အင္ကာရာ ဗုံးခြဲမွုအၿပီး ကာဒစ္ရွ္ေတြကို တူရကီ တိုက္ခိုက္

 တနဂၤေႏြေန႔ ဗုံးခြဲမွုအတြင္း ေသဆုံးခဲ့သူေတြရဲ့ နာေရးေတြကို ျပဳလုပ္ေန။
တူရကီ အေရွ႕ေတာင္ပိုင္းက ကာဒစ္ရွ္ အဖြဲ႕ဝင္ေတြနဲ႔ အီရတ္ နိုင္ငံထဲက ကာဒစ္ရွ္ သူပုန္ေတြ အေပၚ တူရကီ အစိုးရက လုံျခဳံေရးအရ အေရးယူ ေဆာင္ရြက္မွုေတြ ျပဳလုပ္ေနပါတယ္။

တနဂၤေႏြေန႔က အန္ကာရာ ၿမိဳ႕ေတာ္မွာ လူ ၃၆ ဦး ေသဆုံးခဲ့တဲ့ ဗုံးခြဲ တိုက္ခိုက္မွု ျဖစ္ခဲ့ၿပီးေနာက္ အၾကမ္းဖက္ သမားေတြကို ၿဖိဳခြင္းဖို႔ တူရကီ သမၼတ အာဒိုဂန္က ကတိျပဳခဲ့ၿပီး မၾကာမီမွာ အခုလို ေဆာင္ရြက္ လာတာပါ။

တနဂၤေႏြေန႔ ဗုံးခြဲ တိုက္ခိုက္မွုရဲ့ တရားခံအျဖစ္ ယူဆရသူ အမ်ိဳးသမီးဟာ ကာဒစ္ရွ္ အလုပ္သမား ပါတီ PKK ရဲ့ အဖြဲ႕ဝင္ တစ္ဦး ျဖစ္ၿပီး သူလည္း ဗုံးခြဲမွုမွာ ေသဆုံးခဲ့တယ္လို႔ သတင္းေတြက ဆိုပါတယ္။

တူရကီ အေရွ႕ေတာင္ပိုင္းက ၿမိဳ႕ ၃ၿမိဳ႕မွာ ကာဖ်ဴးအမိန္႔ ထုတ္ထားၿပီး၊ အီရတ္မွာ ရွိတဲ့ ကာဒစ္ရွ္ စခန္းေတြကိုလည္း တူရကီ တိုက္ေလယာဥ္ေတြက ဗုံးၾကဲ တိုက္ခိုက္ ေနပါတယ္။

တိုက္ေလယာဥ္ ၁၁ စီးနဲ႔ ပစ္မွတ္ ၁၈ ခုကို တိုက္ခိုက္ ခဲ့တယ္လို႔ တူရကီ စစ္တပ္က ေျပာပါတယ္။ PKK ကလည္း အဲဒီ တိုက္ခိုက္မွုေတြကို အတည္ျပဳ ေျပာဆို ခဲ့ပါတယ္။

တူရကီ ၿမိဳ႕ေတာ္မွာ ငါးလအတြင္း ႀကီးမားတဲ့ တိုက္ခိုက္မွု သုံးႀကိမ္ ျဖစ္ပြားခဲ့တဲ့အတြက္ အစိုးရရဲ့ လုံျခဳံေရး ေဆာင္ရြက္နိုင္မွုအေပၚ သံသယ ျဖစ္ဖြယ္ ရွိတယ္လို႔ အန္ကာရာမွာ ရွိတဲ့ ဘီဘီစီ သတင္းေထာက္က ေျပာပါတယ္။

BBC Burmese
http://www.bbc.com/burmese
.................
  တနင်္ဂနွေနေ့ ဗုံးခွဲမှုအတွင်း သေဆုံးခဲ့သူတွေရဲ့ နာရေးတွေကို ပြုလုပ်နေ။
တူရကီ အရှေ့တောင်ပိုင်းက ကာဒစ်ရှ် အဖွဲ့ဝင်တွေနဲ့ အီရတ် နိုင်ငံထဲက ကာဒစ်ရှ် သူပုန်တွေ အပေါ် တူရကီ အစိုးရက လုံခြုံရေးအရ အရေးယူ ဆောင်ရွက်မှုတွေ ပြုလုပ်နေပါတယ်။

တနင်္ဂနွေနေ့က အန်ကာရာ မြို့တော်မှာ လူ ၃၆ ဦး သေဆုံးခဲ့တဲ့ ဗုံးခွဲ တိုက်ခိုက်မှု ဖြစ်ခဲ့ပြီးနောက် အကြမ်းဖက် သမားတွေကို ဖြိုခွင်းဖို့ တူရကီ သမ္မတ အာဒိုဂန်က ကတိပြုခဲ့ပြီး မကြာမီမှာ အခုလို ဆောင်ရွက် လာတာပါ။

တနင်္ဂနွေနေ့ ဗုံးခွဲ တိုက်ခိုက်မှုရဲ့ တရားခံအဖြစ် ယူဆရသူ အမျိုးသမီးဟာ ကာဒစ်ရှ် အလုပ်သမား ပါတီ PKK ရဲ့ အဖွဲ့ဝင် တစ်ဦး ဖြစ်ပြီး သူလည်း ဗုံးခွဲမှုမှာ သေဆုံးခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။

တူရကီ အရှေ့တောင်ပိုင်းက မြို့ ၃မြို့မှာ ကာဖျူးအမိန့် ထုတ်ထားပြီး၊ အီရတ်မှာ ရှိတဲ့ ကာဒစ်ရှ် စခန်းတွေကိုလည်း တူရကီ တိုက်လေယာဉ်တွေက ဗုံးကြဲ တိုက်ခိုက် နေပါတယ်။

တိုက်လေယာဉ် ၁၁ စီးနဲ့ ပစ်မှတ် ၁၈ ခုကို တိုက်ခိုက် ခဲ့တယ်လို့ တူရကီ စစ်တပ်က ပြောပါတယ်။ PKK ကလည်း အဲဒီ တိုက်ခိုက်မှုတွေကို အတည်ပြု ပြောဆို ခဲ့ပါတယ်။

တူရကီ မြို့တော်မှာ ငါးလအတွင်း ကြီးမားတဲ့ တိုက်ခိုက်မှု သုံးကြိမ် ဖြစ်ပွားခဲ့တဲ့အတွက် အစိုးရရဲ့ လုံခြုံရေး ဆောင်ရွက်နိုင်မှုအပေါ် သံသယ ဖြစ်ဖွယ် ရှိတယ်လို့ အန်ကာရာမှာ ရှိတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment