အင္ဒိုနီးရွားႏိုင္ငံ၌ ေနၾကတ္ျခင္းအားေတြ႔ရစဥ္ (ဆင္ဟြာ) |
အင္ဒိုနီးရွားႏိုင္ငံသည္ ေနၾကတ္ျခင္းအား မတ္လ ၉ ရက္ေန႕က အျပည့္အဝ ျမင္ေတြ႕ခြင့္ရခဲ့ေၾကာင္းႏွင့္ အဆိုပါေနၾကတ္ျခင္းသည္ ႏိုင္ငံ၏ အေနာက္ဘက္ဆံုးအပိုင္းမွ စတင္ခဲ့ျပီး ႏိုင္ငံ၏ အေရွ႕ဘက္ဆံုးအပိုင္းတြင္ ျပီးဆံုးခဲ့ေၾကာင္း တာဝန္ရွိသူမ်ားက ေျပာၾကားခဲ့သည္။
ေနၾကတ္ျခင္းသည္ ေဒသစံေတာ္ခ်ိန္ နံနက္ ၇း၂၂နာရီတြင္ ဆူမၾတားကၽြန္း ေျမာက္ပိုင္းရွိ Aceh ျပည္နယ္မွ စတင္ျဖစ္ေပၚခဲ့ၿပီး ေဒသစံေတာ္ခ်ိန္ ၁၁း၄၀နာရီတြင္ Papua ျပည္နယ္၌ ၿပီးဆံုးခဲ့ေၾကာင္း မိုးေလဝသႏွင့္ ဇလေဗဒ ေအဂ်င္စီမွ တာဝန္ရွိသူတစ္ဦးက ဆင္ဟြာသုိ႕ ဖုန္းျဖင့္ ေျဖၾကားခဲ့သည္။
ေနအျပည့္အဝၾကတ္ျခင္းသည္ ၂.၅မိနစ္ခန္႕ ၾကာျမင့္ခဲ့ေၾကာင္း တာဝန္ရွိသူတစ္ဦးက ေျပာၾကားခဲ့သည္။ယင္းရွားပါးျဖစ္စဥ္အား အိႏိၵယသမုဒၵရာမွ စတင္ျမင္ေတြ႕ႏိုင္ခဲ့ျပီး ပစိဖိတ္သမုဒၵရာတြင္ ျပီးဆံုးခဲ့ေၾကာင္း သိရသည္။
အင္ဒိုနီးရွားႏိုင္ငံ သည္ ေနၾကတ္ျခင္းေၾကာင့္ျဖစ္ေပၚလာသည့္ အေမွာင္က်မႈအား ၾကံဳေတြ႕ရသည့္ တစ္ခုတည္းေသာ ကုန္းေျမဧရိယာျဖစ္ေၾကာင္း ၄င္းအရာရွိက ေျပာၾကားခဲ့သည္။
မတ္လ ၉ရက္ေန႕တြင္ ျပည္ပႏုိင္ငံမ်ားမွ ရြက္ေလွအစီး ၁၀၀ေက်ာ္ စုေဝးခဲ့ၾကျပီး ႏိုင္ငံျခားသား ခရီးသြားမ်ား ႏွင့္ သိပံၸပညာရွင္ရာေပါင္းမ်ားစြာသည္ အင္ဒိုနီးရွားႏိုင္ငံသုိ႕လာေရာက္ကာ ေနၾကတ္ျခင္းအားၾကည့္ရႈခဲ့ၾက ေၾကာင္း သိရသည္။
(Xinhua)
http://www.xinhuamyanmar.com
............
အင်ဒိုနီးရှားနိုင်ငံ၌ နေကြတ်ခြင်းအားတွေ့ရစဉ် (ဆင်ဟွာ)
ဂျာကာတာ၊ မတ် ၉ ရက် (ဆင်ဟွာ)
အင်ဒိုနီးရှားနိုင်ငံသည် နေကြတ်ခြင်းအား မတ်လ ၉ ရက်နေ့က အပြည့်အဝ မြင်တွေ့ခွင့်ရခဲ့ကြောင်းနှင့် အဆိုပါနေကြတ်ခြင်းသည် နိုင်ငံ၏ အနောက်ဘက်ဆုံးအပိုင်းမှ စတင်ခဲ့ပြီး နိုင်ငံ၏ အရှေ့ဘက်ဆုံးအပိုင်းတွင် ပြီးဆုံးခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
နေကြတ်ခြင်းသည် ဒေသစံတော်ချိန် နံနက် ရး၂၂နာရီတွင် ဆူမတြားကျွန်း မြောက်ပိုင်းရှိ Aceh ပြည်နယ်မှ စတင်ဖြစ်ပေါ်ခဲ့ပြီး ဒေသစံတော်ချိန် ၁၁း၄၀နာရီတွင် Papua ပြည်နယ်၌ ပြီးဆုံးခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒ အေဂျင်စီမှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာသို့ ဖုန်းဖြင့် ဖြေကြားခဲ့သည်။
နေအပြည့်အဝကြတ်ခြင်းသည် ၂.၅မိနစ်ခန့် ကြာမြင့်ခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ယင်းရှားပါးဖြစ်စဉ်အား အိန္ဒိယသမုဒ္ဒရာမှ စတင်မြင်တွေ့နိုင်ခဲ့ပြီး ပစိဖိတ်သမုဒ္ဒရာတွင် ပြီးဆုံးခဲ့ကြောင်း သိရသည်။
အင်ဒိုနီးရှားနိုင်ငံ သည် နေကြတ်ခြင်းကြောင့်ဖြစ်ပေါ်လာသည့် အမှောင်ကျမှုအား ကြုံတွေ့ရသည့် တစ်ခုတည်းသော ကုန်းမြေဧရိယာဖြစ်ကြောင်း ၄င်းအရာရှိက ပြောကြားခဲ့သည်။
မတ်လ ၉ရက်နေ့တွင် ပြည်ပနိုင်ငံများမှ ရွက်လှေအစီး ၁၀၀ကျော် စုဝေးခဲ့ကြပြီး နိုင်ငံခြားသား ခရီးသွားများ နှင့် သိပ္ပံပညာရှင်ရာပေါင်းများစွာသည် အင်ဒိုနီးရှားနိုင်ငံသို့လာရောက်ကာ နေကြတ်ခြင်းအားကြည့်ရှုခဲ့ကြ ကြောင်း သိရသည်။
(Xinhua)
http://www.xinhuamyanmar.com
0 comments:
Post a Comment