သူေဌးဆိုတာ အလကားသူေဌးုျဖစ္တာမဟုတ္ပါဘူး



အိႏၵိယလူမ်ိဳးတစ္ေယာက္ နယူးေယာက္
ဘဏ္ထဲသို႔ဝင္လာၿပီး ေခ်းေငြ ဌာနမွ တာဝန္ရိွသူကို ေတြ႔ဖို႔ ေတာင္းဆိုလိုက္ပါတယ္။
မန္ေနဂ်ာေရာက္လာတဲ့ အခါမွာေတာ့ သူဟာ အိႏိၵယကို စီးပြားေရးအလုပ္ကိစၥ တစ္ခုအတြက္
၂ပါတ္ၾကာ သြားေရာက္ရန္ရိွၿပီး ထိုကိစၥအတြက္
ေဒၚလာ ၅၀၀၀ ေခ်းလိုေၾကာင္း ေျပာၾကားပါတယ္။

ဘဏ္တာဝန္ရိွသူမွ ေငြေခ်းရန္အတြက္ အာမခံပစၥည္းအခ်ိဳ႕ လိုအပ္မည္ျဖစ္ေၾကာင္း ေျပာၾကားပါ
တယ္။ ထိုအခါ အိႏိၵယလူမ်ိဳးမွ ကားေသာ့ႏွင့္အတူ ဘဏ္ေ႐ွ႕တြင္ ရပ္ထားေသာ ဖရာရီကား၏
စာရြက္စာတမ္းမ်ားကို ထုတ္ေပးလိုက္ပါတယ္။ ဘဏ္မန္ေနဂ်ာလည္း ဘဏ္ဥကၠဌထံ
သြားေရာက္အေၾကာင္းၾကားတာေပါ့။

ဘဏ္မန္ေနဂ်ာနဲ႔ ဘဏ္ဥကၠဌလည္း ေဒၚလာ
၇၅၀၀၀၀တန္ ဖရာရီကားကို အာမခံအေနနဲ႔ထား
ၿပီး ေဒၚလာ ၅၀၀၀သာ ေခ်းေငြအျဖစ္ယူတာကို ေပ်ာ္ေပ်ာ္ႀကီး လက္ခံလိုက္ၾကတာေပါ့။ ထို႔ေနာက္ ဘဏ္ဝန္ထမ္းတစ္ေယာက္ကို ဘဏ္ရဲ႕
ေအာက္ထပ္က ကားပါကင္ထဲသို႔ ဖရာရီကား
ကိုေမာင္း၍ သိမ္းထားရန္ ခိုင္းလိုက္ေလသည္။

ႏွစ္ပတ္ၾကာတဲ့အခါမွာေတာ့ အိႏိၵယလူမ်ိဳး
ျပန္ေရာက္လာပါတယ္။ သူေခ်းထားတဲ့ေငြ ေဒၚလာ ၅၀၀၀နဲ႔ အတိုး ၁၅.၄၁ ေဒၚလာကိုလည္း ျပန္ၿပီး ဆပ္ပါတယ္။ အဲ့ဒီအခါမွာ ဘဏ္မန္ေနဂ်ာမွ "ဆရာ..... ကြၽန္ေတာ္တို႔ ဆရာနဲ႔ အလုပ္လုပ္ရတာ ေပ်ာ္ရႊင္ပါတယ္။ အခုလည္း ေခ်းေငြ က္ိစၥဟာ ေအာင္ေအာင္ျမင္ျမင္ ၿပီးစီးသြားပါတယ္။ ....
ဒါေပမယ့္ ကြၽန္ေတာ္တို႔မွာ နဲနဲ ႐ႈပ္ေထြးေနတဲ့
အပိုင္းေလးရိွလို႔ပါ။"

"ဆရာ ခရီးသြားေနတဲ့အခ်ိန္မွာ ဆရာရဲ႕ အေၾကာင္းကို ကြၽန္ေတာ္တို႔ အနည္းငယ္႐ွာေဖြၾကည့္ပါတယ္။ အဲ့ဒီအခါ ဆရာက မီလ်ံနာ တစ္ေယာက္ဆိုတာကို သိရပါတယ္။ ကြၽန္ေတာ္တို႔နားမလည္တာက ဆရာလို မီလ်ံနာတစ္ေယာက္အေနနဲ႔ ကြၽန္ေတာ္တို႔ ဘဏ္ကေန ေဒၚလာ ၅၀၀၀ ေလာက္ကေလးကို ဘာလို႔ ေခ်းယူတာလဲ မသိတာပါ"

ထိုအခါ အိႏိၵယလူမ်ိဳးက ယခုလို ျပန္ေျပာလိုက္ေလသည္။ "ကြၽန္ေတာ္အေနနဲ႔ ကြၽန္ေတာ္ခရီးသြားေနတဲ့ ၂ပတ္မွာ ဒီလို နယူးေယာက္ၿမိဳ႕ႀကီးမွာ ကားပါကင္အတြက္ ေဒၚလာ ၁၅.၄၁ ေဒၚလာတည္းနဲ႔ ရလို႔ေပါ့ဗ်ာ။" ဟုေျပာလိုက္ေလသည္။

မွတ္ခ်က္ #ထိုအျဖစ္အပ်က္မွာ တကယ္ျဖစ္ပ်က္ခဲ့
ၿပီး အိႏိၵယလူမ်ိဳးသူေဌးမွာ Vijay Mallya ျဖစ္သည္။

Credit : Original Post
Admin . . KS

....................................

သူဌေးဆိုတာ အလကားသူဌေုးဖြစ်တာမဟုတ်ပါဘူး


အိန္ဒိယလူမျိုးတစ်ယောက် နယူးယောက်
ဘဏ်ထဲသို့ဝင်လာပြီး ချေးငွေ ဌာနမှ တာဝန်ရှိသူကို တွေ့ဖို့ တောင်းဆိုလိုက်ပါတယ်။
မန်နေဂျာရောက်လာတဲ့ အခါမှာတော့ သူဟာ အိန္ဒိယကို စီးပွားရေးအလုပ်ကိစ္စ တစ်ခုအတွက်
၂ပါတ်ကြာ သွားရောက်ရန်ရှိပြီး ထိုကိစ္စအတွက်
ဒေါ်လာ ၅၀၀၀ ချေးလိုကြောင်း ပြောကြားပါတယ်။

ဘဏ်တာဝန်ရှိသူမှ ငွေချေးရန်အတွက် အာမခံပစ္စည်းအချို့ လိုအပ်မည်ဖြစ်ကြောင်း ပြောကြားပါ
တယ်။ ထိုအခါ အိန္ဒိယလူမျိုးမှ ကားသော့နှင့်အတူ ဘဏ်ရှေ့တွင် ရပ်ထားသော ဖရာရီကား၏
စာရွက်စာတမ်းများကို ထုတ်ပေးလိုက်ပါတယ်။ ဘဏ်မန်နေဂျာလည်း ဘဏ်ဥက္ကဌထံ
သွားရောက်အကြောင်းကြားတာပေါ့။

ဘဏ်မန်နေဂျာနဲ့ ဘဏ်ဥက္ကဌလည်း ဒေါ်လာ
၇၅၀၀၀၀တန် ဖရာရီကားကို အာမခံအနေနဲ့ထား
ပြီး ဒေါ်လာ ၅၀၀၀သာ ချေးငွေအဖြစ်ယူတာကို ပျော်ပျော်ကြီး လက်ခံလိုက်ကြတာပေါ့။ ထို့နောက် ဘဏ်ဝန်ထမ်းတစ်ယောက်ကို ဘဏ်ရဲ့
အောက်ထပ်က ကားပါကင်ထဲသို့ ဖရာရီကား
ကိုမောင်း၍ သိမ်းထားရန် ခိုင်းလိုက်လေသည်။

နှစ်ပတ်ကြာတဲ့အခါမှာတော့ အိန္ဒိယလူမျိုး
ပြန်ရောက်လာပါတယ်။ သူချေးထားတဲ့ငွေ ဒေါ်လာ ၅၀၀၀နဲ့ အတိုး ၁၅.၄၁ ဒေါ်လာကိုလည်း ပြန်ပြီး ဆပ်ပါတယ်။ အဲ့ဒီအခါမှာ ဘဏ်မန်နေဂျာမှ "ဆရာ..... ကျွန်တော်တို့ ဆရာနဲ့ အလုပ်လုပ်ရတာ ပျော်ရွှင်ပါတယ်။ အခုလည်း ချေးငွေ က်ိစ္စဟာ အောင်အောင်မြင်မြင် ပြီးစီးသွားပါတယ်။ ....
ဒါပေမယ့် ကျွန်တော်တို့မှာ နဲနဲ ရှုပ်ထွေးနေတဲ့
အပိုင်းလေးရှိလို့ပါ။"

"ဆရာ ခရီးသွားနေတဲ့အချိန်မှာ ဆရာရဲ့ အကြောင်းကို ကျွန်တော်တို့ အနည်းငယ်ရှာဖွေကြည့်ပါတယ်။ အဲ့ဒီအခါ ဆရာက မီလျံနာ တစ်ယောက်ဆိုတာကို သိရပါတယ်။ ကျွန်တော်တို့နားမလည်တာက ဆရာလို မီလျံနာတစ်ယောက်အနေနဲ့ ကျွန်တော်တို့ ဘဏ်ကနေ ဒေါ်လာ ၅၀၀၀ လောက်ကလေးကို ဘာလို့ ချေးယူတာလဲ မသိတာပါ"

ထိုအခါ အိန္ဒိယလူမျိုးက ယခုလို ပြန်ပြောလိုက်လေသည်။ "ကျွန်တော်အနေနဲ့ ကျွန်တော်ခရီးသွားနေတဲ့ ၂ပတ်မှာ ဒီလို နယူးယောက်မြို့ကြီးမှာ ကားပါကင်အတွက် ဒေါ်လာ ၁၅.၄၁ ဒေါ်လာတည်းနဲ့ ရလို့ပေါ့ဗျာ။" ဟုပြောလိုက်လေသည်။

မှတ်ချက် #ထိုအဖြစ်အပျက်မှာ တကယ်ဖြစ်ပျက်ခဲ့
ပြီး အိန္ဒိယလူမျိုးသူဌေးမှာ Vijay Mallya ဖြစ်သည်။

Credit : Original Post
Admin . . KS
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment