အီရတ္စစ္ဘက္က ISIS ထိပ္တန္းေခါင္းေဆာင္ ရွီရွာနီ ၏ အေလာင္းကုိ ေတြ႕ရွိ



ဘဂၢဒက္ ၊ ၂၂-၃-၂၀၁၆

အီရတ္စစ္ဘက္ တပ္ဖဲြ႕ဝင္ မ်ားသည္ ရာမာဒီၿမိဳ႕ အေရွ႕ဘက္ရွိ အယ္လ္ဘူအိုေဘး အရပ္၌ နယ္ေျမ ရွင္းလင္းေရး လုပ္ငန္းမ်ား ေဆာင္ရြက္စဥ္ ISIS စစ္ေသြးၾကြ အဖဲြ႕၏ ထိပ္တန္း ေခါင္းေဆာင္ တစ္ဦး ျဖစ္သည့္ အဘူအိုမာ 
ရွီရွာနီ ၏ အေလာင္းကို ေတြ႕ရွိခဲ့ေၾကာင္း ေဒသတြင္း သတင္းဌာနက မတ္ ၂၁ ရက္တြင္ ေဖာ္ျပထားသည္။

စစ္ဆင္ေရး နယ္ပယ္တြင္ အိုမာ ဟု လူသိမ်ားေသာ ရွီရွာနီ သည္ မတ္ ၄ ရက္က လုပ္ေဆာင္ခဲ့ေသာ အေမရိကန္ ဦးေဆာင္သည့္ ၫြန္႔ေပါင္း တပ္ဖဲြ႕၏ ေလေၾကာင္း တိုက္ခိုက္မႈ အတြင္း ဒဏ္ရာ ျပင္းထန္စြာ ရရွိကာ အဆိုပါ
ဒဏ္ရာျဖင့္ ေသဆံုး သြားေၾကာင္း ပင္တဂြန္ စစ္ဌာနခ်ဳပ္ က ၿပီးခဲ့သည့္ ရက္သတၱပတ္ တြင္ အတည္ျပဳ ေျပာၾကား ထားသည္။

သို႔ေသာ္ ရွီရွာနီသ ည္ ေသဆံုးျခင္း မရွိသည့္ အျပင္ မည္သည့္ ဒဏ္ရာမွ်ပင္ ရရွိျခင္း မရွိဟု ISIS စစ္ေသြးၾကြ အဖဲြ႕ကို ေထာက္ပံ့ေသာ သတင္းဌာနက ထုတ္ျပန္ ခဲ့ေၾကာင္း သိရသည္။

အယ္လ္ဘူအိုေဘး နယ္ေျမ ရွင္းလင္းေရး စစ္ဆင္ေရးတြင္ ISIS စစ္ေသြးၾကြ အၾကမ္းဖက္ အဖဲြ႕ဝင္မ်ား၏ အေလာင္း ၁ဝ ေလာင္းကို ေတြ႕ရွိ ခဲ့ေၾကာင္း၊ ယင္းတို႔အနက္ အေလာင္း တစ္ခုသည္ ISIS စစ္ေသြးၾကြ အဖြဲ႕ ထိပ္တန္း ေခါင္းေဆာင္ ရွီရွာနီ ၏ အေလာင္း ျဖစ္သည္ဟု အီရတ္ စစ္ဘက္ အရာရွိ၏ ေျပာၾကားမႈကို ကိုးကား၍ alsumaria TV သတင္းဌာနက ေဖာ္ျပ ထားေၾကာင္း သိရသည္။

http://www.pyichitthar.com/2016/03/isis_22.html

‪#‎PyiChitThar‬

....................................................

အီရတ်စစ်ဘက်က ISIS ထိပ်တန်းခေါင်းဆောင် ရှီရှာနီ ၏ အလောင်းကို တွေ့ရှိ

ဘဂ္ဂဒက် ၊ ၂၂-၃-၂၀၁၆

အီရတ်စစ်ဘက် တပ်ဖွဲ့ဝင် များသည် ရာမာဒီမြို့ အရှေ့ဘက်ရှိ အယ်လ်ဘူအိုဘေး အရပ်၌ နယ်မြေ ရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်စဉ် ISIS စစ်သွေးကြွ အဖွဲ့၏ ထိပ်တန်း ခေါင်းဆောင် တစ်ဦး ဖြစ်သည့် အဘူအိုမာ 
ရှီရှာနီ ၏ အလောင်းကို တွေ့ရှိခဲ့ကြောင်း ဒေသတွင်း သတင်းဌာနက မတ် ၂၁ ရက်တွင် ဖော်ပြထားသည်။

စစ်ဆင်ရေး နယ်ပယ်တွင် အိုမာ ဟု လူသိများသော ရှီရှာနီ သည် မတ် ၄ ရက်က လုပ်ဆောင်ခဲ့သော အမေရိကန် ဦးဆောင်သည့် ညွန့်ပေါင်း တပ်ဖွဲ့၏ လေကြောင်း တိုက်ခိုက်မှု အတွင်း ဒဏ်ရာ ပြင်းထန်စွာ ရရှိကာ အဆိုပါ
ဒဏ်ရာဖြင့် သေဆုံး သွားကြောင်း ပင်တဂွန် စစ်ဌာနချုပ် က ပြီးခဲ့သည့် ရက်သတ္တပတ် တွင် အတည်ပြု ပြောကြား ထားသည်။

သို့သော် ရှီရှာနီသ ည် သေဆုံးခြင်း မရှိသည့် အပြင် မည်သည့် ဒဏ်ရာမျှပင် ရရှိခြင်း မရှိဟု ISIS စစ်သွေးကြွ အဖွဲ့ကို ထောက်ပံ့သော သတင်းဌာနက ထုတ်ပြန် ခဲ့ကြောင်း သိရသည်။

အယ်လ်ဘူအိုဘေး နယ်မြေ ရှင်းလင်းရေး စစ်ဆင်ရေးတွင် ISIS စစ်သွေးကြွ အကြမ်းဖက် အဖွဲ့ဝင်များ၏ အလောင်း ၁ဝ လောင်းကို တွေ့ရှိ ခဲ့ကြောင်း၊ ယင်းတို့အနက် အလောင်း တစ်ခုသည် ISIS စစ်သွေးကြွ အဖွဲ့ ထိပ်တန်း ခေါင်းဆောင် ရှီရှာနီ ၏ အလောင်း ဖြစ်သည်ဟု အီရတ် စစ်ဘက် အရာရှိ၏ ပြောကြားမှုကို ကိုးကား၍ alsumaria TV သတင်းဌာနက ဖော်ပြ ထားကြောင်း သိရသည်။

http://www.pyichitthar.com/2016/03/isis_22.html

‪#‎PyiChitThar‬
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment