ကမာၻလံုးဆိုင္ရာ ဆရာ ဆုကို ပါလက္စတိုင္း ႏိုင္ငံသား ဆရာမ ရရွိ

ကမာၻလံုးဆိုင္ရာ ဆရာ ဆု ၂၀၁၆ ရရွိသူ Hanan Al-Hroub (ဓာတ္ပံု- Global Teacher Prize)
    ရာမာလာ၊ မတ္ ၁၄ ရက္ (ဆင္ဟြာ)

    ကမာၻလံုးဆိုင္ရာ ဆရာ ဆု ၂၀၁၆ (Global Teacher prize  2016) ကို မတ္လ ၁၃ ရက္က ပါလက္စတိုင္း ႏိုင္ငံသား ေက်ာင္းဆရာမတစ္ဦးက ရရွိခဲ႔ၿပီး ဆုေၾကးေငြ အေမရိကန္ ေဒၚလာ ၁ သန္း ခ်ီးျမႇင့္ခံရေၾကာင္း သိရ သည္။

ဘီတယ္လ္ဟမ္ၿမိဳ႕အနီးရွိ ဒုကၡသည္ စခန္းတစ္ခုတြင္ ေနထိုင္ၿပီး အၾကမ္းဖက္မႈ လုပ္ရပ္မ်ားအား ေဖာ္ထုတ္ ေလ့ရွိသည့္ အသက္ ၄၃ ႏွစ္အရြယ္ Hanan Al-Hroub သည္ ကုန္းတြင္းပိတ္ နယ္ေျမ အေနာက္ ဘက္ကမ္းေဒ သရွိ ရာမာလာ (Ramallah) ၿမိဳ႕အနီး၊ Al-Bireh ၿမိဳ႕မွ Samiha Khali အထက္တန္း ေက်ာင္းတစ္ခု၌ တာဝန္ ထမ္းေဆာင္ေနသူ တစ္ဦး ျဖစ္သည္။

ကမာၻလံုးဆိုင္ရာ ဆရာဆု ၂၀၁၆ ကို Varkey Foundation က ကမာၻတစ္ဝန္းရွိ ေက်ာင္းဆရာမ်ားထဲမွ ေရြးခ်ယ္ကာ ေပးအပ္ ခ်ီးျမႇင့္ျခင္း ျဖစ္ၿပီး ေနာက္ဆံုး ဆန္ကာတင္ ၁၀ ဦးထဲမွ Al-Hroub ကို ေရြးခ်ယ္ ခ်ီးျမႇင့္လိုက္ ျခင္း ျဖစ္ေၾကာင္း သိရသည္။

ဒူဘိုင္းႏိုင္ငံ ကမာၻ႕ ပညာေရးႏွင့္ စြမ္းရည္ ညီလာခံ၌ ထိုဆုေပးပြဲ အခမ္းအနား ျပဳလုပ္ျခင္း ျဖစ္သည္။“အမ်ိဳးသမီး ဆရာမ တစ္ဦးအေနနဲ႔ ဒီေနရာမွာ ရွိေနရတဲ႔အတြက္ ကၽြန္မ ဂုဏ္ယူပါတယ္၊ ဒီဆုကို ဆရာမ်ား အားလံုးနဲ႔ ပါလက္စတိုင္းက ဆရာမ်ားအတြက္ ကၽြန္မ လက္ခံျခင္း ျဖစ္ပါတယ္” ဟု Al-Hroub က သတင္း ေထာက္မ်ားအား ေျပာသည္။

Al-Hroub သည္ ၎၏ ကေလးမ်ား ေက်ာင္းမွ အိမ္သို႔ အျပန္လမ္း၌ ေသနတ္ပစ္ခတ္ခံရမႈေၾကာင့္ နာက်င္စြာ ခံစားခဲ႔ရၿပီးေနာက္ မူလတန္းပညာေရးသို႔ ဝင္ေရာက္လာခဲ႔ၿပီး အၾကမ္းဖက္မႈေၾကာင့္ ကေလးငယ္မ်ား ခံစားရ သည့္ စိတ္ဒဏ္ရာမ်ားအား အထူး ပံ့ပိုးမႈမ်ား လုပ္ေဆာင္ခဲ႔သည္။

လူမႈ အသိုင္းအဝိုင္းအတြင္း ေက်ာင္းဆရာမ်ား၏ အေရးပါေသာ အခန္းက႑အား ထင္ဟပ္ျပႏိုင္သလို ထူးခၽြန္ စြာ လုပ္ေဆာင္ႏိုင္ခဲ႔သည့္အတြက္ ထူးျခားေသာ ဆရာမ တစ္ဦးအျဖစ္ Al-Hroub အား Varkey Foundation က ကမာၻလံုးဆိုင္ရာ ဆရာ ဆုအျဖစ္ ေရြးခ်ယ္လိုက္ျခင္း ျဖစ္သည္။

Varkey Foundation သည္ ကမာၻတစ္ဝန္းရွိ ဆင္းရဲခ်ိဳ႕တဲ႔သည့္ ကေလးသူငယ္မ်ား၏ ပညာေရးက႑ တိုး တက္ေရးအတြက္ လုပ္ေဆာင္ေနသည့္ အက်ိဳးအျမတ္မယူေသာ ႏိုင္ငံတကာအဖြဲ႕အစည္းတစ္ခု ျဖစ္သည္။
(Xinhua)
http://www.xinhuamyanmar.com

.....................................


ကမ္ဘာလုံးဆိုင်ရာ ဆရာ ဆု ၂၀၁၆ ရရှိသူ Hanan Al-Hroub (ဓာတ်ပုံ- Global Teacher Prize)
    ရာမာလာ၊ မတ် ၁၄ ရက် (ဆင်ဟွာ)

    ကမ္ဘာလုံးဆိုင်ရာ ဆရာ ဆု ၂၀၁၆ (Global Teacher prize  2016) ကို မတ်လ ၁၃ ရက်က ပါလက်စတိုင်း နိုင်ငံသား ကျောင်းဆရာမတစ်ဦးက ရရှိခဲ့ပြီး ဆုကြေးငွေ အမေရိကန် ဒေါ်လာ ၁ သန်း ချီးမြှင့်ခံရကြောင်း သိရ သည်။

ဘီတယ်လ်ဟမ်မြို့အနီးရှိ ဒုက္ခသည် စခန်းတစ်ခုတွင် နေထိုင်ပြီး အကြမ်းဖက်မှု လုပ်ရပ်များအား ဖော်ထုတ် လေ့ရှိသည့် အသက် ၄၃ နှစ်အရွယ် Hanan Al-Hroub သည် ကုန်းတွင်းပိတ် နယ်မြေ အနောက် ဘက်ကမ်းဒေ သရှိ ရာမာလာ (Ramallah) မြို့အနီး၊ Al-Bireh မြို့မှ Samiha Khali အထက်တန်း ကျောင်းတစ်ခု၌ တာဝန် ထမ်းဆောင်နေသူ တစ်ဦး ဖြစ်သည်။

ကမ္ဘာလုံးဆိုင်ရာ ဆရာဆု ၂၀၁၆ ကို Varkey Foundation က ကမ္ဘာတစ်ဝန်းရှိ ကျောင်းဆရာများထဲမှ ရွေးချယ်ကာ ပေးအပ် ချီးမြှင့်ခြင်း ဖြစ်ပြီး နောက်ဆုံး ဆန်ကာတင် ၁၀ ဦးထဲမှ Al-Hroub ကို ရွေးချယ် ချီးမြှင့်လိုက် ခြင်း ဖြစ်ကြောင်း သိရသည်။

ဒူဘိုင်းနိုင်ငံ ကမ္ဘာ့ ပညာရေးနှင့် စွမ်းရည် ညီလာခံ၌ ထိုဆုပေးပွဲ အခမ်းအနား ပြုလုပ်ခြင်း ဖြစ်သည်။“အမျိုးသမီး ဆရာမ တစ်ဦးအနေနဲ့ ဒီနေရာမှာ ရှိနေရတဲ့အတွက် ကျွန်မ ဂုဏ်ယူပါတယ်၊ ဒီဆုကို ဆရာများ အားလုံးနဲ့ ပါလက်စတိုင်းက ဆရာများအတွက် ကျွန်မ လက်ခံခြင်း ဖြစ်ပါတယ်” ဟု Al-Hroub က သတင်း ထောက်များအား ပြောသည်။

Al-Hroub သည် ၎င်း၏ ကလေးများ ကျောင်းမှ အိမ်သို့ အပြန်လမ်း၌ သေနတ်ပစ်ခတ်ခံရမှုကြောင့် နာကျင်စွာ ခံစားခဲ့ရပြီးနောက် မူလတန်းပညာရေးသို့ ဝင်ရောက်လာခဲ့ပြီး အကြမ်းဖက်မှုကြောင့် ကလေးငယ်များ ခံစားရ သည့် စိတ်ဒဏ်ရာများအား အထူး ပံ့ပိုးမှုများ လုပ်ဆောင်ခဲ့သည်။

လူမှု အသိုင်းအဝိုင်းအတွင်း ကျောင်းဆရာများ၏ အရေးပါသော အခန်းကဏ္ဍအား ထင်ဟပ်ပြနိုင်သလို ထူးချွန် စွာ လုပ်ဆောင်နိုင်ခဲ့သည့်အတွက် ထူးခြားသော ဆရာမ တစ်ဦးအဖြစ် Al-Hroub အား Varkey Foundation က ကမ္ဘာလုံးဆိုင်ရာ ဆရာ ဆုအဖြစ် ရွေးချယ်လိုက်ခြင်း ဖြစ်သည်။

Varkey Foundation သည် ကမ္ဘာတစ်ဝန်းရှိ ဆင်းရဲချို့တဲ့သည့် ကလေးသူငယ်များ၏ ပညာရေးကဏ္ဍ တိုး တက်ရေးအတွက် လုပ်ဆောင်နေသည့် အကျိုးအမြတ်မယူသော နိုင်ငံတကာအဖွဲ့အစည်းတစ်ခု ဖြစ်သည်။
(Xinhua)
http://www.xinhuamyanmar.com
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment