မုိဆူးလ္ၿမိဳ႕ေတာင္ဘက္ အုိင္အက္စ္နယ္ေျမကုိ အီရတ္အစုိးရတပ္ဖြဲ႕မ်ား စတင္ထုိးစစ္ဆင္



ဘဂၢဒက္ မတ္ ၂၄

အီရတ္အစုိးရ တပ္ဖြဲ႕မ်ားသည္ အစၥလာမၼစ္ႏုိင္ငံ ထူေထာင္ေရးအဖြဲ႕ (အုိင္အက္စ္)တုိ႔ ထိန္းခ်ဳပ္ထားသည့္ နီနီဗာျပည္နယ္ေျမာက္ပုိင္းတြင္ ထုိးစစ္ဆင္မႈကုိ မတ္ ၂၄ ရက္တြင္ စတင္လုိက္ၿပီျဖစ္ေၾကာင္း အီရတ္ စစ္ဘက္ေၾကညာခ်က္တြင္ ေဖာ္ျပသည္။

ယင္းမွာ အီရတ္အစိုးရတပ္ဖြဲ႕မ်ား၏ မုိဆူးလ္ၿမိဳ႕ လြတ္ေျမာက္ေရးအတြက္ ပထမအဆင့္ စစ္ဆင္တုိက္ ခုိက္မႈလည္းျဖစ္သည္။

အီရတ္အစုိးရတပ္ဖြဲ႕မ်ားသည္ မာဟူမာေဒသမွ စတင္ကာ ထုိးစစ္ဆင္ႏႊဲမႈကုိ စတင္ခဲ့သည္။ မၾကာေသးမီ ရက္သတၱပတ္မ်ားအတြင္းက ယင္းေဒသတြင္း ေထာင္ႏွင့္ခ်ီေသာ အီရတ္အစုိးရတပ္ဖြဲ႕ဝင္မ်ား ျဖန္႔ခ်ထားကာ အေျခစုိက္စခန္းတစ္ခုကုိ တည္ေဆာက္ခဲ့သည္။

အီရတ္အစုိးရတပ္ဖြဲ႕မ်ားႏွင့္အတူ ကာဒစ္တပ္ဖြဲ႕ဝင္မ်ားႏွင့္ အေမရိကန္တပ္ဖြဲ႕မ်ားလည္း ပါဝင္သည္ဟု သတင္းတြင္ ေဖာ္ျပသည္။ အဆုိပါတပ္ဖြဲ႕မ်ားသည္ မုိဆူးလ္ၿမိဳ႕ေတာင္ဘက္ ကီလုိမီတာ ၆ဝ အကြာတြင္ စုဖြဲ႕႔ခဲ့ျခင္းျဖစ္သည္။

အေမရိကန္ဦးေဆာင္ေသာ ၫြန္႔ေပါင္းအဖြဲ႕၏ ေလေၾကာင္းပစ္ကူေပးမႈႏွင့္ ကာဒစ္ပက္ရွ္မာဂါ ေျပာက္က်ားမ်ား၏ ပူးေပါင္းပါဝင္မႈျဖင့္ အီရတ္အစုိးရတပ္ဖြဲ႕မ်ားက ႏုိင္ငံအေနာက္ပုိင္းေဒသမ်ား၌ စစ္ဆင္မႈမ်ား တုိးခ်ဲ႕ ျပဳလုပ္ႏုိင္ခဲ့ၿပီး အစၥလာမၼစ္ႏုိင္ငံထူေထာင္ေရးအဖြဲ႕ (အုိင္အက္စ္)လက္ေအာက္ရွိ ေက်းရြာအခ်ဳိ႕ကုိ သိမ္းယူႏုိင္ခဲ့သည္။

အီရတ္အစုိးရတပ္ဖြဲ႕မ်ားက ျပဳလုပ္ေသာ ထုိးစစ္၏ ပမာဏအဆင့္ (ဖာတာ့)ေအာင္ႏုိင္သူ အမည္ရွိ စစ္ဆင္ ေရးကုိ နီနီဗာျပည္နယ္တြင္ လုပ္ေဆာင္ေနၿပီး ယင္းေဒသတြင္းရွိ ေက်းရြာအခ်ဳိ႕တြင္ အီရတ္အစုိးရအဖြဲ႕၏ အလံမ်ား တုိးျမႇင့္လႊင့္ထူႏုိင္ခဲ့ေၾကာင္း အီရတ္စစ္ဘက္၏ ေျပာၾကားခ်က္ကုိ ကုိးကား၍ အီရတ္အစုိးရ ႐ုပ္သံလႊင့္ဌာနက ထုတ္လႊင့္သည္။

႐ုိက္တာ။
The Mirror Daily
https://www.facebook.com/TheMirrorDaily
.........................


ဘဂ္ဂဒက် မတ် ၂၄

အီရတ်အစိုးရ တပ်ဖွဲ့များသည် အစ္စလာမ္မစ်နိုင်ငံ ထူထောင်ရေးအဖွဲ့ (အိုင်အက်စ်)တို့ ထိန်းချုပ်ထားသည့် နီနီဗာပြည်နယ်မြောက်ပိုင်းတွင် ထိုးစစ်ဆင်မှုကို မတ် ၂၄ ရက်တွင် စတင်လိုက်ပြီဖြစ်ကြောင်း အီရတ် စစ်ဘက်ကြေညာချက်တွင် ဖော်ပြသည်။

ယင်းမှာ အီရတ်အစိုးရတပ်ဖွဲ့များ၏ မိုဆူးလ်မြို့ လွတ်မြောက်ရေးအတွက် ပထမအဆင့် စစ်ဆင်တိုက် ခိုက်မှုလည်းဖြစ်သည်။

အီရတ်အစိုးရတပ်ဖွဲ့များသည် မာဟူမာဒေသမှ စတင်ကာ ထိုးစစ်ဆင်နွှဲမှုကို စတင်ခဲ့သည်။ မကြာသေးမီ ရက်သတ္တပတ်များအတွင်းက ယင်းဒေသတွင်း ထောင်နှင့်ချီသော အီရတ်အစိုးရတပ်ဖွဲ့ဝင်များ ဖြန့်ချထားကာ အခြေစိုက်စခန်းတစ်ခုကို တည်ဆောက်ခဲ့သည်။

အီရတ်အစိုးရတပ်ဖွဲ့များနှင့်အတူ ကာဒစ်တပ်ဖွဲ့ဝင်များနှင့် အမေရိကန်တပ်ဖွဲ့များလည်း ပါဝင်သည်ဟု သတင်းတွင် ဖော်ပြသည်။ အဆိုပါတပ်ဖွဲ့များသည် မိုဆူးလ်မြို့တောင်ဘက် ကီလိုမီတာ ၆ဝ အကွာတွင် စုဖွဲ့့ခဲ့ခြင်းဖြစ်သည်။

အမေရိကန်ဦးဆောင်သော ညွန့်ပေါင်းအဖွဲ့၏ လေကြောင်းပစ်ကူပေးမှုနှင့် ကာဒစ်ပက်ရှ်မာဂါ ပြောက်ကျားများ၏ ပူးပေါင်းပါဝင်မှုဖြင့် အီရတ်အစိုးရတပ်ဖွဲ့များက နိုင်ငံအနောက်ပိုင်းဒေသများ၌ စစ်ဆင်မှုများ တိုးချဲ့ ပြုလုပ်နိုင်ခဲ့ပြီး အစ္စလာမ္မစ်နိုင်ငံထူထောင်ရေးအဖွဲ့ (အိုင်အက်စ်)လက်အောက်ရှိ ကျေးရွာအချို့ကို သိမ်းယူနိုင်ခဲ့သည်။

အီရတ်အစိုးရတပ်ဖွဲ့များက ပြုလုပ်သော ထိုးစစ်၏ ပမာဏအဆင့် (ဖာတာ့)အောင်နိုင်သူ အမည်ရှိ စစ်ဆင် ရေးကို နီနီဗာပြည်နယ်တွင် လုပ်ဆောင်နေပြီး ယင်းဒေသတွင်းရှိ ကျေးရွာအချို့တွင် အီရတ်အစိုးရအဖွဲ့၏ အလံများ တိုးမြှင့်လွှင့်ထူနိုင်ခဲ့ကြောင်း အီရတ်စစ်ဘက်၏ ပြောကြားချက်ကို ကိုးကား၍ အီရတ်အစိုးရ ရုပ်သံလွှင့်ဌာနက ထုတ်လွှင့်သည်။

ရိုက်တာ။
The Mirror Daily
https://www.facebook.com/TheMirrorDaily
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment