တစ္နာရီ ေဒၚလာ (၂၀) ေအာက္သာ လုပ္ခရသူလား၊ ဒါဆို စက္႐ုပ္လုပ္သား ေတြကို ေနရာဖယ္ေပးရ ေတာ့မည္
လုပ္ခလစာနိမ္႔ အလုပ္ေနရာ မ်ားမွာ စက္႐ုပ္မ်ား အစားထိုး ၀င္ေရာက္ဖို႔က (၈၃) ရာခိုင္ႏႈန္းထိ ေသခ်ာ ေနၿပီဟု အိမ္ျဖဴေတာ္၏ စီးပြားေရး အႀကံေပးမ်ား ဆိုင္ရာ အဖြဲ႕ (CEA) ၏ အစီရင္ခံစာတြင္ ေဖာ္ျပ ထားသည္။
တစ္နာရီ ေဒၚလာ(၂၀) ေအာက္သာ ရရွိသူ မ်ားသည္ စက္႐ုပ္မ်ား အစားထိုး ၀င္ေရာက္မႈေၾကာင့္ အလုပ္လက္မဲ့ ျဖစ္ႏုိင္ေျခ အမ်ားဆံုး သူမ်ား ျဖစ္ၿပီးလာမည့္ ငါးႏွစ္အတြင္း ထိုအေျခအေနမ်ဳိး က်ိန္းေသ ဆိုက္ေရာက္လာ ေတာ့မည္ဟု CEA အစီရင္ခံစာက ဆိုသည္။ တစ္နာရီ ေဒၚလာ (၂၀) အထက္ ရသူမ်ား၏ အလုပ္ေနရာ မ်ားသို႔ စက္႐ုပ္မ်ား အစားထိုး ၀င္ေရာက္ႏုိင္ေျခက (၃၁) ရာခိုင္ႏႈန္းသာ ရွိၿပီး တစ္နာရီ ေဒၚလာ (၄၀) အထက္ ရသူမ်ား ေနရာသို႔ စက္႐ုပ္မ်ား အစားထိုး ၀င္ေရာက္ႏုိင္ေျခက (၄) ရာခိုင္ႏႈန္းသာ ရွိေသး ေၾကာင္းလည္း သိရသည္။
ေအာက္စဖို႔ဒ္ တကၠသိုလ္က ၂၀၁၃ ခုႏွစ္တြင္ အလုပ္အကိုင္ အမ်ဳိးအစားေပါင္း ၇၀၂ ခု၏ အနာဂတ္ အလားအလာမ်ား အေၾကာင္း ေလ့လာထားမႈ စာရင္း မ်ားကို အေျခခံၿပီး CEA က ယခု စစ္တမ္းကို ျပဳစု ထားျခင္း ျဖစ္သည္။
တစ္နာရီ လုပ္ခ ေဒၚလာ (၂၀) ေအာက္၊ ေဒၚလာ (၂၀) ႏွင့္ (၄၀) ၾကား၊ ေဒၚလာ (၄၀) အထက္ သံုးမ်ဳိးခြဲၿပီး ေလ့လာ သံုးသပ္ခဲ့ျခင္း ျဖစ္သည္။ လုပ္ငန္း နယ္ပယ္တိုင္းတြင္ စက္႐ုပ္မ်ား အစားထိုး ၀င္ေရာက္ လာမည္ ျဖစ္ေသာ္လည္း က်န္းမာေရး၊ စြမ္းအင္၊ ေငြေၾကး က႑ မ်ားတြင္ အလုပ္ေနရာ ဆံုးရံႈးမႈ ဦးဆံုးႏွင့္ အမ်ားဆံုး ျဖစ္လာဖြယ္ရွိသည္ ဟုလည္း CEA အစီရင္ခံစာက ဆိုသည္။
စက္႐ုပ္မ်ားေၾကာင့္ တစ္ဖက္တြင္ အလုပ္ေနရာ ေလ်ာ႔က်မႈမ်ား ရွိလာႏုိင္ ေသာ္လည္း တစ္ဖက္ တြင္ကား စာရင္းဇယား အခ်က္အလက္ သံုးသပ္ေရး ကၽြမ္းက်င္သူ၊ အေရာင္း ကၽြမ္းက်င္သူ စသည့္ ၪာဏကို အဓိက အားျပဳ လုပ္ကိုင္ရၿပီး စက္႐ုပ္ မ်ားကို ႀကီးၾကပ္ရသည့္ အလုပ္ေနရာမ်ား တြင္ကား လူအား ပိုမို လိုအပ္ လာမည္ဟု အစီရင္ခံစာက ဆိုသည္။
ႏုိင္ငံတကာ စက္႐ုပ္ လုပ္ငန္းမ်ား ဆိုင္ရာ အဖြဲ႕အစည္း၏ စာရင္း အရလည္း ၂၀၁၀ မွ ၂၀၁၄ အၾကားတြင္ စက္႐ုပ္ စနစ္ေပါင္း (၂၂၉၀၀၀) ထိ တင္ပုိ႔ ေရာင္းခ်ခဲ့ ရေၾကာင္း သိရသည္။ ၂၀၁၂ ခုႏွစ္ စာရင္း အရလည္း အေမရိကန္ ႏုိင္ငံတြင္ လုပ္သား တစ္ေသာင္းလွ်င္ စက္႐ုပ္ (၁၃၅) ႐ုပ္ရွိေၾကာင္း သိရသည္။ ထိုႏႈန္းသည္ ဂ်ပန္၊ ဂ်ာမနီတို႔ႏွင့္ ယွဥ္လွ်င္ကား ေနာက္ေကာက္က်ေန ေသးေၾကာင္း ေတြ႕ရသည္။
messenger news journal
...................
တစ်နာရီ ဒေါ်လာ (၂၀) အောက်သာ လုပ်ခရသူလား၊ ဒါဆို စက်ရုပ်လုပ်သား တွေကို နေရာဖယ်ပေးရ တော့မည်
လုပ်ခလစာနိမ့် အလုပ်နေရာ များမှာ စက်ရုပ်များ အစားထိုး ၀င်ရောက်ဖို့က (၈၃) ရာခိုင်နှုန်းထိ သေချာ နေပြီဟု အိမ်ဖြူတော်၏ စီးပွားရေး အကြံပေးများ ဆိုင်ရာ အဖွဲ့ (CEA) ၏ အစီရင်ခံစာတွင် ဖော်ပြ ထားသည်။
တစ်နာရီ ဒေါ်လာ(၂၀) အောက်သာ ရရှိသူ များသည် စက်ရုပ်များ အစားထိုး ၀င်ရောက်မှုကြောင့် အလုပ်လက်မဲ့ ဖြစ်နိုင်ခြေ အများဆုံး သူများ ဖြစ်ပြီးလာမည့် ငါးနှစ်အတွင်း ထိုအခြေအနေမျိုး ကျိန်းသေ ဆိုက်ရောက်လာ တော့မည်ဟု CEA အစီရင်ခံစာက ဆိုသည်။ တစ်နာရီ ဒေါ်လာ (၂၀) အထက် ရသူများ၏ အလုပ်နေရာ များသို့ စက်ရုပ်များ အစားထိုး ၀င်ရောက်နိုင်ခြေက (၃၁) ရာခိုင်နှုန်းသာ ရှိပြီး တစ်နာရီ ဒေါ်လာ (၄၀) အထက် ရသူများ နေရာသို့ စက်ရုပ်များ အစားထိုး ၀င်ရောက်နိုင်ခြေက (၄) ရာခိုင်နှုန်းသာ ရှိသေး ကြောင်းလည်း သိရသည်။
အောက်စဖို့ဒ် တက္ကသိုလ်က ၂၀၁၃ ခုနှစ်တွင် အလုပ်အကိုင် အမျိုးအစားပေါင်း ရ၀၂ ခု၏ အနာဂတ် အလားအလာများ အကြောင်း လေ့လာထားမှု စာရင်း များကို အခြေခံပြီး CEA က ယခု စစ်တမ်းကို ပြုစု ထားခြင်း ဖြစ်သည်။
တစ်နာရီ လုပ်ခ ဒေါ်လာ (၂၀) အောက်၊ ဒေါ်လာ (၂၀) နှင့် (၄၀) ကြား၊ ဒေါ်လာ (၄၀) အထက် သုံးမျိုးခွဲပြီး လေ့လာ သုံးသပ်ခဲ့ခြင်း ဖြစ်သည်။ လုပ်ငန်း နယ်ပယ်တိုင်းတွင် စက်ရုပ်များ အစားထိုး ၀င်ရောက် လာမည် ဖြစ်သော်လည်း ကျန်းမာရေး၊ စွမ်းအင်၊ ငွေကြေး ကဏ္ဍ များတွင် အလုပ်နေရာ ဆုံးရှုံးမှု ဦးဆုံးနှင့် အများဆုံး ဖြစ်လာဖွယ်ရှိသည် ဟုလည်း CEA အစီရင်ခံစာက ဆိုသည်။
စက်ရုပ်များကြောင့် တစ်ဖက်တွင် အလုပ်နေရာ လျော့ကျမှုများ ရှိလာနိုင် သော်လည်း တစ်ဖက် တွင်ကား စာရင်းဇယား အချက်အလက် သုံးသပ်ရေး ကျွမ်းကျင်သူ၊ အရောင်း ကျွမ်းကျင်သူ စသည့် ဉာဏကို အဓိက အားပြု လုပ်ကိုင်ရပြီး စက်ရုပ် များကို ကြီးကြပ်ရသည့် အလုပ်နေရာများ တွင်ကား လူအား ပိုမို လိုအပ် လာမည်ဟု အစီရင်ခံစာက ဆိုသည်။
နိုင်ငံတကာ စက်ရုပ် လုပ်ငန်းများ ဆိုင်ရာ အဖွဲ့အစည်း၏ စာရင်း အရလည်း ၂၀၁၀ မှ ၂၀၁၄ အကြားတွင် စက်ရုပ် စနစ်ပေါင်း (၂၂၉၀၀၀) ထိ တင်ပို့ ရောင်းချခဲ့ ရကြောင်း သိရသည်။ ၂၀၁၂ ခုနှစ် စာရင်း အရလည်း အမေရိကန် နိုင်ငံတွင် လုပ်သား တစ်သောင်းလျှင် စက်ရုပ် (၁၃၅) ရုပ်ရှိကြောင်း သိရသည်။ ထိုနှုန်းသည် ဂျပန်၊ ဂျာမနီတို့နှင့် ယှဉ်လျှင်ကား နောက်ကောက်ကျနေ သေးကြောင်း တွေ့ရသည်။
messenger news journal
0 comments:
Post a Comment