အိႏိၵယႏိုင္ငံ အေရွ႕ပိုင္းတြင္ ဂံုးေက်ာ္တံတား ၿပိဳက်မႈေၾကာင့္ ေသဆံုးသူ ၂၀ ဦး ႏွင့္ ဒဏ္ရာရရွိသူ၊ ၁၅၀ ဦး ရွိလာ


အိႏိၵယနိုင္ငံ အေရွ႕ပိုင္း ကာလကတၱားျမိဳ႕ ၌ ျပိဳက်ခဲ့သည့္ ဂံုးေက်ာ္တံတားအားေတြ႕ရစဥ္(ဆင္ဟြာ)
    နယူးေဒလီ၊ မတ္ ၃၁ ရက္ (ဆင္ဟြာ)

    အိႏိၵယႏိုင္ငံ အေရွ႕ပိုင္း ကာလကတၱားၿမိဳ႕တြင္ မတ္လ ၃၁ ရက္က ေဆာက္လက္စ ဂံုးေက်ာ္ တံတားတစ္စင္း ၿပိဳက်မႈေၾကာင့္ ေသဆံုးသူ ၂၀ ဦး ႏွင့္ ဒဏ္ရာရရွိသူ ၁၅၀ေက်ာ္ ထိရွိလာေၾကာင္း သိရသည္။

ရဲတပ္ဖြဲ႕ဝင္တစ္ဦးက ၿပိဳက်ခဲ့သည့္ ဂံုးေက်ာ္တံတားကုိ ကာလကတၱားျမိဳ႕လယ္ရွိ လူစည္းကားရာအရပ္တြင္ လြန္ခဲ့သည့္ ေျခာက္ႏွစ္ကတည္းက တည္ေဆာက္ေနျခင္းျဖစ္ျပီး ေဒသစံေတာ္ခ်ိန္ ေန႕လည္ ၁၂း၃၀နာရီ တြင္ျပိဳက်ခဳဲ့ၾကာင္း၊ အပ်က္အစီးမ်ား ေအာက္မွ ရုပ္အေလာင္း ၂၀ ကို ဆြဲထုတ္ႏိုင္ခဲ့ၿပီး ဒဏ္ရာရွိသူ အမ်ားအျပားကို ကယ္ဆယ္ေရး ဝန္ထမ္းမ်ားက ကယ္ဆယ္ကာ နီးစပ္ရာ ေဆးရံုသုိ႕ ပို႕ေဆာင္ ထားေၾကာင္း၊ အခ်ိဳ႕မွာ ဒဏ္ရာျပင္းထန္ျပီး ေသဆံုးသူဦးေရ တိုးလာႏိုင္ေၾကာင္း ေျပာၾကားခဲ့သည္။


သဘာဝ ေဘးအႏၲရာယ္ စီမံခန္႕ခြဲေရး တာဝန္ရွိသူမ်ား၊ ရဲတပ္ဖြဲ႕ဝင္မ်ား၊ မီးသတ္တပ္ဖြဲ႕ဝင္မ်ား ႏွင့္ ေဒသခံျပည္သူမ်ားပူးေပါင္း၍ အပ်က္အစီးမ်ားေအာက္တြင္ အသက္ရွင္က်န္ရစ္သူမ်ားကို အနံ႕ခံေခြးမ်ားအသံုးျပဳ၍ ရွာေဖြလ်က္ရွိေၾကာင္းသိရသည္။

အေမရိကန္ႏိုင္ငံသို႕ ေရာက္ရွိေနသည့္ အိႏိၵယဝန္ၾကီးခ်ဳပ္ နာရန္ဒရာ မိုဒီ က ကာလကတၱားျမိဳ႕တြင္ ဂံုးေက်ာ္တံတားျပိဳက်မႈအား ၾကားသိရတဲ့အတြက္ ထိတ္လန္႕ဝမ္းနည္းရပါေၾကာင္း၊ ဂံုးတံတားျပိဳက်မႈေၾကာင့္ ေသဆံုးသြားသူမ်ား၏ မိသားစုဝင္မ်ား ႏွင့္ ထပ္တူ ဝမ္းနည္းရပါေၾကာင္း ႏွင့္ ဒဏ္ရာရ႐ွိသူမ်ားလည္း အျမန္ဆံုး ျပန္လည္ေကာင္းမြန္လာေစရန္ ဆုေတာင္းေပးပါေၾကာင္း ၄င္း၏ တြစ္တာစာမ်က္ႏွာ တြင္ ေဖာ္ျပခဲ့သည္။

အိႏိၵယႏိုင္ငံ၌  စံခ်ိန္စံညႊန္းမျပည့္မီသည့္ ေဆာက္လုပ္ေရးပစၥည္းမ်ား အသံုးျပဳ ျခင္းႏွင့္ လံုျခံဳေရးစံညႊန္းမ်ားကို လိုက္နာမႈမရွိျခင္းတို႕ေၾကာင့္ ဂံုးေက်ာ္တံတားျပိဳက်မႈမ်ား ျဖစ္ေလ့ရွိေၾကာင္းသိရသည္။

(Xinhua)
http://www.xinhuamyanmar.com

...............................................



အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ကာလကတ္တားမြို့ ၌ ပြိုကျခဲ့သည့် ဂုံးကျော်တံတားအားတွေ့ရစဉ်(ဆင်ဟွာ)
    နယူးဒေလီ၊ မတ် ၃၁ ရက် (ဆင်ဟွာ)

    အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ကာလကတ္တားမြို့တွင် မတ်လ ၃၁ ရက်က ဆောက်လက်စ ဂုံးကျော် တံတားတစ်စင်း ပြိုကျမှုကြောင့် သေဆုံးသူ ၂၀ ဦး နှင့် ဒဏ်ရာရရှိသူ ၁၅၀ကျော် ထိရှိလာကြောင်း သိရသည်။

ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြိုကျခဲ့သည့် ဂုံးကျော်တံတားကို ကာလကတ္တားမြို့လယ်ရှိ လူစည်းကားရာအရပ်တွင် လွန်ခဲ့သည့် ခြောက်နှစ်ကတည်းက တည်ဆောက်နေခြင်းဖြစ်ပြီး ဒေသစံတော်ချိန် နေ့လည် ၁၂း၃၀နာရီ တွင်ပြိုကျခဲု့ကြာင်း၊ အပျက်အစီးများ အောက်မှ ရုပ်အလောင်း ၂၀ ကို ဆွဲထုတ်နိုင်ခဲ့ပြီး ဒဏ်ရာရှိသူ အများအပြားကို ကယ်ဆယ်ရေး ဝန်ထမ်းများက ကယ်ဆယ်ကာ နီးစပ်ရာ ဆေးရုံသို့ ပို့ဆောင် ထားကြောင်း၊ အချို့မှာ ဒဏ်ရာပြင်းထန်ပြီး သေဆုံးသူဦးရေ တိုးလာနိုင်ကြောင်း ပြောကြားခဲ့သည်။



သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲရေး တာဝန်ရှိသူများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ နှင့် ဒေသခံပြည်သူများပူးပေါင်း၍ အပျက်အစီးများအောက်တွင် အသက်ရှင်ကျန်ရစ်သူများကို အနံ့ခံခွေးများအသုံးပြု၍ ရှာဖွေလျက်ရှိကြောင်းသိရသည်။

အမေရိကန်နိုင်ငံသို့ ရောက်ရှိနေသည့် အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာ မိုဒီ က ကာလကတ္တားမြို့တွင် ဂုံးကျော်တံတားပြိုကျမှုအား ကြားသိရတဲ့အတွက် ထိတ်လန့်ဝမ်းနည်းရပါကြောင်း၊ ဂုံးတံတားပြိုကျမှုကြောင့် သေဆုံးသွားသူများ၏ မိသားစုဝင်များ နှင့် ထပ်တူ ဝမ်းနည်းရပါကြောင်း နှင့် ဒဏ်ရာရရှိသူများလည်း အမြန်ဆုံး ပြန်လည်ကောင်းမွန်လာစေရန် ဆုတောင်းပေးပါကြောင်း ၄င်း၏ တွစ်တာစာမျက်နှာ တွင် ဖော်ပြခဲ့သည်။

အိန္ဒိယနိုင်ငံ၌  စံချိန်စံညွှန်းမပြည့်မီသည့် ဆောက်လုပ်ရေးပစ္စည်းများ အသုံးပြု ခြင်းနှင့် လုံခြုံရေးစံညွှန်းများကို လိုက်နာမှုမရှိခြင်းတို့ကြောင့် ဂုံးကျော်တံတားပြိုကျမှုများ ဖြစ်လေ့ရှိကြောင်းသိရသည်။

(Xinhua)
http://www.xinhuamyanmar.com
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment