ABC Radio Australia
..............
တိုက်ခိုက်မှု ဖြစ်ပွားခဲ့တဲ့ နေရာတစ်ခုကို ရဲတွေက သက်သေ အထောက်အရှား လိုက်ရှာစဉ် (Credit: AFP)
အစ္စရေးနိုင်ငံ Jaffa မြို့မှာ ပါလစ္စတိုင်းသား တစ်ယောက်က ကြုံရာလူကို ဓားနဲ့ လိုက်ထိုးတဲ့အတွက် အမေရိကန် နိုင်ငံသား တစ်ဦး သေဆုံးပြီး တခြား လူ ၉ ယောက် ဒဏ်ရာ ရရှိခဲ့ပါတယ်။
အခင်းဖြစ်ပွားခဲ့တဲ့ နေရာနဲ့ မနီးမဝေးမှာ အမေရိကန် ဒုသမ္မတ Joe Biden အစည်းအဝေး လုပ်နေတဲ့ အချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။
ပါလစ္စတိုင်း ဒေသကနေ အစ္စရေးပိုင်နက်ထဲ တရားမဝင် ရောက်လာတဲ့ လူတစ်ယောက်က ကမ္ဘာလှည့်ခရီးသည်တွေ သွားလာမှု များတဲ့ လမ်းပေါ်မှာ ဓားထိုးလိုက်တာ ဖြစ်ပါတယ်။
ဓားသမားကို ရဲတွေက ပစ်သတ်လိုက်ပါတယ်။
Jaffa မြို့ ဓားထိုးမှု အပါအဝင် အစ္စရေးမှာ ၂ နာရီအတွင်း ဓားနဲ့ တိုက်ခိုက်မှု သုံးကြိမ် ဖြစ်ပွားခဲ့တာပါ။
အရှေ့ဂျေရုဆလင်နဲ့ Petah Tikya ဆိုတဲ့ ဒေသမှာလည်း ဓားနဲ့ တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့လို့ သေဆုံးမှုတွေ ဖြစ်ပေါ်ခဲ့ရပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese
0 comments:
Post a Comment