ဘရပ္ဆဲလ္ေလဆိပ္ႏွင့္ေျမေအာက္ရထားဘူတာရုံ၌ ဗုံးေပါက္ကြဲ၊ ၃၄ ဦးေသဆုံး၊ ၁၇၀ ေက်ာ္ဒဏ္ရာရရွိ


ဘရပ္ဆဲလ္ မတ္ ၂၂

ဘယ္လ္ဂ်ီယံႏိုင္ငံ ၿမိဳ႕ေတာ္ ဘရပ္ဆဲလ္ၿမိဳ႕ရွိ ႏိုင္ငံတကာေလဆိပ္ ၏ ထြက္ခြာနားေနေဆာင္တစ္ခုတြင္ မတ္ ၂၂ ရက္ နံနက္ပိုင္းက ဗံုးေပါက္ ကဲြမႈႏွစ္ခု ျဖစ္ပြားခဲ့သည္။ ယင္းေပါက္ကဲြမႈ ျဖစ္ပြားခဲ့ၿပီးေနာက္ မၾကာမီအတြင္းမွာပင္ ၿမိဳ႕လယ္ေကာင္ ရွိ ဥေရာပသမဂၢ႐ုံးခ်ဳပ္အနီး၌ တည္ရွိသည့္ ေျမေအာက္ဘူတာ႐ုံ တစ္ခု၌ ေနာက္ထပ္ေပါက္ကဲြမႈတစ္ခု ျဖစ္ပြားခ့ဲရာ လူ ၃၄ ဦးေသဆုံးၿပီး ၁၇ဝ ေက်ာ္ ဒဏ္ရာရရွိခဲ့ေၾကာင္း၊ အဆိုပါေပါက္ကဲြမႈမွာ အေသခံ ဗံုးခဲြတိုက္ခိုက္ေရးသမားမ်ား၏ လက္ ခ်က္ပင္ျဖစ္ေၾကာင္းျဖင့္ ဘယ္လ္ဂ်ီယံ ႐ုပ္သံလႊင့္ဌာနတစ္ခုျဖစ္သည့္ VRT က ေၾကညာသည္။

တိုက္ခိုက္ေရးသမားမ်ားသည္ ေလဆိပ္၌ ေဖာက္ခြဲမႈမ်ားမျပဳလုပ္မီ ေသနတ္ပစ္ေဖာက္မႈမ်ားျပဳလုပ္ၿပီး အာေရဗ်ဘာသာစကားျဖင့္ ေအာ္ ဟစ္ခဲ့ေၾကာင္း၊ ေလဆိပ္တြင္ျဖစ္ပြား သည့္ အဆိုပါဗုံးေပါက္ကဲြမႈႏွစ္ခုတြင္ လူ ၁၁ ဦးေသဆုံးၿပီး ေျမေအာက္ ဘူတာ႐ုံေပါက္ကဲြမႈတြင္ လူ ၁၅ ဦး ေသဆုံးေၾကာင္း၊ အဆိုပါေပါက္ကြဲမႈ မ်ားတြင္ ဒဏ္ရာရရွိသူ ၁၇ဝ ေက်ာ္ရွိ ေၾကာင္း ဘယ္လ္ဂ်ီယံသတင္း ေအဂ်င္စီ The Belga က ေရးသား ေဖာ္ျပထားသည္။

ဒဏ္ရာရရွိသူမ်ားအနက္ ေနာက္ ထပ္ေသဆံုးသူ ရွစ္ဦး ထပ္မံ ေပၚေပါက္ခဲ့ေၾကာင္း သိရသည္။

၂ဝဝ၅ ခုႏွစ္က လန္ဒန္ ေျမေအာက္ရထားဘူတာ႐ုံတစ္ခု၌ အလားတူ တိုက္ခိုက္မႈျဖစ္ပြားခဲ့ၿပီး လူ ၅၂ ဦး ေသဆုံးမႈျဖစ္ပြားခဲ့ျခင္း ေၾကာင့္ ၿမိဳ႕ေတာ္ဘရပ္ဆဲလ္ရွိ အမ်ား ျပည္သူသယ္ယူပို႔ေဆာင္ေရးလုပ္ငန္း မ်ားကို ပိတ္ပင္ထားသည္။ ေနာက္ ထပ္ တိုက္ခိုုက္မႈမ်ားျဖစ္ပြားမည္ကို စိုးရိမ္ေသာေၾကာင့္ စစ္သည္အင္အား ၂၂၅ ဦးကို ဘရပ္ဆဲလ္ၿမိဳ႕ႏွင့္ အေရးေပၚဗဟိုဌာနသို႔ လုံၿခံဳေရး အတြက္ ေနာက္ထပ္ေစလႊတ္ခဲ့ ေၾကာင္း သိရသည္။

ဘရပ္ဆဲလ္ေလဆိပ္ႏွင့္ ေျမ ေအာက္ရထားဘူတာ႐ုံရွိ အဆိုပါ ေပါက္ကဲြမႈမွာ လူေပါင္း ၁၃ဝအသက္ ဆုံး႐ႈံးေစခဲ့သည့္ ပါရီအၾကမ္းဖက္ တိုက္ခိုက္မႈ၌ ပါဝင္ပတ္သက္သည္ ဟုသံသယရွိသူတစ္ဦးအား ဘရပ္ ဆဲလ္ၿမိဳ႕တြင္ ဖမ္းဆီးခဲ့ၿပီးေနာက္ ေလးရက္အၾကာတြင္ ယင္းကဲ့သို႔ ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။ ဘယ္ဂ်ီယံ အစိုးရသည္ အဆိုပါေပါက္ကဲြမႈမ်ား ျဖစ္ပြားခဲ့ၿပီးေနာက္ အႏၲရာယ္ သတိေပးခ်က္အျမင့္ဆုံးအဆင့္ျဖင့္ တပ္လွန္႔ထားေၾကာင္း သိရသည္။

ယင္းေပါက္ကဲြမႈ မ်ားေၾကာင့္ ျပင္သစ္ႏွင့္ ၿဗိတိန္အပါအဝင္ အေနာက္ဥေရာပ တစ္ခြင္လုံး၌ စိုးရိမ္ပူပန္မႈမ်ား ျဖစ္ပြားေစခဲ့ၿပီး အေရးေပၚ အစည္းအေဝးမ်ား က်င္းပကာ ေဆြးေႏြးၾကေၾကာင္း သိရသည္။ ယင္းေပါက္ကဲြမႈမ်ား ျဖစ္ပြားခဲ့ၿပီးေနာက္ နယ္သာလန္ တပ္မေတာ္က ေလဆိပ္ႏွင့္နယ္စပ္ ေဒသမ်ားတြင္ လုံၿခံဳေရးတင္းက်ပ္ ထားသလို ၿဗိတိန္ကလည္း အမ်ား ျပည္သူ သယ္ယူပို႔ေဆာင္ေရးေနရာ မ်ားအပါအဝင္ ႏိုင္ငံအတြင္းရွိ အဓိကအထင္ကရ ျဖစ္သည့္ေနရာ မ်ားတြင္ လုံၿခံဳေရးရဲတပ္ဖဲြ႕ခ်ထားမႈ တိုးျမႇင့္ထားေၾကာင္း သိရသည္။

(႐ိုက္တာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
...................


ဘရပ်ဆဲလ် မတ် ၂၂

ဘယ်လ်ဂျီယံနိုင်ငံ မြို့တော် ဘရပ်ဆဲလ်မြို့ရှိ နိုင်ငံတကာလေဆိပ် ၏ ထွက်ခွာနားနေဆောင်တစ်ခုတွင် မတ် ၂၂ ရက် နံနက်ပိုင်းက ဗုံးပေါက် ကွဲမှုနှစ်ခု ဖြစ်ပွားခဲ့သည်။ ယင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီးနောက် မကြာမီအတွင်းမှာပင် မြို့လယ်ကောင် ရှိ ဥရောပသမဂ္ဂရုံးချုပ်အနီး၌ တည်ရှိသည့် မြေအောက်ဘူတာရုံ တစ်ခု၌ နောက်ထပ်ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ရာ လူ ၃၄ ဦးသေဆုံးပြီး ၁၇ဝ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း၊ အဆိုပါပေါက်ကွဲမှုမှာ အသေခံ ဗုံးခွဲတိုက်ခိုက်ရေးသမားများ၏ လက် ချက်ပင်ဖြစ်ကြောင်းဖြင့် ဘယ်လ်ဂျီယံ ရုပ်သံလွှင့်ဌာနတစ်ခုဖြစ်သည့် VRT က ကြေညာသည်။

တိုက်ခိုက်ရေးသမားများသည် လေဆိပ်၌ ဖောက်ခွဲမှုများမပြုလုပ်မီ သေနတ်ပစ်ဖောက်မှုများပြုလုပ်ပြီး အာရေဗျဘာသာစကားဖြင့် အော် ဟစ်ခဲ့ကြောင်း၊ လေဆိပ်တွင်ဖြစ်ပွား သည့် အဆိုပါဗုံးပေါက်ကွဲမှုနှစ်ခုတွင် လူ ၁၁ ဦးသေဆုံးပြီး မြေအောက် ဘူတာရုံပေါက်ကွဲမှုတွင် လူ ၁၅ ဦး သေဆုံးကြောင်း၊ အဆိုပါပေါက်ကွဲမှု များတွင် ဒဏ်ရာရရှိသူ ၁၇ဝ ကျော်ရှိ ကြောင်း ဘယ်လ်ဂျီယံသတင်း အေဂျင်စီ The Belga က ရေးသား ဖော်ပြထားသည်။

ဒဏ်ရာရရှိသူများအနက် နောက် ထပ်သေဆုံးသူ ရှစ်ဦး ထပ်မံ ပေါ်ပေါက်ခဲ့ကြောင်း သိရသည်။

၂ဝဝ၅ ခုနှစ်က လန်ဒန် မြေအောက်ရထားဘူတာရုံတစ်ခု၌ အလားတူ တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး လူ ၅၂ ဦး သေဆုံးမှုဖြစ်ပွားခဲ့ခြင်း ကြောင့် မြို့တော်ဘရပ်ဆဲလ်ရှိ အများ ပြည်သူသယ်ယူပို့ဆောင်ရေးလုပ်ငန်း များကို ပိတ်ပင်ထားသည်။ နောက် ထပ် တိုက်ခိုုက်မှုများဖြစ်ပွားမည်ကို စိုးရိမ်သောကြောင့် စစ်သည်အင်အား ၂၂၅ ဦးကို ဘရပ်ဆဲလ်မြို့နှင့် အရေးပေါ်ဗဟိုဌာနသို့ လုံခြုံရေး အတွက် နောက်ထပ်စေလွှတ်ခဲ့ ကြောင်း သိရသည်။

ဘရပ်ဆဲလ်လေဆိပ်နှင့် မြေ အောက်ရထားဘူတာရုံရှိ အဆိုပါ ပေါက်ကွဲမှုမှာ လူပေါင်း ၁၃ဝအသက် ဆုံးရှုံးစေခဲ့သည့် ပါရီအကြမ်းဖက် တိုက်ခိုက်မှု၌ ပါဝင်ပတ်သက်သည် ဟုသံသယရှိသူတစ်ဦးအား ဘရပ် ဆဲလ်မြို့တွင် ဖမ်းဆီးခဲ့ပြီးနောက် လေးရက်အကြာတွင် ယင်းကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဘယ်ဂျီယံ အစိုးရသည် အဆိုပါပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ပြီးနောက် အန္တရာယ် သတိပေးချက်အမြင့်ဆုံးအဆင့်ဖြင့် တပ်လှန့်ထားကြောင်း သိရသည်။

ယင်းပေါက်ကွဲမှု များကြောင့် ပြင်သစ်နှင့် ဗြိတိန်အပါအဝင် အနောက်ဥရောပ တစ်ခွင်လုံး၌ စိုးရိမ်ပူပန်မှုများ ဖြစ်ပွားစေခဲ့ပြီး အရေးပေါ် အစည်းအဝေးများ ကျင်းပကာ ဆွေးနွေးကြကြောင်း သိရသည်။ ယင်းပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ပြီးနောက် နယ်သာလန် တပ်မတော်က လေဆိပ်နှင့်နယ်စပ် ဒေသများတွင် လုံခြံုရေးတင်းကျပ် ထားသလို ဗြိတိန်ကလည်း အများ ပြည်သူ သယ်ယူပို့ဆောင်ရေးနေရာ များအပါအဝင် နိုင်ငံအတွင်းရှိ အဓိကအထင်ကရ ဖြစ်သည့်နေရာ များတွင် လုံခြံုရေးရဲတပ်ဖွဲ့ချထားမှု တိုးမြှင့်ထားကြောင်း သိရသည်။

(ရိုက်တာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment