ဝီလွ်ံကို အာဖရိကတိုက္ မာလဝီဆိုတဲ့ႏိုင္ငံမွာ ေမြးဖြားခဲ့တယ္။ ဒီတိုင္းျပည္ဟာ ဆင္းရဲျခင္း၊ ေခတ္ေနာက္က်ျခင္း၊ အစာေရဆာငတ္ျပတ္ျခင္း၊ ေရာဂါဘယထူထပ္ျခင္းေတြ႐ွိခဲ့တယ္။ အသားဟင္းတစ္ခြက္စားရတာဟာ သူတို႔အတြက္ ဘုရားေပးတဲ့ဆုပဲျဖစ္တယ္။
ဝီလွ်ံကို ႐ြာတစ္႐ြာက သာမန္လယ္သမားမိသားစုတစ္စုက ေမြးဖြားခဲ့တယ္။ သူတို႔မွာတီဗီြမ႐ွိဘူး။ ေျဖေဖ်ာ္ေရးအတြက္ဆိုလို႔ ေဟာင္းအိုတဲ့ေလဒီယိုတစ္လံုးပဲ သူတို႔မွာ႐ွိခဲ့တယ္။ ေလဒီယိုကလႊင့္တဲ့ အသံအမ်ဳိးမ်ဳိးကိုသာ သူတို႔နားေထာင္ခြင့္ရခဲ့တယ္။
ဆိုးေပလို႔ေကာင္းတဲ့အ႐ြယ္မို႔ ဝီလွ်ံဟာ ၿငိမ္ၿငိမ္မေနႏိုင္ခဲ့ပါဘူး။ ေန႔တိုင္း ေလဒီယိုေဘးမွာ ေမွာက္ၿပီး ထူးဆန္းတဲ့အသံေတြထြက္လာတတ္တဲ့ ေလးေထာင့္ဗူးေလးကိုပဲ စိုက္ၾကည့္ခဲ့တယ္။ အသံေတြဘယ္ကေနထြက္လာပါလိမ့္လို႔ သူေတြးခဲ့တယ္။
မိဘကိုေမးၾကည့္ေတာ့ မသိဘူးလို႔ေခါင္းခါျပတယ္။
ဆရာကို ေမးၾကည့္ေတာ့ ဆရာကလည္း ေသခ်ာတဲ့အေျဖ မေပးႏိုင္ခဲ့ဘူး။
သိလိုစိတ္ေတြ ဝီလွ်ံ႕ရင္ထဲျပင္းျပေနခဲ့လို႔ အိမ္မွာ႐ွိတဲ့တစ္ခုတည္းေသာ လွ်ပ္စစ္ပစၥည္းေလဒီယိုကို တစ္စစီသူျဖဳတ္ၾကည့္ခဲ့တယ္။
အိမ္မွာ႐ွိတဲ့ေလဒီယိုက လိုင္းပူးၿပီး ႐ႈပ္ေထြးတဲ့အသံေတြထြက္ေပၚတတ္ပါတယ္။ ဝီလွ်ံက ေလဒီယိုကို ျဖဳတ္လိုက္ ျပန္တပ္လိုက္နဲ႔ အႀကိမ္ႀကိမ္အဖန္ဖန္စမ္းသပ္ခဲ့လို႔ ေနာက္ဆံုးမွာ ႐ႈပ္ေထြးတဲ့အသံ ဘာေၾကာင့္ ထြက္ေပၚလာသလဲဆိုတဲ့အေျဖကို သူရသြားခဲ့တယ္။ အဲဒီေနာက္ ေလဒီယိုကိုသူျပင္တယ္။ ဝါယာႀကိဳးကိုသာ အသံုးျပဳၿပီး သူျပင္ခဲ့တယ္။
အႀကိမ္ႀကိမ္အခါခါ ျပင္ဆင္ၿပီးေနာက္ ေလဒီယိုဟာေကာင္းသြားခဲ့တယ္။
အိမ္နီးနားခ်င္းေတြက ဝီလွ်ံေလဒီယိုျပင္တတ္တယ္ဆိုတဲ့ သတင္းကိုၾကားေတာ့ သူတို႔အိမ္မွာ႐ွိတဲ့ ေလဒီယိုေတြကိုျပင္ဖို႔ လာပို႔ပါတယ္။ ဝီလွ်ံျပင္လို႔ ေကာင္းသြားတဲ့ ေလဒီယိုကိုၾကည့္ၿပီး သူတို႔ လက္မေထာင္ၾကတယ္။ ဝီလွ်ံကိုလည္း “သိပၸံပညာ႐ွင္” လို႔ ခ်ီးက်ဴးၾကတယ္။
ဒီလိုေအာင္ျမင္မႈက ဝီလွ်ံကို ေက်နပ္အားရေစခဲ့တယ္။ သိပၸံပညာရပ္အေပၚ ပထမဆံုးအႀကိမ္ သူစိတ္ဝင္စားစိတ္ျဖစ္လာခဲ့တယ္။
အလယ္တန္းေရာက္ရင္ သိပၸံဘာသာရပ္ေတြအမ်ားႀကီးသင္ယူႏိုင္တယ္၊ လက္ေတြ႔လုပ္ႏိုင္တယ္လို႔ သူသိရေတာ့ သူ႔ကိုယ္သူအျမန္ႀကီးျပင္းၿပီး အလယ္တန္းတက္လိုစိတ္ေတြ သူျဖစ္ခဲ့တယ္။
ဒါေပမယ့္ ဒီလိုသာမန္တဲ့သူ႔ဆႏၵ၊ သူ႔ရည္မွန္းခ်က္က သူနဲ႔လဲႊေခ်ာ္သြားခဲ့ပါတယ္။ ဆာေလာင္ငတ္မြတ္ျခင္းက သူတို႔႐ြာဆီ ကူးစက္လာခဲ့တယ္။ သစ္ျမစ္ေတြစားရဖို႔ေတာင္ အေတာ္ခက္ခဲခဲ့တယ္။ လူေတာ္ေတာ္မ်ားမ်ားက ငတ္မြတ္ဒဏ္ေၾကာင့္ ေသဆံုးခဲ့ၾကရတယ္။ တခ်ဳိ႕က ၿမိဳ႕ေပၚေ႐ွာင္တိမ္းၾကတယ္။ ကံေကာင္းေထာက္မစြာနဲ႔ အငတ္ေဘးကေန ဝီလွ်ံလႊတ္ေျမာက္ခဲ့ေပမယ့္ ေက်ာင္းဆက္တက္ဖို႔ ေက်ာင္းလခမေပးႏိုင္ခဲ့ေတာ့ပါဘူး။
အသက္႐ွင္ေရးနဲ႔ ပညာေရးမွာ အသက္႐ွင္ေရးကိုပဲ သူေ႐ြးခ်ယ္ခဲ့လို႔ သူေက်ာင္းထြက္လိုက္ရပါတယ္။ သူ႔ေဘးပတ္ဝန္းက်င္မွာလည္း ေက်ာင္းထြက္လိုက္တဲ့ ကေလးသူငယ္ေတြ အမ်ားႀကီးပါပဲ။ ေက်ာင္းမတက္ရေတာ့ ကေလးေတြက အိမ္မွာအိပ္လိုက္၊ ေနပူလွန္းလိုက္၊ အမႈိက္လိုက္ေကာက္လိုက္၊ ေလွ်ာက္သြားလိုက္၊ ေမာင္ညီမေတြ ကူထိန္းလိုက္ပဲ လုပ္ခဲ့ရတယ္။
ဝီလွ်ံက ဘဝကိုဒီလိုမျဖတ္သန္းခ်င္ခဲ့ပါဘူး။ အသိဉာဏ္ဗဟုသုတတခ်ဳိ႕ သူသင္ယူခ်င္ေနခဲ့ပါတယ္။
ေက်ာင္းေဘးမွာ အဖဲြ႔အစည္းတစ္ခုက လွဴဒါန္းထားတဲ့ စာၾကည့္တိုက္ေလးတစ္တိုက္႐ွိပါတယ္။ စာၾကည့္တိုက္ထဲက စာအုပ္ေတာ္ေတာ္မ်ားမ်ားက အေမရိကန္ႏိုင္ငံက လွဴဒါန္းထားတာျဖစ္တယ္။ မာလဝီလို စားရမဲ့ ေသာက္ရမဲ့တဲ့ႏိုင္ငံမွာ ဘယ္သူကမွ စာၾကည့္တိုက္ထဲ ဝင္ခ်င္ၾကတာ မဟုတ္ပါဘူး။ စာၾကည့္တိုက္ထဲဝင္မယ့္အစား အမႈိက္ပဲသူတို႔လိုက္ေကာက္ၾကမွာပါ။
ဘယ္သူ႔မွမဝင္ခ်င္တဲ့ စာၾကည့္တိုက္ထဲ ဝီလွ်ံဝင္ခဲ့ပါတယ္။ စာအုပ္စင္ေပၚက ဖုန္တက္ေနတဲ့စာအုပ္ေတြကို သူေလာဘတႀကီးဖတ္ခဲ့ပါတယ္။ ဆယ္ႏွစ္ေက်ာ္အ႐ြယ္မို႔ အဂၤလိပ္စာေတြကို သူေကာင္းေကာင္းမြန္မြန္မဖတ္တတ္ခဲ့ပါဘူး။ သူနားမလည္တဲ့စကားလံုးကိုေတြ႔ရင္ စာၾကည့္တိုက္မွဴးကို သူေမးခဲ့ပါတယ္။
ေက်ာင္းေကာင္းေကာင္းမတက္ခဲ့ရလို႔ စာေတြကို ပင္ပင္ပန္းပန္းသူဖတ္ခဲ့ရေပမယ့္ ေန႔တိုင္း စာၾကည့္တုိက္မွာ သူစာလာဖတ္ခဲ့တယ္။ သူအႏွစ္သက္ဆံုးစာအုပ္က လွ်ပ္စစ္နဲ႔ပတ္သက္တဲ့စာအုပ္ေတြပဲျဖစ္တယ္။ စာေတြဖတ္ရင္း အေရးပါတဲ့အခ်က္အလက္ေတြကို မေမ့ေအာင္ မွတ္စုစာအုပ္မွာ သူေရးမွတ္ခဲ့တယ္။
တစ္ေန႔မွာ လွ်ပ္စစ္စာအုပ္တစ္အုပ္ကို သူေတြ႔လိုက္မိတယ္။ စာအုပ္မ်က္ႏွာဖံုးမွာ အျဖဴေရာင္တာဝါတိုင္တစ္ခု ဆဲြထားတယ္။ တာဝါတိုင္ေပၚမွာ ႀကီးမားတဲ့ေလပန္ကာ ၃႐ြက္ပါတယ္။ ပထမဆံုးအႀကိမ္ ေလရဟတ္ဆိုတာကို သူသိခဲ့ရတယ္။ ေလရဟတ္နဲ႔ လွ်ပ္စစ္ထုတ္ႏိုင္ေၾကာင္းကို သူသိလိုက္တယ္။ ဒီလိုသိရတာကို သူအရမ္းဝမ္းသာမိတယ္။ မာလဝီမွာ လိုအပ္ေနတာက လွ်ပ္စစ္မီးပါ။ တစ္ႏိုင္ငံလံုးမွာ ၂% ေလာက္လူေတြပဲ လွ်ပ္စစ္မီးသံုးႏိုင္ခဲ့တယ္။ ဒါေတာင္ မီးက လာလိုက္မလာလိုက္ပါ။ အိမ္မွာ လွ်ပ္စစ္မီး႐ွိဖို႔ သူေမွ်ာ္လင့္ခဲ့ပါတယ္။ လွ်ပ္စစ္မီးေရာင္ေအာက္မွာ စာဖတ္ရဖို႔ကို သူအေမွ်ာ္လင့္ႀကီး ေမွ်ာ္လင့္ခဲ့ပါတယ္။
အဲဒီလိုနဲ႔ အသက္၁၄ႏွစ္အ႐ြယ္ ဝီလွ်ံဟာ ေလရဟတ္တစ္စင္းလုပ္ဖို႔ ဆံုးျဖတ္ခဲ့ပါတယ္။
ေလရဟတ္လုပ္ဖို႔ ပစၥည္းေတြမ႐ွိေတာ့ ဘယ္လိုလုပ္မလဲ…
ဒါဟာ ဝီလွ်ံအတြက္ မခက္ခဲခဲ့ပါဘူး။ အမႈိက္ပံုထဲကေန ဖိနပ္စုပ္၊ သံေခ်းအထပ္ထပ္တက္ေနတဲ့ လွ်ပ္စစ္ပစၥည္းေဟာင္းေတြကို သူေကာင္းယူၿပီး ေဆးေက်ာသန္႔စင္ပါတယ္။ လြန္းပူမ႐ွိေတာ့ သံေခ်ာင္း႐ွည္နဲ႔သူအစားထိုးတယ္။ ပလာယာမ႐ွိေတာ့ စက္ဘီးစဘုတ္တံနဲ႔ သူအစားထိုးတယ္။
လုပ္ႏိုင္တဲ့ပစၥည္းေတြနဲ႔ လုပ္နည္းအမ်ဳိးမ်ဳိးကို သူစဥ္းစားခဲ့ပါတယ္။ ေလရဟတ္ေထာက္တိုင္လုပ္ဖို႔ ပစၥည္း႐ွာမေတြ႔ခဲ့လို႔ ဖခင္ျဖစ္သူကိုေမးၿပီး အိမ္မွာ႐ွိတဲ့တစ္ခုတည္းေသာ စက္ဘီးစုတ္ကို သူဖ်က္ပစ္လိုက္ပါတယ္။ ဖခင္က စစခ်င္းမွာ သေဘာမတူခဲ့ေပမယ့္ ဝီလွ်ံရဲ႕တတြတ္တြတ္ေတာင္းဆိုမႈေၾကာင့္ ေနာက္ဆံုးမွာ ခြင့္ျပဳလိုက္ရတယ္။
ဝီလွ်ံတစ္ေယာက္ ေလရဟတ္လုပ္ေနတယ္ဆိုတဲ့ သတင္းကို တစ္႐ြာလံုးသိသြားခဲ့တယ္။ အားလံုးက တအ့ံတၾသနဲ႔ “ငတံုးေလး… မင္းျဖစ္မွာမဟုတ္ဘူးကြာ”၊ “ဒီကေလးေလး.. အရမ္းစိတ္ကူးယွဥ္လြန္းတယ္” လို႔ ေလွာင္ရယ္ၾကတယ္။
သူ႔ေၾကာင့္ မိခင္က ေဒါသမ်က္ရည္မ်က္ရည္အဝဲသားနဲ႔ “ဆက္မလုပ္နဲ႔ေတာ့.. ဒီလိုဆက္လုပ္ေနရင္ ေနာက္ဆို သားကိုဘယ္သူမွ ယူရဲမွာမဟုတ္ဘူး”လို႔ဆိုတယ္။ လူအမ်ားက သူ႔ကို “င႐ူးေလး”လို႔ေခၚၾကတယ္။
လူေတြဘယ္လိုပဲ ေလွာင္ရယ္ပါေစ၊ ဘယ္လိုပဲ အတားအဆီး႐ွိပါေစ ဝီလွ်ံရဲ႕စိတ္ကူးအိပ္မက္ကို မတားဆီးႏိုင္ခဲ့ပါဘူး။ သူရဲ႕ေလရဟတ္က တစ္ေန႔ထက္တစ္ေန႔ ပံုပီလာခဲ့ပါတယ္။ ေလလာတာနဲ႔ ရဟတ္က စတင္လွည္ပတ္ေတာ့မယ္။ သူ႔လက္မွာဆုတ္ကိုင္ထားတဲ့ မီးသီးေလး မီးလင္းလာခဲ့ေတာ့မယ္။
ေလကို သူေစာင့္ေနခဲ့ပါတယ္။ တစ္စကၠန္႔၊ တစ္မိနစ္နဲ႔ ေလအတိုက္ကို သူေစာင့္ေနခဲ့ပါတယ္။
ေနာက္ဆံုးမွာ ေလလာပါၿပီ… သူ႔လက္ထဲက မီးသီးေလး မီးလင္းလာခဲ့ပါၿပီ။ သူ႔ကိုေလွာင္ရယ္ဖို႔ ေစာင့္ေနတဲ့သူေတြ ပါးစပ္အေဟာင္းသားနဲ႔ ဘာမွမေျပာႏိုင္ခဲ့ေတာ့ပါဘူး။
ဝီလွ်ံေအာင္ျမင္ခဲ့ပါၿပီ။ အဲဒီေနာက္ ပိုေကာင္းတဲ့ေလရဟတ္ကို သူလုပ္ႏိုင္ခဲ့ၿပီး တစ္႐ြာလံုးအတြက္ လွ်ပ္စစ္မီးကို သူေပးႏိုင္ခဲ့ပါတယ္။ ေလရဟတ္နဲ႔ လွ်ပ္စစ္မီးေပးႏိုင္႐ံုတင္မက ေရစုပ္တာ၊ ဖုန္းဓာတ္အားသြင္းတာေတြပါ လုပ္ႏိုင္ခဲ့ပါတယ္။
ဝီလွ်ံရဲ႕နာမည္ကို လူေတြသတိထားလာခဲ့မိၾကပါတယ္။ ကိုယ့္လုပ္အား၊ ကိုယ့္တီထြင္အားနဲ႔ တစ္႐ြာလံုးကို မီးေပးႏိုင္တဲ့ William Kamkwamba လို႔ေခၚတဲ့ သိပၸံပညာ႐ွင္လူငယ္တစ္ေယာက္ကို လူေတြသိလာခဲ့ၾကပါတယ္။
ဒီလိုထူးခၽြန္ထက္ျမက္တဲ့လူငယ္တစ္ေယာက္ကို အစိုးရက ဘာလို႔ ေတာ႐ြာတစ္႐ြာမွာ အလဟႆျဖစ္ေစမလဲ။
ဝီလွ်ံေက်ာင္းျပန္တက္ရပါၿပီ။ လူငယ္သိပၸံပညာ႐ွင္တစ္ဦးအေနနဲ႔ ႏိုင္ငံတကာအစည္းအေဝးပဲြမွာ သူပါဝင္ခြင့္ရခဲ့ပါတယ္။ ကမာၻ႔အႏွံ႔လွည့္လည္ၿပီး ေဟာေျပာမႈေတြ သူလုပ္ခဲ့ရပါတယ္။ အဲဒီအျပင္ အေမရိကန္ Dartmouth College က ပညာသင္ဆုကိုလည္း သူရ႐ွိခဲ့ပါတယ္။
လူတခ်ဳိ႕က အျမင့္ကိုတက္လွမ္းလိုစိတ္႐ွိေပမယ့္ အျမင့္ကို မေရာက္ႏိုင္ခဲ့ၾကဘူး။ အာဖရိကက အသက္ ၁ဝႏွစ္ေက်ာ္ေကာင္ေလးတစ္ေယာက္ကေတာ့ အေရာက္သြားႏိုင္ခဲ့ပါၿပီ။ သူဟာ တေလာကလံုးရဲ႕စံျပပုဂၢိဳလ္ျဖစ္ခဲ့ပါတယ္။ ဇဲြ႐ွိရင္ ကိုယ့္စိတ္ကူးအိပ္မက္ကို ႀကံ့ႀကံ့ခံရင္ “ေလ” အေရာက္လာလိမ့္မယ္လို႔ လူေတြကို သူသိေစခဲ့ပါတယ္။
ေဟာေျပာပဲြတစ္ခုမွာ သူေျပာခဲ့သလိုပါပဲ.. “I tried and I did it” တဲ့။ “The Boy Who Harnessed the Wind” ဆိုတဲ့ စာအုပ္တစ္အုပ္ကိုပါ သူေရးသားထုတ္ေဝႏိုင္ခဲ့ပါတယ္။
https://en.wikipedia.org/wiki/William_Kamkwamba
https://www.youtube.com/watch?v=G8yKFVPOD6o
ႏိုင္းႏိုင္းစေန (The Chic မဂၢဇင္း)
.............................................
လေကိုစောင့်တဲ့ ကောင်ကလေး
ဝီလျှံကို အာဖရိကတိုက် မာလဝီဆိုတဲ့နိုင်ငံမှာ မွေးဖွားခဲ့တယ်။ ဒီတိုင်းပြည်ဟာ ဆင်းရဲခြင်း၊ ခေတ်နောက်ကျခြင်း၊ အစာရေဆာငတ်ပြတ်ခြင်း၊ ရောဂါဘယထူထပ်ခြင်းတွေရှိခဲ့တယ်။ အသားဟင်းတစ်ခွက်စားရတာဟာ သူတို့အတွက် ဘုရားပေးတဲ့ဆုပဲဖြစ်တယ်။
ဝီလျှံကို ရွာတစ်ရွာက သာမန်လယ်သမားမိသားစုတစ်စုက မွေးဖွားခဲ့တယ်။ သူတို့မှာတီဗွီမရှိဘူး။ ဖြေဖျော်ရေးအတွက်ဆိုလို့ ဟောင်းအိုတဲ့လေဒီယိုတစ်လုံးပဲ သူတို့မှာရှိခဲ့တယ်။ လေဒီယိုကလွှင့်တဲ့ အသံအမျိုးမျိုးကိုသာ သူတို့နားထောင်ခွင့်ရခဲ့တယ်။
ဆိုးပေလို့ကောင်းတဲ့အရွယ်မို့ ဝီလျှံဟာ ငြိမ်ငြိမ်မနေနိုင်ခဲ့ပါဘူး။ နေ့တိုင်း လေဒီယိုဘေးမှာ မှောက်ပြီး ထူးဆန်းတဲ့အသံတွေထွက်လာတတ်တဲ့ လေးထောင့်ဗူးလေးကိုပဲ စိုက်ကြည့်ခဲ့တယ်။ အသံတွေဘယ်ကနေထွက်လာပါလိမ့်လို့ သူတွေးခဲ့တယ်။
မိဘကိုမေးကြည့်တော့ မသိဘူးလို့ခေါင်းခါပြတယ်။
ဆရာကို မေးကြည့်တော့ ဆရာကလည်း သေချာတဲ့အဖြေ မပေးနိုင်ခဲ့ဘူး။
သိလိုစိတ်တွေ ဝီလျှံ့ရင်ထဲပြင်းပြနေခဲ့လို့ အိမ်မှာရှိတဲ့တစ်ခုတည်းသော လျှပ်စစ်ပစ္စည်းလေဒီယိုကို တစ်စစီသူဖြုတ်ကြည့်ခဲ့တယ်။
အိမ်မှာရှိတဲ့လေဒီယိုက လိုင်းပူးပြီး ရှုပ်ထွေးတဲ့အသံတွေထွက်ပေါ်တတ်ပါတယ်။ ဝီလျှံက လေဒီယိုကို ဖြုတ်လိုက် ပြန်တပ်လိုက်နဲ့ အကြိမ်ကြိမ်အဖန်ဖန်စမ်းသပ်ခဲ့လို့ နောက်ဆုံးမှာ ရှုပ်ထွေးတဲ့အသံ ဘာကြောင့် ထွက်ပေါ်လာသလဲဆိုတဲ့အဖြေကို သူရသွားခဲ့တယ်။ အဲဒီနောက် လေဒီယိုကိုသူပြင်တယ်။ ဝါယာကြိုးကိုသာ အသုံးပြုပြီး သူပြင်ခဲ့တယ်။
အကြိမ်ကြိမ်အခါခါ ပြင်ဆင်ပြီးနောက် လေဒီယိုဟာကောင်းသွားခဲ့တယ်။
အိမ်နီးနားချင်းတွေက ဝီလျှံလေဒီယိုပြင်တတ်တယ်ဆိုတဲ့ သတင်းကိုကြားတော့ သူတို့အိမ်မှာရှိတဲ့ လေဒီယိုတွေကိုပြင်ဖို့ လာပို့ပါတယ်။ ဝီလျှံပြင်လို့ ကောင်းသွားတဲ့ လေဒီယိုကိုကြည့်ပြီး သူတို့ လက်မထောင်ကြတယ်။ ဝီလျှံကိုလည်း “သိပ္ပံပညာရှင်” လို့ ချီးကျူးကြတယ်။
ဒီလိုအောင်မြင်မှုက ဝီလျှံကို ကျေနပ်အားရစေခဲ့တယ်။ သိပ္ပံပညာရပ်အပေါ် ပထမဆုံးအကြိမ် သူစိတ်ဝင်စားစိတ်ဖြစ်လာခဲ့တယ်။
အလယ်တန်းရောက်ရင် သိပ္ပံဘာသာရပ်တွေအများကြီးသင်ယူနိုင်တယ်၊ လက်တွေ့လုပ်နိုင်တယ်လို့ သူသိရတော့ သူ့ကိုယ်သူအမြန်ကြီးပြင်းပြီး အလယ်တန်းတက်လိုစိတ်တွေ သူဖြစ်ခဲ့တယ်။
ဒါပေမယ့် ဒီလိုသာမန်တဲ့သူ့ဆန္ဒ၊ သူ့ရည်မှန်းချက်က သူနဲ့လွှဲချော်သွားခဲ့ပါတယ်။ ဆာလောင်ငတ်မွတ်ခြင်းက သူတို့ရွာဆီ ကူးစက်လာခဲ့တယ်။ သစ်မြစ်တွေစားရဖို့တောင် အတော်ခက်ခဲခဲ့တယ်။ လူတော်တော်များများက ငတ်မွတ်ဒဏ်ကြောင့် သေဆုံးခဲ့ကြရတယ်။ တချို့က မြို့ပေါ်ရှောင်တိမ်းကြတယ်။ ကံကောင်းထောက်မစွာနဲ့ အငတ်ဘေးကနေ ဝီလျှံလွှတ်မြောက်ခဲ့ပေမယ့် ကျောင်းဆက်တက်ဖို့ ကျောင်းလခမပေးနိုင်ခဲ့တော့ပါဘူး။
အသက်ရှင်ရေးနဲ့ ပညာရေးမှာ အသက်ရှင်ရေးကိုပဲ သူရွေးချယ်ခဲ့လို့ သူကျောင်းထွက်လိုက်ရပါတယ်။ သူ့ဘေးပတ်ဝန်းကျင်မှာလည်း ကျောင်းထွက်လိုက်တဲ့ ကလေးသူငယ်တွေ အများကြီးပါပဲ။ ကျောင်းမတက်ရတော့ ကလေးတွေက အိမ်မှာအိပ်လိုက်၊ နေပူလှန်းလိုက်၊ အမှိုက်လိုက်ကောက်လိုက်၊ လျှောက်သွားလိုက်၊ မောင်ညီမတွေ ကူထိန်းလိုက်ပဲ လုပ်ခဲ့ရတယ်။
ဝီလျှံက ဘဝကိုဒီလိုမဖြတ်သန်းချင်ခဲ့ပါဘူး။ အသိဉာဏ်ဗဟုသုတတချို့ သူသင်ယူချင်နေခဲ့ပါတယ်။
ကျောင်းဘေးမှာ အဖွဲ့အစည်းတစ်ခုက လှူဒါန်းထားတဲ့ စာကြည့်တိုက်လေးတစ်တိုက်ရှိပါတယ်။ စာကြည့်တိုက်ထဲက စာအုပ်တော်တော်များများက အမေရိကန်နိုင်ငံက လှူဒါန်းထားတာဖြစ်တယ်။ မာလဝီလို စားရမဲ့ သောက်ရမဲ့တဲ့နိုင်ငံမှာ ဘယ်သူကမှ စာကြည့်တိုက်ထဲ ဝင်ချင်ကြတာ မဟုတ်ပါဘူး။ စာကြည့်တိုက်ထဲဝင်မယ့်အစား အမှိုက်ပဲသူတို့လိုက်ကောက်ကြမှာပါ။
ဘယ်သူ့မှမဝင်ချင်တဲ့ စာကြည့်တိုက်ထဲ ဝီလျှံဝင်ခဲ့ပါတယ်။ စာအုပ်စင်ပေါ်က ဖုန်တက်နေတဲ့စာအုပ်တွေကို သူလောဘတကြီးဖတ်ခဲ့ပါတယ်။ ဆယ်နှစ်ကျော်အရွယ်မို့ အင်္ဂလိပ်စာတွေကို သူကောင်းကောင်းမွန်မွန်မဖတ်တတ်ခဲ့ပါဘူး။ သူနားမလည်တဲ့စကားလုံးကိုတွေ့ရင် စာကြည့်တိုက်မှူးကို သူမေးခဲ့ပါတယ်။
ကျောင်းကောင်းကောင်းမတက်ခဲ့ရလို့ စာတွေကို ပင်ပင်ပန်းပန်းသူဖတ်ခဲ့ရပေမယ့် နေ့တိုင်း စာကြည့်တိုက်မှာ သူစာလာဖတ်ခဲ့တယ်။ သူအနှစ်သက်ဆုံးစာအုပ်က လျှပ်စစ်နဲ့ပတ်သက်တဲ့စာအုပ်တွေပဲဖြစ်တယ်။ စာတွေဖတ်ရင်း အရေးပါတဲ့အချက်အလက်တွေကို မမေ့အောင် မှတ်စုစာအုပ်မှာ သူရေးမှတ်ခဲ့တယ်။
တစ်နေ့မှာ လျှပ်စစ်စာအုပ်တစ်အုပ်ကို သူတွေ့လိုက်မိတယ်။ စာအုပ်မျက်နှာဖုံးမှာ အဖြူရောင်တာဝါတိုင်တစ်ခု ဆွဲထားတယ်။ တာဝါတိုင်ပေါ်မှာ ကြီးမားတဲ့လေပန်ကာ ၃ရွက်ပါတယ်။ ပထမဆုံးအကြိမ် လေရဟတ်ဆိုတာကို သူသိခဲ့ရတယ်။ လေရဟတ်နဲ့ လျှပ်စစ်ထုတ်နိုင်ကြောင်းကို သူသိလိုက်တယ်။ ဒီလိုသိရတာကို သူအရမ်းဝမ်းသာမိတယ်။ မာလဝီမှာ လိုအပ်နေတာက လျှပ်စစ်မီးပါ။ တစ်နိုင်ငံလုံးမှာ ၂% လောက်လူတွေပဲ လျှပ်စစ်မီးသုံးနိုင်ခဲ့တယ်။ ဒါတောင် မီးက လာလိုက်မလာလိုက်ပါ။ အိမ်မှာ လျှပ်စစ်မီးရှိဖို့ သူမျှော်လင့်ခဲ့ပါတယ်။ လျှပ်စစ်မီးရောင်အောက်မှာ စာဖတ်ရဖို့ကို သူအမျှော်လင့်ကြီး မျှော်လင့်ခဲ့ပါတယ်။
အဲဒီလိုနဲ့ အသက်၁၄နှစ်အရွယ် ဝီလျှံဟာ လေရဟတ်တစ်စင်းလုပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
လေရဟတ်လုပ်ဖို့ ပစ္စည်းတွေမရှိတော့ ဘယ်လိုလုပ်မလဲ…
ဒါဟာ ဝီလျှံအတွက် မခက်ခဲခဲ့ပါဘူး။ အမှိုက်ပုံထဲကနေ ဖိနပ်စုပ်၊ သံချေးအထပ်ထပ်တက်နေတဲ့ လျှပ်စစ်ပစ္စည်းဟောင်းတွေကို သူကောင်းယူပြီး ဆေးကျောသန့်စင်ပါတယ်။ လွန်းပူမရှိတော့ သံချောင်းရှည်နဲ့သူအစားထိုးတယ်။ ပလာယာမရှိတော့ စက်ဘီးစဘုတ်တံနဲ့ သူအစားထိုးတယ်။
လုပ်နိုင်တဲ့ပစ္စည်းတွေနဲ့ လုပ်နည်းအမျိုးမျိုးကို သူစဉ်းစားခဲ့ပါတယ်။ လေရဟတ်ထောက်တိုင်လုပ်ဖို့ ပစ္စည်းရှာမတွေ့ခဲ့လို့ ဖခင်ဖြစ်သူကိုမေးပြီး အိမ်မှာရှိတဲ့တစ်ခုတည်းသော စက်ဘီးစုတ်ကို သူဖျက်ပစ်လိုက်ပါတယ်။ ဖခင်က စစချင်းမှာ သဘောမတူခဲ့ပေမယ့် ဝီလျှံရဲ့တတွတ်တွတ်တောင်းဆိုမှုကြောင့် နောက်ဆုံးမှာ ခွင့်ပြုလိုက်ရတယ်။
ဝီလျှံတစ်ယောက် လေရဟတ်လုပ်နေတယ်ဆိုတဲ့ သတင်းကို တစ်ရွာလုံးသိသွားခဲ့တယ်။ အားလုံးက တအ့ံတသြနဲ့ “ငတုံးလေး… မင်းဖြစ်မှာမဟုတ်ဘူးကွာ”၊ “ဒီကလေးလေး.. အရမ်းစိတ်ကူးယှဉ်လွန်းတယ်” လို့ လှောင်ရယ်ကြတယ်။
သူ့ကြောင့် မိခင်က ဒေါသမျက်ရည်မျက်ရည်အဝဲသားနဲ့ “ဆက်မလုပ်နဲ့တော့.. ဒီလိုဆက်လုပ်နေရင် နောက်ဆို သားကိုဘယ်သူမှ ယူရဲမှာမဟုတ်ဘူး”လို့ဆိုတယ်။ လူအများက သူ့ကို “ငရူးလေး”လို့ခေါ်ကြတယ်။
လူတွေဘယ်လိုပဲ လှောင်ရယ်ပါစေ၊ ဘယ်လိုပဲ အတားအဆီးရှိပါစေ ဝီလျှံရဲ့စိတ်ကူးအိပ်မက်ကို မတားဆီးနိုင်ခဲ့ပါဘူး။ သူရဲ့လေရဟတ်က တစ်နေ့ထက်တစ်နေ့ ပုံပီလာခဲ့ပါတယ်။ လေလာတာနဲ့ ရဟတ်က စတင်လှည်ပတ်တော့မယ်။ သူ့လက်မှာဆုတ်ကိုင်ထားတဲ့ မီးသီးလေး မီးလင်းလာခဲ့တော့မယ်။
လေကို သူစောင့်နေခဲ့ပါတယ်။ တစ်စက္ကန့်၊ တစ်မိနစ်နဲ့ လေအတိုက်ကို သူစောင့်နေခဲ့ပါတယ်။
နောက်ဆုံးမှာ လေလာပါပြီ… သူ့လက်ထဲက မီးသီးလေး မီးလင်းလာခဲ့ပါပြီ။ သူ့ကိုလှောင်ရယ်ဖို့ စောင့်နေတဲ့သူတွေ ပါးစပ်အဟောင်းသားနဲ့ ဘာမှမပြောနိုင်ခဲ့တော့ပါဘူး။
ဝီလျှံအောင်မြင်ခဲ့ပါပြီ။ အဲဒီနောက် ပိုကောင်းတဲ့လေရဟတ်ကို သူလုပ်နိုင်ခဲ့ပြီး တစ်ရွာလုံးအတွက် လျှပ်စစ်မီးကို သူပေးနိုင်ခဲ့ပါတယ်။ လေရဟတ်နဲ့ လျှပ်စစ်မီးပေးနိုင်ရုံတင်မက ရေစုပ်တာ၊ ဖုန်းဓာတ်အားသွင်းတာတွေပါ လုပ်နိုင်ခဲ့ပါတယ်။
ဝီလျှံရဲ့နာမည်ကို လူတွေသတိထားလာခဲ့မိကြပါတယ်။ ကိုယ့်လုပ်အား၊ ကိုယ့်တီထွင်အားနဲ့ တစ်ရွာလုံးကို မီးပေးနိုင်တဲ့ William Kamkwamba လို့ခေါ်တဲ့ သိပ္ပံပညာရှင်လူငယ်တစ်ယောက်ကို လူတွေသိလာခဲ့ကြပါတယ်။
ဒီလိုထူးချွန်ထက်မြက်တဲ့လူငယ်တစ်ယောက်ကို အစိုးရက ဘာလို့ တောရွာတစ်ရွာမှာ အလဟဿဖြစ်စေမလဲ။
ဝီလျှံကျောင်းပြန်တက်ရပါပြီ။ လူငယ်သိပ္ပံပညာရှင်တစ်ဦးအနေနဲ့ နိုင်ငံတကာအစည်းအဝေးပွဲမှာ သူပါဝင်ခွင့်ရခဲ့ပါတယ်။ ကမ္ဘာ့အနှံ့လှည့်လည်ပြီး ဟောပြောမှုတွေ သူလုပ်ခဲ့ရပါတယ်။ အဲဒီအပြင် အမေရိကန် Dartmouth College က ပညာသင်ဆုကိုလည်း သူရရှိခဲ့ပါတယ်။
လူတချို့က အမြင့်ကိုတက်လှမ်းလိုစိတ်ရှိပေမယ့် အမြင့်ကို မရောက်နိုင်ခဲ့ကြဘူး။ အာဖရိကက အသက် ၁ဝနှစ်ကျော်ကောင်လေးတစ်ယောက်ကတော့ အရောက်သွားနိုင်ခဲ့ပါပြီ။ သူဟာ တလောကလုံးရဲ့စံပြပုဂ္ဂိုလ်ဖြစ်ခဲ့ပါတယ်။ ဇွဲရှိရင် ကိုယ့်စိတ်ကူးအိပ်မက်ကို ကြံ့ကြံ့ခံရင် “လေ” အရောက်လာလိမ့်မယ်လို့ လူတွေကို သူသိစေခဲ့ပါတယ်။
ဟောပြောပွဲတစ်ခုမှာ သူပြောခဲ့သလိုပါပဲ.. “I tried and I did it” တဲ့။ “The Boy Who Harnessed the Wind” ဆိုတဲ့ စာအုပ်တစ်အုပ်ကိုပါ သူရေးသားထုတ်ဝေနိုင်ခဲ့ပါတယ်။
https://en.wikipedia.org/wiki/William_Kamkwamba
https://www.youtube.com/watch?v=G8yKFVPOD6o
နိုင်းနိုင်းစနေ (The Chic မဂ္ဂဇင်း)
0 comments:
Post a Comment