတာ့ ခုထိ လြတ္ေနဆဲလို႔ သိရပါတယ္။

BBC Burmese
http://www.bbc.com/burmese
..........................

ဘရပ်ဆဲလ် လုံခြုံရေး အထူးတင်းကျပ်ဆဲ
ပြင်သစ် မှာ တိုက်ခိုက်မှု ကျူးလွန်ဖို့ အကွက်ချ ကြံစည်နေသူ လို့ ယူဆရတဲ့ စစ်သွေးကြွ တယောက်ကို ဖမ်းမိထားတယ်လို့ ပြင်သစ် ပြည်ထဲရေး ဝန်ကြီး ဘယ်နာ့ ကဇန်နုဗ် က ပြောပါတယ်။

ဖမ်းထားသူဟာ ပြင်သစ် နိုင်ငံသား ဖြစ်ပြီး အပြင်းစား တိုက်ခိုက်မှု တခု ကြံစည်နေသူလို့ သင်္ကာ မကင်းကြောင်း၊ အကြမ်းဖက် ကွန်ယက် တခုနဲ့ ချိတ်ဆက် လုပ်ကိုင်နေတာ ဖြစ်ကြောင်း ပြည်ထဲရေး ဝန်ကြီး က ပြောပါတယ်။

ပဲရစ် မြို့တော် အနောက်တောင်ပိုင်း ဆင်ခြေဖုံးမှာ ဝင်ရောက် စီးနင်း ရှာဖွေချိန်မှာ ဒီလူကို ဖမ်းဆီး ရမိခဲ့တာပါ။

ဒီဖမ်းဆီးမှုကို အဓိက ဖမ်းဆီးရမိမှုကြီး တခု အဖြစ် မစ္စတာ ကဇန်နုဗ် က ဆိုပေမယ့် ပဲရစ်နဲ့ ဘရပ်ဆဲလ်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှု တွေနဲ့ ဆက်နွယ် တဲ့ အထောက်အထား တော့ မရှိသေးဘူးလို့ သိရပါတယ်။
ဘယ်လ်ဂျီယမ်

ဘယ်လ်ဂျီယမ် နိုင်ငံ ဘရပ်ဆဲလ် မြို့တော် မှာတော့ လူ ၆ ယောက်ကို အာဏာပိုင်တွေက ဖမ်းဆီးလိုက်ပါတယ်။

ဒါဟာ လူ ၃ဝ ကျော် သေဆုံးတဲ့ လေဆိပ်နဲ့ မြေအောက် ရထား ဘူတာရုံကို စစ်သွေးကြွတွေ တိုက်ခိုက်မှု အပြီး ၂ ရက်အကြာမှာ ဖမ်းဆီးခဲ့တာပါ။

ဒီ ဖမ်းထားတဲ့ ထဲက ၃ ယောက်ကို မြို့လယ်က အစိုးရ ရှေ့နေရုံး အပြင်ဘက်မှာ ဖမ်းထားတယ်လို့ ဆိုပါတယ်။

ဘယ်သူဘယ်ဝါ သေချာ မသိရသေး ပေမယ့် ဘရပ်ဆဲလ် မြို့ထဲမှာ တအိမ်တက်ဆင်း ရှာဖွေ ဖမ်းမိ ခဲ့တာ ဖြစ်ပါတယ်။

ရဲ မှတ်တမ်း ကင်မရာမှာ တွေ့ရှိခဲ့တဲ့ မသင်္ကာသူ အနည်းဆုံး ၂ ယောက် ကတော့ ခုထိ လွတ်နေဆဲလို့ သိရပါတယ်။

BBC Burmese
http://www.bbc.com/burmese
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment