အိန္ဒိယနိုင်ငံပိုင်နက် အတွင်းသို့ တရုတ်တပ်ဖွဲ့ဝင်များ ကျူးကျော်ဝင်ရောက်


နယူးဒေလီ ၊ ၁၄-၃-၂၀၁၆


တရုတ် ဗိုလ်မှူးကြီး တစ်ဦး ဦးဆောင်သော PLA တပ်ဖွဲ့ဝင် ၁ဝ ဦးသည် ပန်ဂွန်းရေကန် အနီး Finger VIII Sirjap-I ဒေသရှိ (LAC) နယ်စပ် ထိန်းချုပ်ရေးမျဉ်း ကို ကျော်လွန်၍ နိုင်ငံပိုင်နက် အတွင်းသို့ မတ် ၈ ရက် နှောင်းပိုင်း က ဝင်ရောက်ခဲ့ခြင်း ဖြစ်ပြီး တရုတ်တပ်ဖွဲ့ ၏ အဆိုပါ လုပ်ဆောင်မှု ကြောင့် နှစ်နိုင်ငံ လုံခြုံရေး တပ်ဖွဲ့ဝင်များ အကြား လိပ်ခဲတည်း လည်း အခြေအနေ တစ်ရပ်ကို ဖြစ်ပေါ် စေခဲ့ကြောင်း သတင်းဌာန များက ထုတ်ပြန် ထားသည်။


PyiChitThar

................................


နယူးဒလေီ ၊ ၁၄-၃-၂၀၁၆

တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် (PLA)မှ တပ်ဖွဲ့ဝင် များသည် ပန်ဂွန်းရေကန် အနီး အိန္ဒိယနိုင်ငံ ပိုင်နက် အတွင်းသို့ ယခု ရက်သတ္တပတ် အတွင်းက အကွာအဝေး ၅ ဒသမ ၅ ကီလိုမီတာ အထိ ကျူးကျော် ဝင်ရောက် ခဲ့ကြောင်း အိန္ဒိယ လုံခြုံရေး သတင်းဌာန များက ထုတ်ပြန် ထားသည်။

တရုတ် ဗိုလ်မှူးကြီး တစ်ဦး ဦးဆောင်သော PLA တပ်ဖွဲ့ဝင် ၁ဝ ဦးသည် ပန်ဂွန်းရေကန် အနီး Finger VIII Sirjap-I ဒေသရှိ (LAC) နယ်စပ် ထိန်းချုပ်ရေးမျဉ်း ကို ကျော်လွန်၍ နိုင်ငံပိုင်နက် အတွင်းသို့ မတ် ၈ ရက် နှောင်းပိုင်း က ဝင်ရောက်ခဲ့ခြင်း ဖြစ်ပြီး တရုတ်တပ်ဖွဲ့ ၏ အဆိုပါ လုပ်ဆောင်မှု ကြောင့် နှစ်နိုင်ငံ လုံခြံုရေး တပ်ဖွဲ့ဝင်များ အကြား လိပ်ခဲတည်း လည်း အခြေအနေ တစ်ရပ်ကို ဖြစ်ပေါ် စေခဲ့ကြောင်း သတင်းဌာန များက ထုတ်ပြန် ထားသည်။

တရုတ် တပ်ဖွဲ့ဝင် များသည် အိန္ဒိယနိုင်ငံ သာကွန်နယ်စပ် စခန်းကို ကျော်ဖြတ်၍ ယာဉ်လေးစီးဖြင့် ဝင်ရောက်၍ အိန္ဒိယ ပိုင်နက် အတွင်းသို့ အကွာအဝေး ၆ ကီလိုမီတာ နီးပါးထိ ရောက်ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

PyiChitThar
http://www.pyichitthar.com/2016/03/blog-post_43.html
Share on Google Plus

About MP4 YoU

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment