ေတာင္းရမ္းစားေသာက္မႈပိတ္ပင္ေရးဥပေဒသစ္ ထုိင္းႏုိင္ငံ၌ အတည္ျပဳ


ဗန္ေကာက္ မတ္ ၆

ထုိင္းႏုိင္ငံ၌ အမ်ားျပည္သူဆုိင္ရာ ေနရာမ်ားတြင္ ေတာင္းရမ္းစားေသာက္မႈျပဳလုပ္ျခင္းကို ပိတ္ပင္ရန္ႏွင့္ လမ္းေဘးျပပြဲ၊ ေဖ်ာ္ေျဖပြဲျပဳလုပ္ျခင္းမွတစ္ဆင့္ ေငြရွာျခင္းတုိ႔ကို ထိန္းခ်ဳပ္ႏုိင္ရန္ အမ်ဳိးသားဥပေဒျပဳလႊတ္ေတာ္က ဥပေဒတစ္ရပ္ကုိ အတည္ျပဳေပးလုိက္ၿပီျဖစ္ေၾကာင္း ေဒသဆုိင္ရာ သတင္းဌာနမ်ားက မတ္ ၆ ရက္တြင္ သတင္းထုတ္ျပန္သည္။

ယခု အတည္ျပဳေပးလုိက္ေသာ ဥပေဒသစ္သည္ လြန္ခဲ့သည့္ ၇၅ ႏွစ္က ျပ႒ာန္းခဲ့ေသာ ေတာင္းရမ္း စားေသာက္ျခင္း ပိတ္ပင္ေရးဥပေဒ၏ေနရာတြင္ အစားထုိး မည္ျဖစ္သည္။ ဥပေဒသစ္အရ ေတာင္းရမ္းစားေသာက္ျခင္းကုိ ျပစ္မႈေျမာက္သည့္လုပ္ရပ္အျဖစ္သတ္မွတ္ၿပီး ေတာင္းရမ္းစားေသာက္မႈ အားေပးသူမ်ားကုိလည္း ျပစ္ဒဏ္ခ်မွတ္ႏုိင္မည္ျဖစ္သည္။

အမ်ားျပည္သူဆုိင္ရာေနရာမ်ား၌ ေတာင္းရမ္း စားေသာက္ေနသည္ကုိ ေတြ႕ျမင္သည္ႏွင့္တစ္ၿပိဳင္နက္ ၄င္းကုိ ရဲတပ္ဖြဲ႕က ဖမ္းဆီးကာ ထုိင္းလူမ်ဳိးျဖစ္ပါက အသက္ေမြးဝမ္းေက်ာင္း ပညာသင္ေက်ာင္းသုိ႔ လႊဲအပ္မည္ျဖစ္ၿပီး ႏုိင္ငံျခားသား ေတာင္းရမ္းသူျဖစ္ပါက ၄င္းကုိ ျပည္ႏွင္ဒဏ္ေပးမည္ျဖစ္သည္။

လမ္းေဘးတြင္ ျပပြဲ၊ ေဖ်ာ္ေျဖပြဲျပဳလုပ္ျခင္းမွ ဝင္ေငြ ရွာေဖြျခင္းကုိ ေတာင္းရမ္းစားေသာက္မႈအျဖစ္ သတ္မွတ္မည္မဟုတ္ေသာ္လည္း လုိင္စင္ခြင့္ျပဳခ်က္ရယူ၍ စနစ္တက် လုပ္ေဆာင္ရန္ ဥပေဒတြင္ေဖာ္ျပထားသည္။

ထုိင္းႏုိင္ငံ၌ ၁၉၄၁ ခုႏွစ္က ေတာင္းရမ္းစားေသာက္မႈ ထိန္းခ်ဳပ္ေရးအက္ဥပေဒကုိ ထုတ္ျပန္ခဲ့သည္။ ယင္းဥပေဒအရ ေတာင္းရမ္းစားေသာက္ျခင္းႏွင့္ လမ္းေဘးျပပြဲ၊ ေဖ်ာ္ေျဖပြဲျပဳလုပ္ျခင္းတုိ႔ကုိ ခြဲျခားသတ္မွတ္ထားျခင္း မရွိေပ။

ဆင္ဟြာ။
The Mirror Daily
https://www.facebook.com/TheMirrorDaily

..................................


ဗန်ကောက် မတ် ၆

ထိုင်းနိုင်ငံ၌ အများပြည်သူဆိုင်ရာ နေရာများတွင် တောင်းရမ်းစားသောက်မှုပြုလုပ်ခြင်းကို ပိတ်ပင်ရန်နှင့် လမ်းဘေးပြပွဲ၊ ဖျော်ဖြေပွဲပြုလုပ်ခြင်းမှတစ်ဆင့် ငွေရှာခြင်းတို့ကို ထိန်းချုပ်နိုင်ရန် အမျိုးသားဥပဒေပြုလွှတ်တော်က ဥပဒေတစ်ရပ်ကို အတည်ပြုပေးလိုက်ပြီဖြစ်ကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက မတ် ၆ ရက်တွင် သတင်းထုတ်ပြန်သည်။

ယခု အတည်ပြုပေးလိုက်သော ဥပဒေသစ်သည် လွန်ခဲ့သည့် ရ၅ နှစ်က ပြဋ္ဌာန်းခဲ့သော တောင်းရမ်း စားသောက်ခြင်း ပိတ်ပင်ရေးဥပဒေ၏နေရာတွင် အစားထိုး မည်ဖြစ်သည်။ ဥပဒေသစ်အရ တောင်းရမ်းစားသောက်ခြင်းကို ပြစ်မှုမြောက်သည့်လုပ်ရပ်အဖြစ်သတ်မှတ်ပြီး တောင်းရမ်းစားသောက်မှု အားပေးသူများကိုလည်း ပြစ်ဒဏ်ချမှတ်နိုင်မည်ဖြစ်သည်။

အများပြည်သူဆိုင်ရာနေရာများ၌ တောင်းရမ်း စားသောက်နေသည်ကို တွေ့မြင်သည်နှင့်တစ်ပြိုင်နက် ၄င်းကို ရဲတပ်ဖွဲ့က ဖမ်းဆီးကာ ထိုင်းလူမျိုးဖြစ်ပါက အသက်မွေးဝမ်းကျောင်း ပညာသင်ကျောင်းသို့ လွှဲအပ်မည်ဖြစ်ပြီး နိုင်ငံခြားသား တောင်းရမ်းသူဖြစ်ပါက ၄င်းကို ပြည်နှင်ဒဏ်ပေးမည်ဖြစ်သည်။

လမ်းဘေးတွင် ပြပွဲ၊ ဖျော်ဖြေပွဲပြုလုပ်ခြင်းမှ ဝင်ငွေ ရှာဖွေခြင်းကို တောင်းရမ်းစားသောက်မှုအဖြစ် သတ်မှတ်မည်မဟုတ်သော်လည်း လိုင်စင်ခွင့်ပြုချက်ရယူ၍ စနစ်တကျ လုပ်ဆောင်ရန် ဥပဒေတွင်ဖော်ပြထားသည်။

ထိုင်းနိုင်ငံ၌ ၁၉၄၁ ခုနှစ်က တောင်းရမ်းစားသောက်မှု ထိန်းချုပ်ရေးအက်ဥပဒေကို ထုတ်ပြန်ခဲ့သည်။ ယင်းဥပဒေအရ တောင်းရမ်းစားသောက်ခြင်းနှင့် လမ်းဘေးပြပွဲ၊ ဖျော်ဖြေပွဲပြုလုပ်ခြင်းတို့ကို ခွဲခြားသတ်မှတ်ထားခြင်း မရှိပေ။

ဆင်ဟွာ။
The Mirror Daily
https://www.facebook.com/TheMirrorDaily
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment