မြောက်ကိုရီယားအပေါ် ကုလဒဏ်ခတ်မှု မေးခွန်းထုတ်ခံရ


မြောက်ကိုရီးယားဟာ နိုင်ငံတကာ ဒဏ်ခတ် အရေးယူမှုတွေကို လွန်ခဲ့တဲ့ဆယ်စုနှစ်အတွင်း ဘယ်လို အောင်အောင်မြင်မြင် ရှောင်ရှားခဲ့တယ်ဆိုတာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ လေ့လာချက်အသစ်တခုမှာ အသေးစိတ် ဖော်ပြ လိုက်ပါတယ်။ မြောက်ကိုရီးယားအပေါ် ဒဏ်ခတ်အရေးယူမှုအသစ်တွေ ချမှတ်ဖို့ လုံခြုံရေးကောင်စီက ပြင်ဆင်နေတာနဲ့အမျှ အခု လေ့လာချက် ထွက်လာတာပါ။

၂၀၀၆ ခုနှစ်ကတည်းက မြောက်ကိုရီးယားအပေါ် ချမှတ်လာတဲ့ ကုလသမဂ္ဂ ဒဏ်ခတ်အရေးယူမှု လေးကြိမ်စလုံးဟာ နျူကလီး ယားနဲ့ ပဲ့ထိန်းဒုံးကျည် အစီအစဉ်တွေကို ကင်မ် ဂျူံအန်းအစိုးရ စွန့်လွှတ်သွားအောင် မလုပ်ဆောင်နိုင်ခဲ့ဘူး ဆိုတာ ဒဏ်ခတ် အရေးယူမှု ချိုးဖောက်တာတွေကို စောင့်ကြည့်တဲ့ ကုလသမဂ္ဂအဖွဲ့ငယ်တခုရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။




....................................


မြောက်ကိုရီးယားဟာ နိုင််ငံတကာ ဒဏ်ခတ် အရေးယူမှုတွေကို လွန်ခဲ့တဲ့ဆယ်စုနှစ်အတွင်း ဘယ်လို အောင်အောင်မြင်မြင် ရှောင်ရှားခဲဲ့တယ်ဆိုတာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ လေ့လာချက်အသစ်တခုမှာ အသေးစိတ် ဖော်ပြ လိုက်ပါတယ်။ မြောက်ကိုရီးယားအပေါ် ဒဏ်ခတ်အရေးယူမှုအသစ်တွေ ချမှတ်ဖို့ လုံခြံုရေးကောင်စီက ပြင်ဆင်နေတာနဲ့အမျှ အခု လေ့လာချက် ထွက်လာတာပါ။

၂၀၀၆ ခုနှစ်ကတည်းက မြောက်ကိုရီးယားအပေါ် ချမှတ်လာတဲ့ ကုလသမဂ္ဂ ဒဏ်ခတ်အရေးယူမှု လေးကြိမ်စလုံးဟာ နျူကလီး ယားနဲ့ ပဲ့ထိန်းဒုံးကျည် အစီအစဉ်တွေကို ကင်မ်် ဂျူံအန်းအစိုးရ စွန့်လွှတ်သွားအောင် မလုပ်ဆောင်နိုင်ခဲ့ဘူး ဆိုတာ ဒဏ်ခတ် အရေးယူမှု ချိုးဖောက်တာတွေကို စောင့်ကြည့်တဲ့ ကုလသမဂ္ဂအဖွဲ့ငယ်တခုရဲဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မြောက်ကိုရီးယားက မကြာသေးခင်ကပဲ နျူကလီးယားစမ်းသပ်မှုနဲ့ ဒုံးပျံပစ် လွှတ်ခဲ့တာ၊ သူတို့ရဲ့ နျူကလီးယားအစီအစဉ်ဟာ အမေရိကန်ရဲ့ခြိမ်းခြောက်မှုကို တားဆီးဖို့ လိုအပ်တယ်ဆိုပြီး အခိုင်အမာ ဆက်ပြောနေတာတွေကို ထောက်ပြပြီး ကုလသမဂ္ဂရဲ့ လက်ရှိ ဒဏ်ခတ်အရေးယူတဲ့နည်းလမ်းတွေရဲ့ ထိရောက်မှုကို အစီရင်ခံစာမှာ မေးခွန်းထုတ်ထားပါတယ်။

ဒဏ်ခတ်အရေးယူမှုတွေကို မြောက်ကိုရီးယားက ရှောင်ပြီးလုပ်ခဲ့တဲ့ ဖြစ်ရပ်အတော်များများကို အစီရင်ခံစာမှာ ဖော်ပြထားပါ တယ်။ ပိတ်ပင်ကန့်သတ်ထားတဲ့ ပစ္စည်းတွေကို အရောင်းအဝယ်လုပ်ဖို့ နိုင်ငံတကာ ဘဏ္ဍာငွေကြေး စနစ်၊ လေကြောင်းလိုင်းတွေ နဲ့ ကုန်တင်သင်္ဘော လမ်းကြောင်းတွေကို မြောက်ကိုရီးယားက ဘယ်လို ဆက်သုံးနေတယ် ဆိုတာတွေကို ဖော်ထုတ် အစီရင်ခံ ထားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
Share on Google Plus

About MP4 YoU

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment