အီရန္ပါလီမန္မွာ ေရွးရိုးစြဲေတြ ေနရာအသာစီးရမွု လက္လႊတ္ရ (အီရန်ပါလီမန်မှာ ရှေးရိုးစွဲတွေ နေရာအသာစီးရမှု လက်လွှတ်ရ )

 ျပဳျပင္ ေျပာင္းလဲေရး ကို လိုလားသူ ေတြ အေနနဲ႔ အေနာက္ အုပ္စု နဲ႔ ၾကား ေဆြးေႏြးတာ ေတြ ကို ပို နက္နက္ရွိုင္းရွိုင္း ျပဳလုပ္ လာေစနိုင္တယ္။
အီရန္ နိုင္ငံမွာ က်င္းပခဲ့တဲ့ ပါလီမန္ ေရြးေကာက္ပြဲ ရဲ့ မဲေတြ ကို ဆက္လက္ ေရတြက္ ေနၾကဆဲ ျဖစ္ေပမယ့္ ထြက္ေပၚ လာၿပီးသမၽွ ရလာဒ္ ေတြ အရ သေဘာထား တင္းမာ တဲ့ ေရွးရိုးစြဲ ေတြ ဟာ ပါလီမန္ ထဲ ေနရာ အသာစီး ရထားမွု ကို လက္လႊတ္ ရနိုင္ဖြယ္ ရွိ ေနပါတယ္။

သမၼတ ဟာဆန္း ႐ူဟာနီ ကို ေထာက္ခံၾကတဲ့ ျပဳျပင္ေရး ဝါဒီေတြ၊ အလယ္အလတ္ သမား ေတြ ဟာ တဟီရန္ ၿမိဳ႕ေတာ္ ေပၚ က မဲဆႏၵနယ္ အားလုံးမွာ အနိုင္ရခဲ့ ပါတယ္။

ၿမိဳ႕ေတာ္ အျပင္ဘက္ က မဲဆႏၵနယ္ ေတြ မွာေတာ့ ေရွးရိုးစြဲ ေတြ နဲ႔ ျပဳျပင္ေရး သမားေတြ အၾကား အနိုင္အရွုံးဟာ ပိုၿပီး ေရာေရာ ေထြးေထြး ရွိေနပါတယ္။

သမၼတ ႐ူဟာနီ အေပၚ လိုလား ေထာက္ခံ ၾကတဲ့ အမတ္ ကိုယ္စားလွယ္ ေတြ ကို စုစည္း ေပးခဲ့တဲ့ အႀကံေပး တစ္ဦး ကေတာ့ အီရန္ နိုင္ငံေရးဟာ ပို အလယ္အလတ္က် ေပ်ာ့ေျပာင္း လာေတာ့မယ့္ ႀကီးက်ယ္ တဲ့ အေရြ႕ကို ေတြ႕ ေနရၿပီး ဒါဟာ ေခတ္သစ္ ရဲ့ နိဒါန္း ျဖစ္တယ္ လို႔လည္း ဆိုပါတယ္။

အခု ပါလီမန္ ေရြးေကာက္ပြဲ ရလာဒ္ဟာ သမၼတ ႐ူဟာနီ အတြက္ ပို အားေကာင္း လာေစၿပီး၊ ျပဳျပင္ ေျပာင္းလဲေရး ကို လိုလားသူ ေတြ အေနနဲ႔ အေနာက္ အုပ္စု နဲ႔ ၾကား ေဆြးေႏြးတာ ေတြ ကို ပို နက္နက္ရွိုင္းရွိုင္း ျပဳလုပ္ လာေစနိုင္တယ္ လို႔ ေလ့လာသူေတြ က သုံးသပ္ ေနၾကပါတယ္။

BBC Burmese
http://www.bbc.com/burmese
........
  ပြုပြင် ပြောင်းလဲရေး ကို လိုလားသူ တွေ အနေနဲ့ အနောက် အုပ်စု နဲ့ ကြား ဆွေးနွေးတာ တွေ ကို ပို နက်နက်ရှိုင်းရှိုင်း ပြုလုပ် လာစေနိုင်တယ်။
အီရန် နိုင်ငံမှာ ကျင်းပခဲ့တဲ့ ပါလီမန် ရွေးကောက်ပွဲ ရဲ့ မဲတွေ ကို ဆက်လက် ရေတွက် နေကြဆဲ ဖြစ်ပေမယ့် ထွက်ပေါ် လာပြီးသမျှ ရလာဒ် တွေ အရ သဘောထား တင်းမာ တဲ့ ရှေးရိုးစွဲ တွေ ဟာ ပါလီမန် ထဲ နေရာ အသာစီး ရထားမှု ကို လက်လွှတ် ရနိုင်ဖွယ် ရှိ နေပါတယ်။

သမ္မတ ဟာဆန်း ရူဟာနီ ကို ထောက်ခံကြတဲ့ ပြုပြင်ရေး ဝါဒီတွေ၊ အလယ်အလတ် သမား တွေ ဟာ တဟီရန် မြို့တော် ပေါ် က မဲဆန္ဒနယ် အားလုံးမှာ အနိုင်ရခဲ့ ပါတယ်။

မြို့တော် အပြင်ဘက် က မဲဆန္ဒနယ် တွေ မှာတော့ ရှေးရိုးစွဲ တွေ နဲ့ ပြုပြင်ရေး သမားတွေ အကြား အနိုင်အရှုံးဟာ ပိုပြီး ရောရော ထွေးထွေး ရှိနေပါတယ်။

သမ္မတ ရူဟာနီ အပေါ် လိုလား ထောက်ခံ ကြတဲ့ အမတ် ကိုယ်စားလှယ် တွေ ကို စုစည်း ပေးခဲ့တဲ့ အကြံပေး တစ်ဦး ကတော့ အီရန် နိုင်ငံရေးဟာ ပို အလယ်အလတ်ကျ ပျော့ပြောင်း လာတော့မယ့် ကြီးကျယ် တဲ့ အရွေ့ကို တွေ့ နေရပြီး ဒါဟာ ခေတ်သစ် ရဲ့ နိဒါန်း ဖြစ်တယ် လို့လည်း ဆိုပါတယ်။

အခု ပါလီမန် ရွေးကောက်ပွဲ ရလာဒ်ဟာ သမ္မတ ရူဟာနီ အတွက် ပို အားကောင်း လာစေပြီး၊ ပြုပြင် ပြောင်းလဲရေး ကို လိုလားသူ တွေ အနေနဲ့ အနောက် အုပ်စု နဲ့ ကြား ဆွေးနွေးတာ တွေ ကို ပို နက်နက်ရှိုင်းရှိုင်း ပြုလုပ် လာစေနိုင်တယ် လို့ လေ့လာသူတွေ က သုံးသပ် နေကြပါတယ်။

BBC Burmese
http://www.bbc.com/burmese
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment