ဘရပ္ဆဲမွာ စီးနင္း ရွာေဖြမွုေတြလုပ္

စီးနင္း တိုက္ခိုက္မွုမွာ ျပင္သစ္ရဲေတြ ပါဝင္ခဲ့
ၿပီးခဲ့တဲ့ နိုဝင္ဘာလက ပဲရစ္ၿမိဳ႕မွာ အစၥလာမစ္အစြန္းေရာက္သမားေတြရဲ့ တိုက္ခိုက္ခဲ့မွုနဲ႔ဆက္ႏြယ္ၿပီး တနလၤာ ေန႔က ဘယ္လ္ဂ်ီယံနိုင္ငံ ဘရပ္ဆဲလ္စ္ၿမိဳ႕မွာ ရဲေတြ စီးနင္း ရွာေဖြ တိုက္ခိုက္မွုေတြ လုပ္ေနခ်ိန္မွာပဲ တၿမိဳ႕လုံးကို သတိ အေနအထား တပ္လွန္႔ ထားပါတယ္။

အဲဒီ စီးနင္း ရွာေဖြ တိုက္ခိုက္မွုနဲ႔ ပတ္သက္လို႔ ဘယ္လ္ဂ်ီယမ္ ဝန္ႀကီးခ်ဳပ္ ရွားလ္ မီရွဲလ္ က လုပ္ရိုး လုပ္စဥ္ ဝင္ေရာက္ ရွာေဖြမွု လုပ္စဥ္ ရဲေတြ အတိုက္ခိုက္ခံခဲ့ရတယ္ ဆိုတာကို ခ်က္ခ်င္း အေၾကာင္းၾကား လာပါတယ္။

အဲဒီေနာက္ ေန႔လယ္ခင္းက စလို႔ ရဲေတြ စီးနင္း ဝင္ေရာက္ ခဲ့တာလို႔ ဘယ္လ္ဂ်ီယမ္ ဝန္ႀကီးခ်ဳပ္ က ေျပာသြားပါတယ္။

စီးနင္း ရွာေဖြမွုေတြ အတြင္း ဒဏ္ရာရခဲ့တဲ့ ရဲေတြကိုလည္း ျပည္ထဲေရး ဝန္ႀကီး ကိုယ္တိုင္ သြားေတြ႕ခဲ့တယ္ လို႔ ဆိုပါတယ္။

တနလၤာေန႔ ေန႔လယ္ ေဒသ စံေတာ္ခ်ိန္ ၃ နာရီေလာက္က ဘရပ္ဆဲလ္ၿမိဳ႕ရဲ့ ေတာင္ဘက္ပိုင္း Forest ရပ္ကြက္မွာ ရွိတဲ့ တိုက္ခန္းတခုကို ရဲေတြ ဝင္ေရာက္ ရွာေဖြ ခဲ့ရာမွာ တံခါးနားအေရာက္မွာ အထဲကေန ပစ္ခတ္မွုေတြ လုပ္ခဲ့တာလို႔ သိရပါတယ္။

ရဲ ၃ ဦး ဒဏ္ရာရခဲ့ၿပီး အဲဒီေနာက္မွာ ေတာ့ အျပန္အလွန္ ပစ္ခတ္မွုေတြ အတြင္း ေနာက္ရဲတဦး ဒဏ္ရာရခဲ့ပါတယ္။

အဲဒီစီးနင္း တိုက္ခိုက္မွု မွာ ျပင္သစ္ရဲေတြ လည္း ပါဝင္ခဲ့ၿပီး ဒဏ္ရာရသြားသူ ရဲေတြထဲက တဦး ဟာ ျပင္သစ္ရဲေမ တဦး ျဖစ္တယ္လို႔ သိရပါတယ္။

ေသနတ္ ကိုင္ေဆာင္ထားတဲ့ မသကၤာသူ တဦး ကို ေတာ့ တိုက္ခန္း အျပင္ဘက္မွာ ရဲေတြက အေသပစ္သတ္ ဖမ္းဆီးခဲ့ပါတယ္။

ေသဆုံးသြား သူဟာ ဘယ္သူဘယ္ဝါလဲ ဆိုတာကိုေတာ့ အတိအက် ထုတ္ေဖာ္ ေျပာတာမ်ိဳး မရွိေသးပါဘူး။

ဒါေပမဲ့လည္း အဲဒီလူဟာ ပဲရစ္ၿမိဳ႕ တိုက္ခိုက္မွု အၿပီး ထြက္ေျပး လြတ္ေျမာက္ေနသူ ႏွစ္ဦး ထဲက တဦး ျဖစ္တဲ့ ဆလာ အက္ဘ္ဒက္ဆလဲမ္ မဟုတ္ဘူး ဆိုတာ ကိုေတာ့ ဘယ္လ္ဂ်ီယမ္ အစိုးရ ေရွ႕ေန ေျပာခြင့္ရ ပုဂၢိဳလ္က အေစာပိုင္း တုန္းက အခိုင္အမာ ေျပာသြား ခဲ့ပါတယ္။

စီးနင္း တိုက္ခိုက္မွုက ၿပီးသြားၿပီ ျဖစ္ေပမယ့္ အဲဒီ ရပ္ကြက္မွာရွိတဲ့ ေနာက္ေနရာ တခုမွာ ရွာေဖြ စစ္ေဆးမွုေတြ ပို က်ယ္က်ယ္ျပန္႔ျပန္႔ ဆက္လုပ္ေနတယ္ လို႔ ရဲ သတင္းရပ္ကြက္က ေျပာပါတယ္။

ဒါေပမဲ့ လည္း ေနာက္ထပ္ အေသးစိတ္ ကိုေတာ့ ထုတ္ေဖာ္ မေျပာခဲ့ပါဘူး။

ေလာေလာဆယ္ မွာေတာ့ လမ္းေတြေပၚမွာ လက္နက္ေတြ အျပည့္ ကိုင္ေဆာင္ထားတဲ့ ရဲေတြ လမ္းမေတြ ေပၚမွာ ဆက္ရွိ ေနၿပီး ရဟတ္ယာဥ္ တစင္းလည္း ေဝဟင္မွာ ဝဲပ်ံ ကင္းလွည့္ေနတာ ေတြ႕ရတယ္ လို႔ ဘီဘီစီ သတင္းေထာက္ Anna Holligan က အခင္းျဖစ္ပြားရာ ေနရာကေန သတင္း ေပးပို႔ပါတယ္။

BBC Burmese
http://www.bbc.com/burmese

.................................................


စီးနင်း တိုက်ခိုက်မှုမှာ ပြင်သစ်ရဲတွေ ပါဝင်ခဲ့
ပြီးခဲ့တဲ့ နိုဝင်ဘာလက ပဲရစ်မြို့မှာ အစ္စလာမစ်အစွန်းရောက်သမားတွေရဲ့ တိုက်ခိုက်ခဲ့မှုနဲ့ဆက်နွယ်ပြီး တနင်္လာ နေ့က ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်စ်မြို့မှာ ရဲတွေ စီးနင်း ရှာဖွေ တိုက်ခိုက်မှုတွေ လုပ်နေချိန်မှာပဲ တမြို့လုံးကို သတိ အနေအထား တပ်လှန့် ထားပါတယ်။

အဲဒီ စီးနင်း ရှာဖွေ တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ ဘယ်လ်ဂျီယမ် ဝန်ကြီးချုပ် ရှားလ် မီရှဲလ် က လုပ်ရိုး လုပ်စဉ် ဝင်ရောက် ရှာဖွေမှု လုပ်စဉ် ရဲတွေ အတိုက်ခိုက်ခံခဲ့ရတယ် ဆိုတာကို ချက်ချင်း အကြောင်းကြား လာပါတယ်။

အဲဒီနောက် နေ့လယ်ခင်းက စလို့ ရဲတွေ စီးနင်း ဝင်ရောက် ခဲ့တာလို့ ဘယ်လ်ဂျီယမ် ဝန်ကြီးချုပ် က ပြောသွားပါတယ်။

စီးနင်း ရှာဖွေမှုတွေ အတွင်း ဒဏ်ရာရခဲ့တဲ့ ရဲတွေကိုလည်း ပြည်ထဲရေး ဝန်ကြီး ကိုယ်တိုင် သွားတွေ့ခဲ့တယ် လို့ ဆိုပါတယ်။

တနင်္လာနေ့ နေ့လယ် ဒေသ စံတော်ချိန် ၃ နာရီလောက်က ဘရပ်ဆဲလ်မြို့ရဲ့ တောင်ဘက်ပိုင်း Forest ရပ်ကွက်မှာ ရှိတဲ့ တိုက်ခန်းတခုကို ရဲတွေ ဝင်ရောက် ရှာဖွေ ခဲ့ရာမှာ တံခါးနားအရောက်မှာ အထဲကနေ ပစ်ခတ်မှုတွေ လုပ်ခဲ့တာလို့ သိရပါတယ်။

ရဲ ၃ ဦး ဒဏ်ရာရခဲ့ပြီး အဲဒီနောက်မှာ တော့ အပြန်အလှန် ပစ်ခတ်မှုတွေ အတွင်း နောက်ရဲတဦး ဒဏ်ရာရခဲ့ပါတယ်။

အဲဒီစီးနင်း တိုက်ခိုက်မှု မှာ ပြင်သစ်ရဲတွေ လည်း ပါဝင်ခဲ့ပြီး ဒဏ်ရာရသွားသူ ရဲတွေထဲက တဦး ဟာ ပြင်သစ်ရဲမေ တဦး ဖြစ်တယ်လို့ သိရပါတယ်။

သေနတ် ကိုင်ဆောင်ထားတဲ့ မသင်္ကာသူ တဦး ကို တော့ တိုက်ခန်း အပြင်ဘက်မှာ ရဲတွေက အသေပစ်သတ် ဖမ်းဆီးခဲ့ပါတယ်။

သေဆုံးသွား သူဟာ ဘယ်သူဘယ်ဝါလဲ ဆိုတာကိုတော့ အတိအကျ ထုတ်ဖော် ပြောတာမျိုး မရှိသေးပါဘူး။

ဒါပေမဲ့လည်း အဲဒီလူဟာ ပဲရစ်မြို့ တိုက်ခိုက်မှု အပြီး ထွက်ပြေး လွတ်မြောက်နေသူ နှစ်ဦး ထဲက တဦး ဖြစ်တဲ့ ဆလာ အက်ဘ်ဒက်ဆလဲမ် မဟုတ်ဘူး ဆိုတာ ကိုတော့ ဘယ်လ်ဂျီယမ် အစိုးရ ရှေ့နေ ပြောခွင့်ရ ပုဂ္ဂိုလ်က အစောပိုင်း တုန်းက အခိုင်အမာ ပြောသွား ခဲ့ပါတယ်။

စီးနင်း တိုက်ခိုက်မှုက ပြီးသွားပြီ ဖြစ်ပေမယ့် အဲဒီ ရပ်ကွက်မှာရှိတဲ့ နောက်နေရာ တခုမှာ ရှာဖွေ စစ်ဆေးမှုတွေ ပို ကျယ်ကျယ်ပြန့်ပြန့် ဆက်လုပ်နေတယ် လို့ ရဲ သတင်းရပ်ကွက်က ပြောပါတယ်။

ဒါပေမဲ့ လည်း နောက်ထပ် အသေးစိတ် ကိုတော့ ထုတ်ဖော် မပြောခဲ့ပါဘူး။

လောလောဆယ် မှာတော့ လမ်းတွေပေါ်မှာ လက်နက်တွေ အပြည့် ကိုင်ဆောင်ထားတဲ့ ရဲတွေ လမ်းမတွေ ပေါ်မှာ ဆက်ရှိ နေပြီး ရဟတ်ယာဉ် တစင်းလည်း ဝေဟင်မှာ ဝဲပျံ ကင်းလှည့်နေတာ တွေ့ရတယ် လို့ ဘီဘီစီ သတင်းထောက် Anna Holligan က အခင်းဖြစ်ပွားရာ နေရာကနေ သတင်း ပေးပို့ပါတယ်။

BBC Burmese
http://www.bbc.com/burmese
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment