1
ဘယ်လ်ဂျီယံ မီဒီယာများက ဇာဗန်တမ် လေဆိပ်၏ လုံခြုံရေး ကင်မရာ မှတ်တမ်းများတွင် တွေ့ရှိရသည့် အဖြူရောင် ကုတ်အင်္ကျီနှင့် သံသယဖြစ်ဖွယ် အမျိုးသားသည် လက်ခ်ျရူအီပင်ဖြစ်ကြောင်း တရားရေးဌာန တာဝန်ရှိသူများ၏ အဆိုကို ကိုးကား ဖော်ပြခဲ့ကြသည်။
ဘယ်လ်ဂျီယံမှ La Derniere Heure သတင်းစာကမူ လက်ခ်ျရူအီကို အကြမ်းဖက်မှု နှိမ်နင်းရေး တပ်ဖွဲ့များက မြို့တော်၏ အန်းဒါးလက်ခ်ျ ဧရိယာ အနီးတွင် ဝင်ရောက် ဖမ်းဆီးခဲ့ကြောင်း ဆိုသည်။ လက်ခ်ျရူအီသည် ဘရပ်ဆဲလ် တိုက်ခိုက်မှုတွင် အသုံးပြုခဲ့သည့် ဗုံးများကို အဓိက တာဝန်ယူ ပြုလုပ်ပေးခဲ့သူဟု ယူဆရပြီး ၎င်းသည် နိုဝင်ဘာလက ပြင်သစ်နိုင်ငံ၊ ပါရီမြို့တော်တွင် လူပေါင်း ၁၃၀ သေဆုံးစေခဲ့သည့် အကြမ်းဖက်မှုကြီး၌ အရေးပါသူတစ်ဦး ဖြစ်ခဲ့ကြောင်းလည်း ဘယ်လ်ဂျီယံ မီဒီယာများက ဖော်ပြခဲ့ကြသည်။
Ref: BBC
.........................................................
ဘရပ်ဆဲလ် အကြမ်းဖက်မှုမှ လွတ်မြောက် တရားခံကို ဖမ်းဆီးရမိပြီဟု ဘယ်လ်ဂျီယံ မီဒီယာများ ဖော်ပြ
ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့တော် အကြမ်းဖက်မှုတွင် လွတ်မြောက်နေသည့် သံသယ တရားခံကို ဖမ်းဆီးရမိခဲ့ပြီ ဖြစ်သလို တိုက်ခိုက်မှုတွင် ပါဝင်ခဲ့သူ ၃ ဦးစလုံး၏ အချက်အလက်များကို ဘယ်လ်ဂျီယံ မီဒီယာများက ဖော်ပြလာကြသည်။
မတ် ၂၂ ရက်က ဘရပ်ဆဲလ်ရှိ လေဆိပ်တစ်ခုနှင့် မြေအောက်ရထား ဘူတာတို့တွင် ပေါက်ကွဲမှုများ ဖြစ်ပွားပြီး အကြမ်းဖက်သမား သုံးဦးက အရပ်သားများကို ပစ်ခတ် တိုက်ခိုက်ခဲ့ကြသည်။ အဆိုပါ ဖြစ်စဉ်တွင် အကြမ်းဖက်သမား နှစ်ဦးမှာ မိမိကိုယ်ကို အသေခံ ဗုံးခွဲသွားပြီး ကျန်တစ်ဦးမှာ လွတ်မြောက်သွားသည်။ အစ္စလာမ်မစ် နိုင်ငံတော် (အိုင်အက်စ်) စစ်သွေးကြွများက စီစဉ်ညွွှန်ကြားသည်ဟု ယုံကြည်ရသည့် အကြမ်းဖက်မှုကြောင့် လူ ၃၁ ဦး (မီဒီယာအချို့တွင် ၃၄ ဦးဟု ဖော်ပြ) သေဆုံးကာ ၂၅၀ ကျော် ဒဏ်ရာများ ရရှိခဲ့သည်။
မတ် ၂၃ ရက်တွင်မူ ဘယ်လ်ဂျီယံ ရဲတပ်ဖွဲ့သည် ထွက်ပြေး လွတ်မြောက်နေသည့် အသက် ၂၅ နှစ်အရွယ် နာဂျင်မ် လက်ချ်ရူအီကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ အသေခံ ဗုံးခွဲသွားသူ နှစ်ဦးမှာမူ ခါလစ်ဒ် အယ်လ်ဘက်ရူအီနှင့် ဘရာဟင်မ် အယ်လ်ဘက်ရူအီတို့ ဖြစ်ကြသည်။ အရှင်ဖမ်းမိသည့် လက်ချ်ရူအီသည် ဘရပ်ဆဲလ်တွင် အဖမ်းခံရသည့် ပါရီအကြမ်းဖက်မှု တရားခံ ဆာလား အက်ဘ်ဒီဆာလမ်နှင့် တိုက်ရိုက် ဆက်နွှယ်မှု ရှိကြောင်းလည်း ရဲများက ဆိုသည်။
ဘယ်လ်ဂျီယံ မီဒီယာများက ဇာဗန်တမ် လေဆိပ်၏ လုံခြုံရေး ကင်မရာ မှတ်တမ်းများတွင် တွေ့ရှိရသည့် အဖြူရောင် ကုတ်အကျႌနှင့် သံသယဖြစ်ဖွယ် အမျိုးသားသည် လက်ချ်ရူအီပင်ဖြစ်ကြောင်း တရားရေးဌာန တာဝန်ရှိသူများ၏ အဆိုကို ကိုးကား ဖော်ပြခဲ့ကြသည်။
ဘယ်လ်ဂျီယံ အစိုးရသည် တိုက်ခိုက်မှုအတွင်း သေဆုံးသူများအတွက် ရည်စူးကာ နိုင်ငံတော်အဆင့် ဝမ်းနည်းကြေကွဲမှုကို သုံးရက်ကြာ သတ်မှတ်ရန် ကြေညာခဲ့သည်။ အိုင်အက်စ် အဖွဲ့က အဆိုပါ တိုက်ခိုက်မှုကို ၎င်းတို့ ကျူးလွန်ကြောင်း ကြေညာထားသော်လည်း ဘယ်လ်ဂျီယံ အာဏာပိုင်များက အတည်ပြု မှတ်ချက်ပေးခြင်း မရှိသေးချေ။ ထို့အပြင် အကြမ်းဖက်သမားများ အမည်များနှင့် နောက်ဆုံးတစ်ဦးကို ဖမ်းဆီးရမိကြောင်း သတင်းများကို အစိုးရပိုင်းက တရားဝင် အတည်မပြုသေးကြောင်းလည်း သိရသည်။
ဘယ်လ်ဂျီယံမှ La Derniere Heure သတင်းစာကမူ လက်ချ်ရူအီကို အကြမ်းဖက်မှု နှိမ်နင်းရေး တပ်ဖွဲ့များက မြို့တော်၏ အန်းဒါးလက်ချ် ဧရိယာ အနီးတွင် ဝင်ရောက် ဖမ်းဆီးခဲ့ကြောင်း ဆိုသည်။ လက်ချ်ရူအီသည် ဘရပ်ဆဲလ် တိုက်ခိုက်မှုတွင် အသုံးပြုခဲ့သည့် ဗုံးများကို အဓိက တာဝန်ယူ ပြုလုပ်ပေးခဲ့သူဟု ယူဆရပြီး ၎င်းသည် နိုဝင်ဘာလက ပြင်သစ်နိုင်ငံ၊ ပါရီမြို့တော်တွင် လူပေါင်း ၁၃၀ သေဆုံးစေခဲ့သည့် အကြမ်းဖက်မှုကြီး၌ အရေးပါသူတစ်ဦး ဖြစ်ခဲ့ကြောင်းလည်း ဘယ်လ်ဂျီယံ မီဒီယာများက ဖော်ပြခဲ့ကြသည်။
Ref: BBC
http://www.7daydaily.com/story/61079
Share on Google Plus
About သတင်းစုံပျော်ဝင်အိုးကြီး
ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment
0 comments:
Post a Comment