ထိုင္းႏိုင္ငံေရာက္ ျမန္မာေရႊ႕ေျပာင္းလုပ္သားမ်ား အလုပ္သမားအခြင့္အေရး ခိ်ဳးေဖာက္ခံရမႈ အမ်ားဆံုးျဖစ္ေန


 ထိုင္းႏိုင္ငံေရာက္ ေရႊ႕ေျပာင္းျမန္မာ အလုပ္သမားမ်ားတြင္ ႏွစ္ႏိုင္ငံ သေဘာတူ စာခ်ဳပ္မ်ားျဖင့္ သြားေရာက္အလုပ္လုပ္ကိုင္ေနသည့္ ျမန္မာလုပ္သားမ်ားမွာ အလုပ္သမား အခြင့္အေရး ခိ်ဳးေဖာက္ခံရမႈမ်ားရွိေန
ေၾကာင္းထိုင္းေရာက္ ေရႊ႕ေျပာင္းျမန္မာအခြင့္အေရး ကြန္ရက္မွ သိရွိရသည္။

ထိုင္းလုပ္ငန္းရွင္အမ်ားစုသည္ စာခ်ဳပ္ထဲတြင္ ပါဝင္ထားသည့္ အလုပ္သမားအခြင့္အေရးမ်ားကို လိုက္နာမႈ မရွိဘဲ ခိ်ဳးေဖာက္ေနေၾကာင္း သိရသည္။

"အဓိက ျပသ၁နာက လုပ္ငန္းခြင္မွာ ထိခိုက္ဒဏ္ရာ ရတာေတြရွိခဲ႔ရင္ ေလ်ာ္ေၾကးေငြမေပးတာေတြ၊ ေဆးရုံေဆး ခန္းေတြမွာ ေဆးကုသခြင့္ မေပးတာေတြကလည္း ဒီထိုင္းႏိုင္ငံထဲမွာ ထုနဲ႔ထည္အမ်ားႀကီးရွိပါတယ္။ အလုပ္သမားေတြ ကိုယ္တိုင္က ကြ်န္ေတာ္တို႔အဖြဲ႔အစည္းကို တိုင္တန္းလာခဲ႔ရင္ ထိုင္းလုပ္ငန္းရွင္ေတြ
ကို ထိထိေရာက္ေရာက္ အေရးယူေဆာင္ရြက္သြားမွာပါ" ဟု ထိုင္းေရာက္ေရႊ႕ေျပာင္း ျမန္မာအခြင့္အေရးကြန္ရက္မွ မႈခင္းတာဝန္ခံ ကိုေဇာ္က ေျပာသည္။

ျမန္မာႏိုင္ငံမွ တရားဝင္အလုပ္လုပ္ကိုင္ခြင့္ျဖင့္ ထိုင္းႏိုင္ငံသို႔ သြားေရာက္အလုပ္လုပ္ကိုင္ေနသည့္ ေရႊ႕ေျပာင္း ျမန္မာမ်ားသည္ႏွစ္ႏိုင္ငံလူကုန္ကူးသူမ်ား၏ လိမ္လည္လွည့္ဖ်ားမႈခံေနရၿပီး အလုပ္လုပ္ခြင့္ ဗီဇာအတုမ်ားျဖင့္ လိမ္လည္၍ ထိုင္းႏိုင္ငံဘက္သို႔ ပို႔ေဆာင္ေနမႈမ်ားရွိေနေၾကာင္း ၎က ဆက္ေျပာသည္။

"ကြ်န္မဆိုရင္ MOU စာခ်ဳပ္နဲ႔လာတာပါ။ ဟိုေရာက္ေတာ့ ထိုင္းအလုပ္ရွင္က ဒီစာခ်ဳပ္က အတုလို႔ ေျပာပါတယ္။ ဒါနဲ႔ ကၽြန္မကို ထိုင္းအလုပ္ရွင္က အလုပ္လုပ္ခြင့္ မေပးခဲ႔ပါဘူး။ မလာခင္ကဆိုရင္ အိမ္မွာရွိတဲ့ လယ္ယာေျမေရာင္းလာခဲ႔ရတာပါ။ဆယ္သိန္းေက်ာ္ေလာက္ကုန္ပါတယ္။ ျမန္မာဘက္က ေအးဂ်င့္အေတာ္မ်ားမ်ားက လူလိမ္ေတြ မ်ားပါတယ္"ဟု ထိုင္းႏိုင္ငံ တာ့ခ္ခရိုင္၊ မဲေဆာက္ၿမိဳ႕တြင္ စားပြဲထိုးအလုပ္ လုပ္ကိုင္ေနသည့္ မေအးေအးက ေျပာသည္။

ထိုင္းႏိုင္ငံတြင္ တရားဝင္ဗီဇာျဖင့္ေန ထိုင္သူ ေရႊ႕ေျပာင္းျမန္မာေလးသန္းေက်ာ္ ရွိသည့္အနက္ တစ္သန္းေက်ာ္မွာအလုပ္သမား အခြင့္အေရး ခိ်ဳးေဖာက္ခံေနရေႀကာင္း ထိုင္းေရာက္ ေရႊ႕ေျပာင္းျမန္မာမ်ားထံမွ သိရသည္။

သတင္း - MMK
Photo - theguardian
The Ladies News
https://www.facebook.com/News.TheLadies

...........................................


 ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းမြန်မာ အလုပ်သမားများတွင် နှစ်နိုင်ငံ သဘောတူ စာချုပ်များဖြင့် သွားရောက်အလုပ်လုပ်ကိုင်နေသည့် မြန်မာလုပ်သားများမှာ အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံရမှုများရှိနေ
ကြောင်းထိုင်းရောက် ရွှေ့ပြောင်းမြန်မာအခွင့်အရေး ကွန်ရက်မှ သိရှိရသည်။

ထိုင်းလုပ်ငန်းရှင်အများစုသည် စာချုပ်ထဲတွင် ပါဝင်ထားသည့် အလုပ်သမားအခွင့်အရေးများကို လိုက်နာမှု မရှိဘဲ ချိုးဖောက်နေကြောင်း သိရသည်။

"အဓိက ပြသ၁နာက လုပ်ငန်းခွင်မှာ ထိခိုက်ဒဏ်ရာ ရတာတွေရှိခဲ့ရင် လျော်ကြေးငွေမပေးတာတွေ၊ ဆေးရုံဆေး ခန်းတွေမှာ ဆေးကုသခွင့် မပေးတာတွေကလည်း ဒီထိုင်းနိုင်ငံထဲမှာ ထုနဲ့ထည်အများကြီးရှိပါတယ်။ အလုပ်သမားတွေ ကိုယ်တိုင်က ကျွန်တော်တို့အဖွဲ့အစည်းကို တိုင်တန်းလာခဲ့ရင် ထိုင်းလုပ်ငန်းရှင်တွေ
ကို ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမှာပါ" ဟု ထိုင်းရောက်ရွှေ့ပြောင်း မြန်မာအခွင့်အရေးကွန်ရက်မှ မှုခင်းတာဝန်ခံ ကိုဇော်က ပြောသည်။

မြန်မာနိုင်ငံမှ တရားဝင်အလုပ်လုပ်ကိုင်ခွင့်ဖြင့် ထိုင်းနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်နေသည့် ရွှေ့ပြောင်း မြန်မာများသည်နှစ်နိုင်ငံလူကုန်ကူးသူများ၏ လိမ်လည်လှည့်ဖျားမှုခံနေရပြီး အလုပ်လုပ်ခွင့် ဗီဇာအတုများဖြင့် လိမ်လည်၍ ထိုင်းနိုင်ငံဘက်သို့ ပို့ဆောင်နေမှုများရှိနေကြောင်း ၎င်းက ဆက်ပြောသည်။

"ကျွန်မဆိုရင် MOU စာချုပ်နဲ့လာတာပါ။ ဟိုရောက်တော့ ထိုင်းအလုပ်ရှင်က ဒီစာချုပ်က အတုလို့ ပြောပါတယ်။ ဒါနဲ့ ကျွန်မကို ထိုင်းအလုပ်ရှင်က အလုပ်လုပ်ခွင့် မပေးခဲ့ပါဘူး။ မလာခင်ကဆိုရင် အိမ်မှာရှိတဲ့ လယ်ယာမြေရောင်းလာခဲ့ရတာပါ။ဆယ်သိန်းကျော်လောက်ကုန်ပါတယ်။ မြန်မာဘက်က အေးဂျင့်အတော်များများက လူလိမ်တွေ များပါတယ်"ဟု ထိုင်းနိုင်ငံ တာ့ခ်ခရိုင်၊ မဲဆောက်မြို့တွင် စားပွဲထိုးအလုပ် လုပ်ကိုင်နေသည့် မအေးအေးက ပြောသည်။

ထိုင်းနိုင်ငံတွင် တရားဝင်ဗီဇာဖြင့်နေ ထိုင်သူ ရွှေ့ပြောင်းမြန်မာလေးသန်းကျော် ရှိသည့်အနက် တစ်သန်းကျော်မှာအလုပ်သမား အခွင့်အရေး ချိုးဖောက်ခံနေရကြောင်း ထိုင်းရောက် ရွှေ့ပြောင်းမြန်မာများထံမှ သိရသည်။

သတင်း - MMK
Photo - theguardian
The Ladies News
https://www.facebook.com/News.TheLadies
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment