လက္ႏွစ္ဖက္ ျပတ္ေနတဲ့ အဘုိးအုိ သံလက္အတု ကုိယ္တုိင္တီထြင္ၿပီး ဘ၀တူေတြကုိ အကူအညီေပးေန






လက္ႏွစ္ဖက္လုံး ဆုံးရႈံးခဲ့ရေပမယ့္ သံလက္အတု တီထြင္ႏုိင္ခဲ့တဲ့ အဘုိးအုိတစ္ဦးဟာ သူ႔လုိမ်ဳိး လက္မရွိသူေတြကုိ သံလက္အတုေတြ လုပ္ေပးေနတဲ့အတြက္ ''သံလက္တု ဆန္''လုိ္႔ ေက်ာ္ၾကားေနပါတယ္။ အဲဒီအဘုိးအုိ နာမည္က ဆန္ဂ်ီဖာပါ။ အသက္ ၆၃ ႏွစ္ ရွိပါၿပီ။
အဘုိးအုိဆန္ဟာ ၁၉၇၄ ခုႏွစ္က တရုတ္ျပည္သူ႔ လြတ္ေျမာက္ေရးတပ္မေတာ္ကုိ ၀င္ေရာက္အမႈထမ္းခဲ့ၿပီး အေျမွာက္တပ္မွာ အထူးကၽြမ္းက်င္တပ္သား ျဖစ္လာသလုိ ေဖာက္ခြဲေရး ပစၥည္းေတြကုိလည္း ပုိစိတ္၀င္စားလာခဲ့ပါတယ္။ ဒါေပမဲ့ ဆန္ဟာ ေနာက္ငါးႏွစ္အၾကာမွာ အိမ္ေထာင္ျပဳဖုိ႔ တပ္က အနားယူခဲ့ပါတယ္။
၁၉၈၀ ခုႏွစ္ စက္တင္ဘာလမွာ ကုိယ္၀န္သည္ ဇနီးကုိ ေကၽြးဖုိ႔အတြက္ ဆန္ဟာ ငါးဖမ္းဖုိ႔ ႀကိဳးပမ္းခဲ့ပါတယ္။ ဒါေပမဲ့ သူက ငါးမွ်ားတံနဲ႔ မမွ်ားဘဲ ေဖာက္ခြဲေရးပစၥည္းနဲ႔ ေရကန္ထဲက ငါးေတြကုိ ေဖာက္ခြဲဖုိ႔ လုပ္ခဲ့ပါတယ္။ ဒါေပမဲ့ ေဖာက္ခြဲေရး ပစၥည္း တပ္ဆင္ေနတုန္း ေပါက္ကြဲခဲ့လုိ႔ လက္ေမာင္းနဲ႔ လက္ေခ်ာင္းေတြ ျပင္းျပင္းထန္ထန္ ဒဏ္ရာရခဲ့ပါတယ္။ ဆန္ဟာ အသက္ရွင္ဖုိ႔အတြက္ တံေတာင္ဆစ္ကေန လက္ျဖတ္ခဲ့ရပါတယ္။
အဲဒီအခ်ိန္တုန္းက သူ႔အသက္ ၂၇ ႏွစ္ပဲ ရွိပါေသးတယ္။ အဲဒီ မေတာ္တဆမႈက သူ႔ကုိ အေမွာင္ကမာၻထဲ ေရာက္ေစခဲ့ၿပီး ဆန္ဟာ ကုိယ့္ကုိယ္ကုိယ္ အဆုံးစီရင္ဖုိ႔ ႀကိဳးပမ္းခဲ့တယ္လုိ႔ ေျပာပါတယ္။ ဒါေပမဲ့ ေနာက္ပုိင္းမွာ မိသားစုနဲ႔ သူငယ္ခ်င္းေတြရဲ႕ အားေပးမႈေၾကာင့္ ဘ၀ကုိ အရႈံးေပးမယ့္ အေတြးကုိ စြန္႔လႊတ္ခဲ့ၿပီး သံမဏိစိတ္ဓာတ္နဲ႔ ဘ၀ကုိ ျဖတ္သန္းဖုိ႔ ျပင္ဆင္ခဲ့ပါတယ္။
ဆန္ဟာ ၁၉၈၄ ခုႏွစ္မွာ သံထည္၊ ပလပ္စတစ္၊ ေရာ္ဘာတုိ႔ကုိ အသုံးျပဳၿပီး ပထမဆုံး လက္အတု လုပ္ခဲ့ပါတယ္။ ဒါေပမဲ့ အဲဒီလက္အတုကုိ စိတ္မေက်နပ္တာေၾကာင့္ လက္အတုေတြ ဆက္လုပ္ခဲ့ၿပီး လက္အတု ပုံစံေလးမ်ဳိး လုပ္ၿပီးတဲ့ေနာက္ သူ႔စိတ္ႀကိဳက္ လက္အတုကုိ ရရွိခဲ့ပါတယ္။
ဆန္ဟာ လက္အတုကုိ သုံးၿပီး သြားတိုက္တာ၊ လႊျဖတ္တာ၊ ဂေဟေဆာ္တာ၊ လယ္ယာလုပ္ငန္းလုပ္တာ၊ ထြန္စက္ေမာင္းတာ၊ စစ္တုရင္ ကစားတာေတြ လုပ္ႏုိင္ခဲ့ပါတယ္။
ကုိယ္တုိင္တီထြင္တဲ့ လက္အတုနဲ႔ ဆန္ အဆင္ေျပခဲ့ၿပီးေနာက္ ဆန္လုိပဲ လက္မရွိတဲ့ ေဒသခံေတြက သူတုိ႔အတြက္ လက္အတု လုပ္ေပးဖုိ႔ ဆန္ကုိ အကူအညီ ေတာင္းခဲ့ပါတယ္။ ေတာင္းဆုိသူေတြ မ်ားတဲ့အတြက္ ဆန္ဟာ လက္အတု စက္ရုံ တည္ေထာင္ခဲ့ၿပီး ခႏၶာကုိယ္ မသန္စြမ္းသူ ၁၀၀၀ ေက်ာ္ကုိ ကူညီေပးခဲ့ပါတယ္။ ဆန္က အနာဂတ္ကာလမွာ မသန္စြမ္းသူေတြကုိ ကူညီဖုိ႔ သူ႔ရဲ႕ ဖန္တီးမႈေတြကုိ အဆင့္ျမွင့္သြားမယ္လုိ႔ ေျပာပါတယ္။
Nz (ရိုးရာေလး)
www.yoyarlay.com
‪#‎Nz_yyl‬
‪#‎news_yyl‬
(unicode version)
လက်နှစ်ဖက် ပြတ်နေတဲ့ အဘိုးအို သံလက်အတု ကိုယ်တိုင်တီထွင်ပြီး ဘဝတူတွေကို အကူအညီပေးနေ
..................................................................................................
လက်နှစ်ဖက်လုံး ဆုံးရှုံးခဲ့ရပေမယ့် သံလက်အတု တီထွင်နိုင်ခဲ့တဲ့ အဘိုးအိုတစ်ဦးဟာ သူ့လိုမျိုး လက်မရှိသူတွေကို သံလက်အတုတွေ လုပ်ပေးနေတဲ့အတွက် ''သံလက်တု ဆန်''လ်ို့ ကျော်ကြားနေပါတယ်။ အဲဒီအဘိုးအို နာမည်က ဆန်ဂျီဖာပါ။ အသက် ၆၃ နှစ် ရှိပါပြီ။
အဘိုးအိုဆန်ဟာ ၁၉၇၄ ခုနှစ်က တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်ကို ဝင်ရောက်အမှုထမ်းခဲ့ပြီး အမြှောက်တပ်မှာ အထူးကျွမ်းကျင်တပ်သား ဖြစ်လာသလို ဖောက်ခွဲရေး ပစ္စည်းတွေကိုလည်း ပိုစိတ်ဝင်စားလာခဲ့ပါတယ်။ ဒါပေမဲ့ ဆန်ဟာ နောက်ငါးနှစ်အကြာမှာ အိမ်ထောင်ပြုဖို့ တပ်က အနားယူခဲ့ပါတယ်။
၁၉၈၀ ခုနှစ် စက်တင်ဘာလမှာ ကိုယ်ဝန်သည် ဇနီးကို ကျွေးဖို့အတွက် ဆန်ဟာ ငါးဖမ်းဖို့ ကြိုးပမ်းခဲ့ပါတယ်။ ဒါပေမဲ့ သူက ငါးမျှားတံနဲ့ မမျှားဘဲ ဖောက်ခွဲရေးပစ္စည်းနဲ့ ရေကန်ထဲက ငါးတွေကို ဖောက်ခွဲဖို့ လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ ဖောက်ခွဲရေး ပစ္စည်း တပ်ဆင်နေတုန်း ပေါက်ကွဲခဲ့လို့ လက်မောင်းနဲ့ လက်ချောင်းတွေ ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့ပါတယ်။ ဆန်ဟာ အသက်ရှင်ဖို့အတွက် တံတောင်ဆစ်ကနေ လက်ဖြတ်ခဲ့ရပါတယ်။
အဲဒီအချိန်တုန်းက သူ့အသက် ၂၇ နှစ်ပဲ ရှိပါသေးတယ်။ အဲဒီ မတော်တဆမှုက သူ့ကို အမှောင်ကမ္ဘာထဲ ရောက်စေခဲ့ပြီး ဆန်ဟာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ဖို့ ကြိုးပမ်းခဲ့တယ်လို့ ပြောပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ မိသားစုနဲ့ သူငယ်ချင်းတွေရဲ့ အားပေးမှုကြောင့် ဘဝကို အရှုံးပေးမယ့်အတွေးကို စွန့်လွှတ်ခဲ့ပြီး သံမဏိစိတ်ဓာတ်နဲ့ ဘဝကို ဖြတ်သန်းဖို့ ပြင်ဆင်ခဲ့ပါတယ်။
ဆန်ဟာ ၁၉၈၄ ခုနှစ်မှာ သံထည်၊ ပလပ်စတစ်၊ ရော်ဘာတို့ကို အသုံးပြုပြီး ပထမဆုံး လက်အတု လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီလက်အတုကို စိတ်မကျေနပ်တာကြောင့် လက်အတုတွေ ဆက်လုပ်ခဲ့ပြီး လက်အတု ပုံစံလေးမျိုး လုပ်ပြီးတဲ့နောက် သူ့စိတ်ကြိုက် လက်အတုကို ရရှိခဲ့ပါတယ်။
ဆန်ဟာ လက်အတုကို သုံးပြီး သွားတိုက်တာ၊ လွှဖြတ်တာ၊ ဂဟေဆော်တာ၊ လယ်ယာလုပ်ငန်းလုပ်တာ၊ ထွန်စက်မောင်းတာ၊ စစ်တုရင် ကစားတာတွေ လုပ်နိုင်ခဲ့ပါတယ်။
ကိုယ်တိုင်တီထွင်တဲ့ လက်အတုနဲ့ ဆန် အဆင်ပြေခဲ့ပြီးနောက် ဆန်လိုပဲ လက်မရှိတဲ့ ဒေသခံတွေက သူတို့အတွက် လက်အတု လုပ်ပေးဖို့ ဆန်ကို အကူအညီ တောင်းခဲ့ပါတယ်။ တောင်းဆိုသူတွေ များတဲ့အတွက် ဆန်ဟာ လက်အတု စက်ရုံ တည်ထောင်ခဲ့ပြီး ခန္ဓာကိုယ် မသန်စွမ်းသူ ၁၀၀၀ ကျော်ကို ကူညီပေးခဲ့ပါတယ်။ ဆန်က အနာဂတ်ကာလမှာ မသန်စွမ်းသူတွေကို ကူညီဖို့ သူ့ရဲ့ ဖန်တီးမှုတွေကို အဆင့်မြှင့်သွားမယ်လို့ ပြောပါတယ်။
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment