ISIS အဖဲြ႕ႏွင့္ ဆက္ႏႊယ္သူ ၁၃ ဦးကုိ မေလးရွားဖမ္းဆီး



ကြာလာလမ္ပူ ၊ ၂၅-၃-၂၀၁၆

မေလးရွား လံုၿခံဳေရးတာဝန္ရွိ သူမ်ားသည္ ISIS အၾကမ္းဖက္ အဖဲြ႕ႏွင့္ ဆက္ႏႊယ္ဖြယ္ ရွိသည့္ အၾကမ္းဖက္ သမား ၁၃ ဦးကို ဖမ္းဆီး ႏုိင္ခဲ့ေၾကာင္း မေလးရွား ရဲတပ္ဖဲြ႕ေထာက္လွမ္းေရး အရာရွိခ်ဳပ္ က မတ္ ၂၄ ရက္တြင္ ေျပာၾကားသည္။

မူဆလင္လူမ်ဳိးစု အမ်ားဆံုး ေနထိုင္ရာ မေလးရွား ႏုိင္ငံ၌ မတ္ ၂၃ ရက္က ေနာက္ဆံုး ျပဳလုပ္ခဲ့ေသာ အၾကမ္းဖက္မႈ တန္ျပန္ တိုက္ခိုက္ေရး စစ္ဆင္ေရးတြင္ အဆုိပါ အၾကမ္းဖက္ သမား ၁၃ ဦးကို ဖမ္းဆီးႏုိင္ခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ စစ္ဆင္ေရး အတြင္း မေလးရွား ရဲတပ္ဖဲြ႕သည္ ISIS အၾကမ္းဖက္ အဖဲြ႕ႏွင့္ ဆက္ႏႊယ္သည့္ စာရြက္စာတမ္း မ်ားကိုလည္း သိမ္းဆည္း ရမိခဲ့ေၾကာင္း ရဲတပ္ဖဲြ႕ေထာက္လွမ္းေရး အရာရွိခ်ဳပ္ ခါလစ္ အဘူေဘကာ က ေျပာၾကားသည္။

ဘရပ္ဆဲလ္ၿမိဳ႕ တြင္ ဗံုးေပါက္ကဲြမႈမ်ား ျဖစ္ပြားၿပီးေနာက္ အၾကမ္းဖက္မႈႏွင့္ စပ္လ်ဥ္းသည့္ သတင္း အနည္းငယ္ ရ႐ံုမွ်ျဖင့္ တန္ျပန္ အၾကမ္းဖက္မႈ လုပ္ငန္းမ်ားကို ေဆာင္ရြက္ခဲ့ျခင္း ျဖစ္ေၾကာင္းႏွင့္ အမွန္တကယ္ အၾကမ္း ဖက္ တိုက္ခိုက္မႈ ျဖစ္ေပၚလာမည့္ အခ်ိန္ကို ေစာင့္ဆိုင္းေနမည္ မဟုတ္ေၾကာင္း ခါလစ္ က The Star သတင္းစာႏွင့္ ေတြ႕ဆံု ေမးျမန္းခန္း ၌ ေျပာၾကား ထားသည္။

မေလးရွား ႏုိင္ငံသည္ ဇန္နဝါရီ ၁၄ ရက္က အင္ဒိုနီးရွားႏုိင္ငံ ဂ်ကာတာၿမိဳ႕ တြင္ ျဖစ္ပြားခဲ့ေသာ ISIS အၾကမ္းဖက္ အဖဲြ႕က လုပ္ေဆာင္သည့္ အၾကမ္းဖက္ တိုက္ခိုက္မႈ ၿပီးေနာက္ လံုၿခံဳေရး အေျခအေန မ်ားကို တုိးျမႇင့္ထားျခင္း ျဖစ္ေၾကာင္း သိရသည္။

PyiChitThar
http://www.pyichitthar.com
...........


ကွာလာလမ်ပူ ၊ ၂၅-၃-၂၀၁၆

မလေးရှား လုံခြုံရေးတာဝန်ရှိ သူများသည် ISIS အကြမ်းဖက် အဖွဲ့နှင့် ဆက်နွှယ်ဖွယ် ရှိသည့် အကြမ်းဖက် သမား ၁၃ ဦးကို ဖမ်းဆီး နိုင်ခဲ့ကြောင်း မလေးရှား ရဲတပ်ဖွဲ့ထောက်လှမ်းရေး အရာရှိချုပ် က မတ် ၂၄ ရက်တွင် ပြောကြားသည်။

မူဆလင်လူမျိုးစု အများဆုံး နေထိုင်ရာ မလေးရှား နိုင်ငံ၌ မတ် ၂၃ ရက်က နောက်ဆုံး ပြုလုပ်ခဲ့သော အကြမ်းဖက်မှု တန်ပြန် တိုက်ခိုက်ရေး စစ်ဆင်ရေးတွင် အဆိုပါ အကြမ်းဖက် သမား ၁၃ ဦးကို ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ စစ်ဆင်ရေး အတွင်း မလေးရှား ရဲတပ်ဖွဲ့သည် ISIS အကြမ်းဖက် အဖွဲ့နှင့် ဆက်နွှယ်သည့် စာရွက်စာတမ်း များကိုလည်း သိမ်းဆည်း ရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထောက်လှမ်းရေး အရာရှိချုပ် ခါလစ် အဘူဘေကာ က ပြောကြားသည်။

ဘရပ်ဆဲလ်မြို့ တွင် ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားပြီးနောက် အကြမ်းဖက်မှုနှင့် စပ်လျဉ်းသည့် သတင်း အနည်းငယ် ရရုံမျှဖြင့် တန်ပြန် အကြမ်းဖက်မှု လုပ်ငန်းများကို ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် အမှန်တကယ် အကြမ်း ဖက် တိုက်ခိုက်မှု ဖြစ်ပေါ်လာမည့် အချိန်ကို စောင့်ဆိုင်းနေမည် မဟုတ်ကြောင်း ခါလစ် က The Star သတင်းစာနှင့် တွေ့ဆုံ မေးမြန်းခန်း ၌ ပြောကြား ထားသည်။

မလေးရှား နိုင်ငံသည် ဇန်နဝါရီ ၁၄ ရက်က အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ တွင် ဖြစ်ပွားခဲ့သော ISIS အကြမ်းဖက် အဖွဲ့က လုပ်ဆောင်သည့် အကြမ်းဖက် တိုက်ခိုက်မှု ပြီးနောက် လုံခြံုရေး အခြေအနေ များကို တိုးမြှင့်ထားခြင်း ဖြစ်ကြောင်း သိရသည်။

PyiChitThar
http://www.pyichitthar.com
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment