ႏ်ဴ႕ထိပ္ဖူး အေသးစား ရွိတယ္လို႔ ေျမာက္ကိုရီးယားဆို

ဒုံးက်ည္တစ္ခုကို ေျမာက္ကိုရီးယား လြတ္တင္စဥ္ (Credit: AFP) 
ေျမာက္ကိုရီးယားႏိုင္ငံ ​သိပၸံ ​ပညာရွင္ေတြက ​အေသးစား ​thermo ​ႏ်ဴကလီးယား ​ထိပ္ဖူးကို ​ဒုံးက်ည္မွာ ​တပ္ဆင္ေစလြတ္ဖို႔ ​တီထြင္ႏိုင္ၿပီလို႔ ​ေျမာက္ကိုရီးယား ​ေခါင္းေဆာင္က ​ေျပာပါတယ္။

အရင္တုန္းကလည္း ​ေျမာက္ကိုရီးယားက ​ႏ်ဴကလီးယား ​လက္နက္နဲ႔ ​ပတ္သက္ၿပီး ​ဘယ္လို ​တီထြင္ႏိုင္ၿပီ ​ဆိုတဲ့အေၾကာင္း ​ေျပာဆိုဖူးတာေတြ ​ရွိပါတယ္။

အခုတခါမွာလည္း ​ဒုံးက်ည္ထိပ္ဖူးမွာ ​တပ္ဆင္ႏိုင္မယ့္ ​အေသးစား ​ႏ်ဴကလီးယား ​လက္နက္ကို ​တပ္ဆင္ႏိုင္ေအာင္ ​လုပ္ေဆာင္တာ ​ျဖစ္တယ္လို႔ ​ေျမာက္ကိုရီးယားရဲ့ ​KCNA ​တသင္းမွာ ​ေရးထားပါတယ္။

ေတာင္ကိုရီးယားနဲ႔ ​အေမရိကန္တို႔ ​စစ္ေရးေလ့က်င့္ေနတာကို ​ႏ်ဴကလီးယား ​လက္နက္နဲ႔ ​တိုက္ခိုက္ပစ္မယ္လို႔ ​ေျမာက္ကိုရီးယားဘက္က ​ၿခိမ္းေျခာက္ၿပီး ​တစ္ရက္အၾကာမွာပဲ ​အခုလို ​ႏ်ဴကလီးယား ​အေသးစားကို ​ဒုံးက်ည္ထိပ္ဖူးမွာ ​တပ္ဆင္ႏိုင္တဲ့အေၾကာင္း ​ထပ္မံ ​ေျပာဆိုလာတာ ​ျဖစ္ပါတယ္။

ပညာရွင္ေတြကေတာ့ ​ေျမာက္ကိုရီးယားမွာ ​ႏ်ဴကလီးယား ​လက္နက္ ​အနည္းငယ္ ​ရွိႏိုင္ေပမယ့္ ​ပစ္မွတ္ကို ​တည့္ေအာင္ ​ပစ္ခတ္ႏိုင္စြမ္း ​မရွိႏိုင္ေသးဘူးလို႔ ​ခန္႔မွန္းေနၾကပါတယ္။

အရင္တုန္းက ​ဟိုက္ဒရိုဂ်င္ ​ဗုံးကို ​တီထြင္ႏိုင္ၿပီလို႔ ​ေျမာက္ကိုရီးယားက ​ေၾကညာခဲ့တာကိုလည္း ​ပညာရွင္ေတြက ​အယုံအၾကည္ ​မရွိခဲ့ၾကပါဘူး။

ABC Radio Australia
http://www.radioaustralia.net.au/burmese
.........
 ဒုံးကျည်တစ်ခုကို မြောက်ကိုရီးယား လွတ်တင်စဉ် (Credit: AFP)
မြောက်ကိုရီးယားနိုင်ငံ ​သိပ္ပံ ​ပညာရှင်တွေက ​အသေးစား ​thermo ​နျူကလီးယား ​ထိပ်ဖူးကို ​ဒုံးကျည်မှာ ​တပ်ဆင်စေလွတ်ဖို့ ​တီထွင်နိုင်ပြီလို့ ​မြောက်ကိုရီးယား ​ခေါင်းဆောင်က ​ပြောပါတယ်။

အရင်တုန်းကလည်း ​မြောက်ကိုရီးယားက ​နျူကလီးယား ​လက်နက်နဲ့ ​ပတ်သက်ပြီး ​ဘယ်လို ​တီထွင်နိုင်ပြီ ​ဆိုတဲ့အကြောင်း ​ပြောဆိုဖူးတာတွေ ​ရှိပါတယ်။

အခုတခါမှာလည်း ​ဒုံးကျည်ထိပ်ဖူးမှာ ​တပ်ဆင်နိုင်မယ့် ​အသေးစား ​နျူကလီးယား ​လက်နက်ကို ​တပ်ဆင်နိုင်အောင် ​လုပ်ဆောင်တာ ​ဖြစ်တယ်လို့ ​မြောက်ကိုရီးယားရဲ့ ​KCNA ​တသင်းမှာ ​ရေးထားပါတယ်။

တောင်ကိုရီးယားနဲ့ ​အမေရိကန်တို့ ​စစ်ရေးလေ့ကျင့်နေတာကို ​နျူကလီးယား ​လက်နက်နဲ့ ​တိုက်ခိုက်ပစ်မယ်လို့ ​မြောက်ကိုရီးယားဘက်က ​ခြိမ်းခြောက်ပြီး ​တစ်ရက်အကြာမှာပဲ ​အခုလို ​နျူကလီးယား ​အသေးစားကို ​ဒုံးကျည်ထိပ်ဖူးမှာ ​တပ်ဆင်နိုင်တဲ့အကြောင်း ​ထပ်မံ ​ပြောဆိုလာတာ ​ဖြစ်ပါတယ်။

ပညာရှင်တွေကတော့ ​မြောက်ကိုရီးယားမှာ ​နျူကလီးယား ​လက်နက် ​အနည်းငယ် ​ရှိနိုင်ပေမယ့် ​ပစ်မှတ်ကို ​တည့်အောင် ​ပစ်ခတ်နိုင်စွမ်း ​မရှိနိုင်သေးဘူးလို့ ​ခန့်မှန်းနေကြပါတယ်။

အရင်တုန်းက ​ဟိုက်ဒရိုဂျင် ​ဗုံးကို ​တီထွင်နိုင်ပြီလို့ ​မြောက်ကိုရီးယားက ​ကြေညာခဲ့တာကိုလည်း ​ပညာရှင်တွေက ​အယုံအကြည် ​မရှိခဲ့ကြပါဘူး။

ABC Radio Australia
http://www.radioaustralia.net.au/burmese
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment