

တယ်။
ဖြစ်ပါတယ်။

...............................................................

ပလတ်စတစ်မှန်သမျှကိုဖျက်စီးပေးမယ့် ဘက်တီးယီးယားမျိုးစိတ်ကိုသိပ္ပံပညာရှင်များရှာတွေ့
ပလတ်စတစ်မှန်သမျှကိုဖျက်စီးပေးမယ့် ဘက်တီးယီးယားမျိုးစိတ်ကိုသိပ္ပံပညာရှင်များရှာတွေ့
ပလတ်စတစ်ကိုတောင် ကိုက်ဖြတ်စားသောက်နိုင်တဲ့ ဘက်တီးရီးယားမျိုးစိပ်တစ်ခုကို သိပ္ပံပညာရှင်
တွေက တွေ့ရှိခဲ့တယ်လို့ TIME သတင်းစာက ဖော်ပြခဲ့ပါတယ်။ အဲဒီ ဘက်တီးရီးယားတွေဟာ တစ်
ခါသုံး ရေသန့်ပလက်စတစ်ဘူတွေကိုတောင် အစာချေဖြတ်နိုင်စွမ်းရှိပြီးပါတယ်။
ဒီတွေ့ရှိချက်ကြောင့် ကမ္ဘာ့အနှံ့အပြားမှာ နှစ်စဉ် 311 မီလီယံတန်ချိန်ခန့် ထုတ်လုပ်သုံးစွဲမှုတွေရှိတဲ့
အတွက် အဲဒီ ပလက်စတစ်တွေကို ဘယ်လိုဖျက်ဆီးရမလဲဆိုတဲ့ လမ်းစကို မျှော်လင့်လို့ရသွားတဲ့
အခြေအနေတစ်ရပ် ဖြစ်ပါတယ်။ ပလက်စတစ်ပုလင်းတွေမှာ PTE လို့ခေါ်တဲ့ polyethylene
terephalate ပါ၀င်ပြီး ဓာတုချည်မျှင်အထည်တွေ၊ ဆိုဒါပုလင်းတွေနဲ့၊ တင်းနစ်ဘောလုံးတွေမှာ
လည်း PTE ဓာတုဗေဒပါ၀င်ပါတယ်။ PTE ဟာ အလွန်အစွမ်းထက်တဲ့ ဓာတုပစ္စည်းတစ်ခုဖြစ်ပြီး
ယခုအချိန်ထိ အဏုဇီဝပိုးတွေပင်လျှင် မဖျက်ဆီးနိုင်သေးတဲ့ ဓာတ်လို့ သတ်မှတ်ခြင်းခံထားရပါ
တယ်။
ဒီအဓိပ္ပါယ်က ၎င်းဓာတ်ကို ဘယ်ဘက်တီးရီးယားတွေကမှ မဖျက်ဆီးနိုင်ဘူးလို့ ဆိုလိုတာဖြစ်ပါတယ်။
ဒီလို ဓာတုပစ္စည်းတွေပါ၀င်တဲ့ ပလက်စတစ်တွေကို သမုဒ္ဒရာစသည်တို့ထဲမှာအမြောက်အများ စွန့်ပစ်
မှုတွေ ရှိခဲ့လို့ သမုဒ္ဒရာဟာ PTE ဓာတ်များနဲ့ ရေထုညစ်ညမ်းမှုတွေဖြစ်ပြီး ငါးအစရှိတဲ့ သတ္တဝါတွေ
အမြောက်အများ မျိုးသုဉ်းခဲ့ပါတယ်။ သို့သော် ယခုအခါမှာတော့ ဂျပန်နိုင်ငံမှာရှိတဲ့ သုတေသနသိပ္ပံ
ပညာရှင်တွေဟာ အမျိုးအစားသက်မှတ်ထားရခြင်း မရှိသေးတဲ့ ဘက်တီးရီးယားမျိုးစိပ်တစ်ခုကို ရှာဖွေ
တွေ့ရှိခဲ့ပြီး ပလက်စတစ်မှာပါ၀င်တဲ့ PTE နဲ့ အခြားဓာတုဓာတ်များကို ဖြတ်ဆီးနိုင်စွမ်းရှိသလို ပလက်
စတစ်ဟာ ၎င်းတို့ခန္ဓာကိုယ်ထဲမှာအစာကြေညက်နိုင်စွမ်းရှိတာကိုလည်း အံ့သြဖွယ်တွေ့ရှိခဲ့ရတယ်လို့
ပြီးခဲ့တဲ့ သောကြာနေ့က ထုတ်ပြန်ခဲ့ပါတယ်။
စားသုံးခြင်းလုပ်ငန်းစဉ်ကတော့ အလွန်ကြာမြင့်ပြီး PTE ပါ၀င်တဲ့ အပိုင်းအစတစ်ခုကို စားဖို့အချိန်ဟာ
ခြောက်ပတ်လောက်အထိ ကြာမြင့်တယ်လို့ ဆိုပါတယ်။ သို့သော် ဒီတွေ့ရှိချက်ဟာ ပလက်စတစ်ပစ္စည်း
များနဲ့ ပတ်ဝန်းကျင်ညစ်ညမ်းမှု၊ ရေထုညစ်ညမ်းမှုဖြစ်နေတဲ့ ကမ္ဘာကြီးအတွက်တော့ ထွက်ပေါက်တစ်ခုပဲ
ဖြစ်ပါတယ်။
http://www.shwemom.com/scientists-find-bacteria-that-can-eat-plastic-bottles/


Share on Google Plus

About MP4 YoU

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment