ဆီးရီးယားမွ ႐ုရွတပ္႐ုပ္သိမ္းဖို႔ အမိန္႔ထုတ္

 ႐ုရွသမၼတ ပူတင္
႐ုရွ သမၼတ ပူတင္ က ဆီးရီးယား မွာ အၾကမ္းဖက္ အုပ္စုေတြ ကို တိုက္ခိုက္ ႏွိမ္နင္းမွု ကို ရပ္ဆိုင္းၿပီး၊ ႐ုရွ တပ္ေတြ ကိုလည္း ႐ုပ္သိမ္းေတာ့မယ္ လို႔ ေၾကညာ လိုက္တဲ့ အတြက္ အမ်ား က အံ့ၾသ ၾက သလို ဆီးရီးယား သူပုန္ အုပ္စု ကေတာ့ ဒီ ေၾကညာ ခ်က္ကို ႀကိဳဆို လိုက္ပါတယ္။ ႐ုရွ ဟာ ဆီးရီးယား ကို စစ္ေရး အရ ကူညီေနတာ ငါးလ ရွိေနပါၿပီ။

သမၼတ ပူတင္ ရဲ့ တပ္ ႐ုပ္သိမ္းရျခင္း အေၾကာင္းရင္း ရွင္းျပရာ မွာ ဆီးရီးယား အစိုးရ နဲ႔ ပူးေပါင္းၿပီး စစ္ဆင္ေရး ေတြ ျပဳလုပ္ရာ မွာ အၾကမ္းဖက္ အုပ္စုေတြ ရဲ့ ပစ္မွတ္ေတြ ကို ပစ္ခတ္နိုင္ၿပီ ျဖစ္ လို႔ တပ္႐ုပ္ေတာ့မယ့္ အေၾကာင္း၊ ေနာက္ဆက္တြဲ ၿငိမ္းခ်မ္းေရး ျဖစ္စဥ္ ေတြ ကို အေကာင္အထည္ ေဖၚဖို႔ ပဲ က်န္ ပါေတာ့တယ္ လို႔ ေျပာပါတယ္။

႐ုရွ ကာကြယ္ေရး ဝန္ႀကီးကလည္း သူတို႔ရဲ့ ပူးတြဲ စစ္ဆင္မွုေတြ ေၾကာင့္ ဆီးရီးယား ၿမိဳ႕ရြာ ေပါင္း ၄၀၀ ကို ျပန္လည္ သိမ္းပိုက္ နိုင္ခဲ့ေၾကာင္း ေျပာပါတယ္။ တပ္ေတြ ႐ုပ္မယ္ ဆိုေပမဲ့ ေရတပ္နဲ႔ ေလတပ္ အေျခစိုက္ စခန္းေတြ ကိုေတာ့ ထားဦးမယ္ လို႔ ဆိုပါတယ္။

ဆီးရီးယား နိုင္ငံဆိုင္ရာ ကုလသမဂၢ ကိုယ္စားလွယ္ စတက္ဖန္ ဒီ မစ္တူရာ ကေတာ့ မၾကာခင္ မွာ ဆီးရီးယား ၿငိမ္းခ်မ္းေရး ေဆြးေႏြးပြဲ ကိုလည္း ျပန္လည္ စတင္ ေတာ့မွာမို႔ သတိေပး စကား ေျပာရာမွာ အသစ္ ျပန္လည္ က်င္းပမဲ့ ေဆြးေႏြးပြဲ ကို ဖ်က္လို ဖ်က္ဆီး လုပ္ခ်င္သူေတြ က ေတာ့ မထင္မွတ္ တဲ့ လွုပ္ရွားမွု တခုခု နဲ႔ စိတ္ အေႏွာက္အယွက္ ျဖစ္ေအာင္ ႀကိဳးပမ္း ၾကဦးမွာ မို႔ ဒါကိုလည္း အားလုံး ေတြ႕ျမင္ၾက ရမွာပါ လို႔ ေျပာပါတယ္။

သိုသိပ္ရမဲ့ အပိုင္းကေတာ့ စိတ္ထက္သန္မွု နဲ႔ အတူ ေခါင္းေအးေအး ထားၿပီး နိုင္ငံတကာ အသိုင္းအဝိုင္း အေနနဲ႔ ပါ အျပဳသေဘာေဆာင္တဲ့ အမွန္တရား ေပၚေပါက္ ေအာင္ ေစာင့္ၾကည့္ ၾကဖို႔ လည္း ဆိုလိုက္ပါတယ္။

တကယ္ လို႔ ၿငိမ္းခ်မ္းေရး ေဆြးေႏြးပြဲ မေအာင္ျမင္ဘူး ဆိုရင္လည္း တျခား အစားထိုးစရာ အစီအစဥ္ မရွိေတာ့ တဲ့ အတြက္ အခုစစ္ပြဲေတြ ထက္ ဆိုးဝါးတဲ့ စစ္ပြဲေတြ သာ ေပၚေပါက္လာဖို႔ ရွိတဲ့ အေၾကာင္း ဆီးရီးယား နိုင္ငံဆိုင္ရာ ကုလသမဂၢ ကိုယ္စားလွယ္ စတက္ဖန္ ဒီ မစ္တူရာ သတိေပး စကား ကို ေျပာပါတယ္။

BBC Burmese
http://www.bbc.com/burmese
......................
  ရုရှသမ္မတ ပူတင်
ရုရှ သမ္မတ ပူတင် က ဆီးရီးယား မှာ အကြမ်းဖက် အုပ်စုတွေ ကို တိုက်ခိုက် နှိမ်နင်းမှု ကို ရပ်ဆိုင်းပြီး၊ ရုရှ တပ်တွေ ကိုလည်း ရုပ်သိမ်းတော့မယ် လို့ ကြေညာ လိုက်တဲ့ အတွက် အများ က အံ့သြ ကြ သလို ဆီးရီးယား သူပုန် အုပ်စု ကတော့ ဒီ ကြေညာ ချက်ကို ကြိုဆို လိုက်ပါတယ်။ ရုရှ ဟာ ဆီးရီးယား ကို စစ်ရေး အရ ကူညီနေတာ ငါးလ ရှိနေပါပြီ။

သမ္မတ ပူတင် ရဲ့ တပ် ရုပ်သိမ်းရခြင်း အကြောင်းရင်း ရှင်းပြရာ မှာ ဆီးရီးယား အစိုးရ နဲ့ ပူးပေါင်းပြီး စစ်ဆင်ရေး တွေ ပြုလုပ်ရာ မှာ အကြမ်းဖက် အုပ်စုတွေ ရဲ့ ပစ်မှတ်တွေ ကို ပစ်ခတ်နိုင်ပြီ ဖြစ် လို့ တပ်ရုပ်တော့မယ့် အကြောင်း၊ နောက်ဆက်တွဲ ငြိမ်းချမ်းရေး ဖြစ်စဉ် တွေ ကို အကောင်အထည် ဖေါ်ဖို့ ပဲ ကျန် ပါတော့တယ် လို့ ပြောပါတယ်။

ရုရှ ကာကွယ်ရေး ဝန်ကြီးကလည်း သူတို့ရဲ့ ပူးတွဲ စစ်ဆင်မှုတွေ ကြောင့် ဆီးရီးယား မြို့ရွာ ပေါင်း ၄၀၀ ကို ပြန်လည် သိမ်းပိုက် နိုင်ခဲ့ကြောင်း ပြောပါတယ်။ တပ်တွေ ရုပ်မယ် ဆိုပေမဲ့ ရေတပ်နဲ့ လေတပ် အခြေစိုက် စခန်းတွေ ကိုတော့ ထားဦးမယ် လို့ ဆိုပါတယ်။

ဆီးရီးယား နိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ကိုယ်စားလှယ် စတက်ဖန် ဒီ မစ်တူရာ ကတော့ မကြာခင် မှာ ဆီးရီးယား ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကိုလည်း ပြန်လည် စတင် တော့မှာမို့ သတိပေး စကား ပြောရာမှာ အသစ် ပြန်လည် ကျင်းပမဲ့ ဆွေးနွေးပွဲ ကို ဖျက်လို ဖျက်ဆီး လုပ်ချင်သူတွေ က တော့ မထင်မှတ် တဲ့ လှုပ်ရှားမှု တခုခု နဲ့ စိတ် အနှောက်အယှက် ဖြစ်အောင် ကြိုးပမ်း ကြဦးမှာ မို့ ဒါကိုလည်း အားလုံး တွေ့မြင်ကြ ရမှာပါ လို့ ပြောပါတယ်။

သိုသိပ်ရမဲ့ အပိုင်းကတော့ စိတ်ထက်သန်မှု နဲ့ အတူ ခေါင်းအေးအေး ထားပြီး နိုင်ငံတကာ အသိုင်းအဝိုင်း အနေနဲ့ ပါ အပြုသဘောဆောင်တဲ့ အမှန်တရား ပေါ်ပေါက် အောင် စောင့်ကြည့် ကြဖို့ လည်း ဆိုလိုက်ပါတယ်။

တကယ် လို့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ မအောင်မြင်ဘူး ဆိုရင်လည်း တခြား အစားထိုးစရာ အစီအစဉ် မရှိတော့ တဲ့ အတွက် အခုစစ်ပွဲတွေ ထက် ဆိုးဝါးတဲ့ စစ်ပွဲတွေ သာ ပေါ်ပေါက်လာဖို့ ရှိတဲ့ အကြောင်း ဆီးရီးယား နိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ကိုယ်စားလှယ် စတက်ဖန် ဒီ မစ်တူရာ သတိပေး စကား ကို ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment