၂၀၁၅ ခုႏွစ္ ဇူလိုင္လတုန္းက La Reunion ကြ်န္းေပၚ ေတြ႔ရွိတဲ့ ေလယာဥ္ အစိတ္အပိုင္းကို ရဲေတြ သယ္ေဆာင္လာစဥ္ (Credit: Reuters) |
Reunion ကြ်န္းေပၚမွာ ေလယာဥ္ အပိုင္းအစကို ဒုတိယအႀကိမ္ ေတြ႔ရွိတာျဖစ္ၿပီး အရင္ႏွစ္တုန္းက ေလယာဥ္ အပိုင္းအဝ တစ္ခုကို ေတြ႔ခဲ့တဲ့ လူကပဲ ဒီရက္ပိုင္းအတြင္း ေနာက္တစ္ခုကို ေတြ႔ရွိတာ ျဖစ္ပါတယ္။
Johnny Begue ဆိုတဲ့ လူဟာ အရင္ႏွစ္ ဇူလိုင္လတုန္းကပဲ ေလယာဥ္ အစိတ္အပိုင္း တစ္ခုကို ေတြ႔ရွိၿပီး ၾကာသပေတးေန႔တုန္းက ေနာက္တစ္ခု ေတြ႔ရွိခဲ့တာပါ။
အရင္ႏွစ္တုန္းက ေလယာဥ္ အစိတ္အပိုင္းကို ေတြ႔ၿပီး သတင္းေတြႀကီးသြားကတည္းက သူ႔အေနနဲ႔ ကမ္းေျခကို ပုံမွန္သြားေရာက္ ရွာေဖြေလ့ရွိၿပီး ရာသီဥတု ဆိုးဝါးတဲ့အခါမွာ အမွဳိက္သရိုက္ေပါင္းစုံက ကမ္းေျခကို ေရာက္လာတတ္တယ္လို႔ ဆိုပါတယ္။
ၾကာသပေတးေန႔တုန္းက ေတြ႔ရွိတဲ့ အစိတ္အပိုင္းကို ရဲေတြလက္ထဲ အပ္လိုက္ၿပီ ျဖစ္ေပမယ့္ ရဲေတြက သူ႔ကို အခုအခ်ိန္အထိ ျပန္မဆက္သြယ္လာေသးဘူးလို႔ Johnny Begue က ေအအက္ဖ္ပီ သတင္းကို ေျပာသြားခဲ့ပါတယ္။
အခုတေခါက္ ေတြ႔ရွိတဲ့ အစိတ္အပိုင္းကေတာ့ စင္တီမီတာ ၄၀နဲ႔ ၂၀ ပတ္လည္ ရွိတဲ့ အစိတ္အပိုင္းတခုသာ ျဖစ္ၿပီး အေပၚပိုင္းမွာ အျပာေရာင္ အမွတ္ေတြ ပါဝင္ၿပီး ေအာက္ပိုင္းမွာေတာ့ မီးခိုးေရာင္ ျဖစ္တယ္လို႔ ဆိုပါတယ္။
အရင္ရက္ပိုင္းတုန္းကလည္း Mozambique ႏိုင္ငံ ကမ္းေျခတစ္ခုမွာ MH370 ေလယာဥ္ရဲ့ အပိုင္းအစလို႔ ယူဆရတဲ့ အရာတစ္ခုကို ေတြ႔ရွိခဲ့ၾကပါတယ္။
အခုေလာေလာဆယ္ ေပ်ာက္ဆုံးေနတဲ့ ေလယာဥ္ရဲ့ အစိတ္အပိုင္း ဟုတ္မဟုတ္ ဆိုတာကို ၾသစေၾတးလ် ႏိုင္ငံမွာ ေလ့လာစမ္းသပ္မႈေတြ လုပ္ေနၿပီ ျဖစ္ပါတယ္။
လူေပါင္း ၂၃၉ ေယာက္ တင္ေဆာင္တဲ့ Boeing 777 အမ်ဳိးအစား မေလးရွားေလယာဥ္ MH370 ဟာ ၂၀၁၄ ခုႏွစ္ မတ္လ ၈ ရက္ေန႔တုန္းက ကြာလာလမ္ပူၿမိဳ႕ကေန ေဘက်င္းၿမိဳ႕ကို အသြားမွာ ေပ်ာက္ဆုံးေနတာ ျဖစ္ပါတယ္။
ၾသစေၾတးလ်ႏိုင္ငံက ေပ်ာက္ဆုံးေနတဲ့ ေလယာဥ္ကို ဦးေဆာင္ ရွာေဖြေနတာ ျဖစ္ၿပီး ေဒၚလာ သန္းေပါင္း ၁၃၀ ေလာက္ ကုန္က်ဖို႔ရွိၿပီး မၾကာခင္မွာ ရွာေဖြမႈေတြ ရပ္တန္႔ဖို႔ စဥ္းစားေနတုန္းမွာပဲ အခုလို ေလယာဥ္ အစိတ္အပိုင္းေတြ ထပ္မံ ေတြ႔ရွိတာ ျဖစ္ပါတယ္။
ABC Radio Australia
http://www.radioaustralia.net.au/burmese
............
၂၀၁၅ ခုနှစ် ဇူလိုင်လတုန်းက La Reunion ကျွန်းပေါ် တွေ့ရှိတဲ့ လေယာဉ် အစိတ်အပိုင်းကို ရဲတွေ သယ်ဆောင်လာစဉ် (Credit: Reuters)
အိန္ဒိယ သမုဒ္ဒရာထဲက ပြင်သစ်နိုင်ငံပိုင် Reunion ကျွန်းမှာ လေယာဉ် အပိုင်းအစ တစ်ခုကို ထပ်မံ တွေ့ရှိခဲ့ရပြီး ပျောက်ဆုံးနေတဲ့ မလေးရှား လေယာဉ် MH370 ရဲ့ အစိတ်အပိုင်း ဖြစ်မယ်လို့ ယူဆနေကြပါတယ်။
Reunion ကျွန်းပေါ်မှာ လေယာဉ် အပိုင်းအစကို ဒုတိယအကြိမ် တွေ့ရှိတာဖြစ်ပြီး အရင်နှစ်တုန်းက လေယာဉ် အပိုင်းအဝ တစ်ခုကို တွေ့ခဲ့တဲ့ လူကပဲ ဒီရက်ပိုင်းအတွင်း နောက်တစ်ခုကို တွေ့ရှိတာ ဖြစ်ပါတယ်။
Johnny Begue ဆိုတဲ့ လူဟာ အရင်နှစ် ဇူလိုင်လတုန်းကပဲ လေယာဉ် အစိတ်အပိုင်း တစ်ခုကို တွေ့ရှိပြီး ကြာသပတေးနေ့တုန်းက နောက်တစ်ခု တွေ့ရှိခဲ့တာပါ။
အရင်နှစ်တုန်းက လေယာဉ် အစိတ်အပိုင်းကို တွေ့ပြီး သတင်းတွေကြီးသွားကတည်းက သူ့အနေနဲ့ ကမ်းခြေကို ပုံမှန်သွားရောက် ရှာဖွေလေ့ရှိပြီး ရာသီဥတု ဆိုးဝါးတဲ့အခါမှာ အမှိုက်သရိုက်ပေါင်းစုံက ကမ်းခြေကို ရောက်လာတတ်တယ်လို့ ဆိုပါတယ်။
ကြာသပတေးနေ့တုန်းက တွေ့ရှိတဲ့ အစိတ်အပိုင်းကို ရဲတွေလက်ထဲ အပ်လိုက်ပြီ ဖြစ်ပေမယ့် ရဲတွေက သူ့ကို အခုအချိန်အထိ ပြန်မဆက်သွယ်လာသေးဘူးလို့ Johnny Begue က အေအက်ဖ်ပီ သတင်းကို ပြောသွားခဲ့ပါတယ်။
အခုတခေါက် တွေ့ရှိတဲ့ အစိတ်အပိုင်းကတော့ စင်တီမီတာ ၄၀နဲ့ ၂၀ ပတ်လည် ရှိတဲ့ အစိတ်အပိုင်းတခုသာ ဖြစ်ပြီး အပေါ်ပိုင်းမှာ အပြာရောင် အမှတ်တွေ ပါဝင်ပြီး အောက်ပိုင်းမှာတော့ မီးခိုးရောင် ဖြစ်တယ်လို့ ဆိုပါတယ်။
အရင်ရက်ပိုင်းတုန်းကလည်း Mozambique နိုင်ငံ ကမ်းခြေတစ်ခုမှာ MH370 လေယာဉ်ရဲ့ အပိုင်းအစလို့ ယူဆရတဲ့ အရာတစ်ခုကို တွေ့ရှိခဲ့ကြပါတယ်။
အခုလောလောဆယ် ပျောက်ဆုံးနေတဲ့ လေယာဉ်ရဲ့ အစိတ်အပိုင်း ဟုတ်မဟုတ် ဆိုတာကို သြစတြေးလျ နိုင်ငံမှာ လေ့လာစမ်းသပ်မှုတွေ လုပ်နေပြီ ဖြစ်ပါတယ်။
လူပေါင်း ၂၃၉ ယောက် တင်ဆောင်တဲ့ Boeing 777 အမျိုးအစား မလေးရှားလေယာဉ် MH370 ဟာ ၂၀၁၄ ခုနှစ် မတ်လ ၈ ရက်နေ့တုန်းက ကွာလာလမ်ပူမြို့ကနေ ဘေကျင်းမြို့ကို အသွားမှာ ပျောက်ဆုံးနေတာ ဖြစ်ပါတယ်။
သြစတြေးလျနိုင်ငံက ပျောက်ဆုံးနေတဲ့ လေယာဉ်ကို ဦးဆောင် ရှာဖွေနေတာ ဖြစ်ပြီး ဒေါ်လာ သန်းပေါင်း ၁၃၀ လောက် ကုန်ကျဖို့ရှိပြီး မကြာခင်မှာ ရှာဖွေမှုတွေ ရပ်တန့်ဖို့ စဉ်းစားနေတုန်းမှာပဲ အခုလို လေယာဉ် အစိတ်အပိုင်းတွေ ထပ်မံ တွေ့ရှိတာ ဖြစ်ပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese
0 comments:
Post a Comment