မုဒိမ္းက်င့္တဲ့အေဖကို သမီးက မီး႐ႈိ႕သတ္


အိပ္ေဆးေတြတုိက္ၿပီး မီး႐ႈိ႕ခဲ့တယ္လို႔ သိရပါတယ္။

ဖခင္ကို မီး႐ႈိ႕သတ္မႈနဲ႔ ပါကစၥတန္ အမ်ိဳးသမီးတစ္ဦးကို ရဲတပ္ဖြဲ႔က ဖမ္းဆီးထားတယ္လို႔ သိရပါတယ္။
သူမရဲ႕ အဆိုအရေတာ့ ဖခင္ျဖစ္သူက သူမရဲ႕ အစ္မနဲ႔ ညီမကိုပါ အဓမၼက်င့္ၿပီး သူမကိုပါ အဓမၼက်င့္ဖုိ႔ ႀကိဳးစားခဲ့လို႔ ခုလိုလုပ္ရတာျဖစ္တယ္လို႔ ဝန္ခံထားပါတယ္။ ကရာခ်ီၿမိဳ႕၊ ပီရာဘတ္မွာ ေနထိုင္တဲ့ အဆုိပါအမ်ိဳးသမီးဟာ သူမရဲ႕ ဖခင္ကို မီး႐ႈိ႕သတ္ဖို႔ ႀကိဳတင္ၾကံစည္ခဲ့တယ္လို႔လည္း ေျပာပါတယ္။
သူမကို အဓမၼက်င့္ဖုိ႔ ခ်ဥ္းကပ္တာခံရၿပီးကတည္းက မီး႐ႈိ႕သတ္ဖုိ႔ ၾကံစည္ခဲ့ၿပီးေနာက္ အိပ္ေဆးေတြတုိက္ၿပီး မီး႐ႈိ႕ခဲ့တယ္လို႔ သိရပါတယ္။ မီး႐ႈိ႕ခံရတဲ့ ဖခင္ကေတာ့ မီးေလာင္ဒဏ္ရာေတြနဲ႔ပဲ ေသဆံုးသြားခဲ့ပါၿပီ။
Source : Independent
http://www.duwun.com.mm/news/-id4829513.html
...................
မုဒိမ်းကျင့်တဲ့အဖေကို သမီးက မီးရှို့သတ်


အိပ်ဆေးတွေတိုက်ပြီး မီးရှို့ခဲ့တယ်လို့ သိရပါတယ်။

ဖခင်ကို မီးရှို့သတ်မှုနဲ့ ပါကစ္စတန် အမျိုးသမီးတစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားတယ်လို့ သိရပါတယ်။
သူမရဲ့ အဆိုအရတော့ ဖခင်ဖြစ်သူက သူမရဲ့ အစ်မနဲ့ ညီမကိုပါ အဓမ္မကျင့်ပြီး သူမကိုပါ အဓမ္မကျင့်ဖို့ ကြိုးစားခဲ့လို့ ခုလိုလုပ်ရတာဖြစ်တယ်လို့ ဝန်ခံထားပါတယ်။ ကရာချီမြို့၊ ပီရာဘတ်မှာ နေထိုင်တဲ့ အဆိုပါအမျိုးသမီးဟာ သူမရဲ့ ဖခင်ကို မီးရှို့သတ်ဖို့ ကြိုတင်ကြံစည်ခဲ့တယ်လို့လည်း ပြောပါတယ်။
သူမကို အဓမ္မကျင့်ဖို့ ချဉ်းကပ်တာခံရပြီးကတည်းက မီးရှို့သတ်ဖို့ ကြံစည်ခဲ့ပြီးနောက် အိပ်ဆေးတွေတိုက်ပြီး မီးရှို့ခဲ့တယ်လို့ သိရပါတယ်။ မီးရှို့ခံရတဲ့ ဖခင်ကတော့ မီးလောင်ဒဏ်ရာတွေနဲ့ပဲ သေဆုံးသွားခဲ့ပါပြီ။
Source : Independent
http://www.duwun.com.mm/news/-id4829513.html


Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment