Stephen Hawking ႏွင့္ သူ၏ဘ၀ေကာက္ေၾကာင္း (ဒုတိယပိုင္း)








ေျပာဖို့ေမ့ခဲ့တာတစ္ခုက Jane Wilde ဟာ Stephen Hawking အစ္မရဲ့သူငယ္ခ်င္းျဖစ္ျပီး ဒီလိုအေနအထားေလးနဲ့ သူတို့ႏွစ္ဦး ပထမဆံုးဆံုေတြ့ပတ္သတ္ျခင္းအစျပဳခဲ့ၾကပါတယ္။ ဒီလိုနဲ့ သူတို့ႏွစ္ဦးဟာ 1965 ဂ်ဴလိုင္ 14 ရက္ေန့မွာ လက္ထပ္ခဲ့ၾကတယ္။ လက္ထပ္ျပီး အေစာပိုင္းႏွစ္ေတြမွာ Conferences ေတြ၊ ရူပေဗဒနဲ့ပတ္သတ္တဲ့ခရီးစဥ္ေတြအတြက္ ၄င္းတို့ဇနီးေမာင္ႏွံႏွစ္ဦးဟာ အေမရိကားကိုခဏခဏသြားျဖစ္ခဲ့ၾကပါတယ္။ Jane ဟာလည္း သူမရဲ့ မာစတာဘြဲ့ျပီးသြားျပီျဖစ္တာေၾကာင့္ သူတို႔အေျခခ်ၾကမယ့္ေနရာအတြက္ London ကိုေရြးခ်ယ္ျဖစ္ခဲ့ၾကပါတယ္။ ေနထိုင္ဖို့အိမ္ရွာရာမွာေတာ့ ေတာ္ေတာ္ေလးအခက္ေတြ့ခဲ့ၾကတယ္။ အေၾကာင္းရင္းက Cambridge တကၠသိုလ္ရဲ့ Applied Mathematics and Theoretical Physics ဌာနကို Stephen Hawkingတစ္ေယာက္ အိမ္ကေနနီးနီးနားနား အဆင္ေျပေျပသြားႏုိင္မယ့္ ေနရာအေနအထားကိုၾကိဳးစားရွာေဖြခဲ့ၾကရလို့ျဖစ္ပါတယ္။
လက္ထပ္ျပီး ေနာက္တစ္ႏွစ္ ၁၉၆၆ မွာ Stephen Hawking ဟာ သူ့ရဲ့ေဒါက္တာဘြဲ့ကို theoretical physics နဲ့ျပီးေျမာက္သြားခဲ့ပါတယ္။ Black Holes အေၾကာင္း စာတမ္းလည္းတင္ျဖစ္ခဲ့ပါတယ္။ ထိုအခ်ိန္မွာ Stephen Hawking ရဲ့အသက္ဟာ ၂၄ ပဲရွိပါေသးတယ္။ ဇနီးျဖစ္သူ Jane ဟာလည္း Ph.D Degree စတက္ျဖစ္ခဲ့တယ္။ ေနာက္တစ္ႏွစ္ ၁၉၆၇ မွာ သူတို့ႏွစ္ေယာက္ရဲ့ပထမရင္ေသြး Robert ကိုေမြးဖြားခဲ့ပါတယ္။Robert ေမြးဖြားျပီးေနာက္တစ္ႏွစ္ ၁၉၆၈ မွာ Stephen ဟာ Cambridge တကၠသိုလ္ရဲ့ Institute of Astronomy မွာ အသင္း၀င္ျဖစ္လာခဲ့ပါတယ္။
အဲဒီ့ႏွစ္ေတြအေတာအတြင္းမွာ Stephen ဟာအေျပာင္းအလဲေတြခ်ည္းဆက္တိုက္ဆိုသလိုၾကံဳခဲ့တယ္။ ေနာက္တစ္ႏွစ္ ၁၉၆၉မွာေတာ့ wheelchair မျဖစ္မေနသံုးရမယ့္အေျခအေနကိုစတင္ေရာက္ရွိခဲ့ပါတယ္။ တစ္ႏွစ္ထဲမွာပဲ သမီးလတ္ေလး Lucy ေမြးဖြားလာခဲ့ပါတယ္( ေနာက္ဆယ္ႏွစ္အၾကာမွာ သားအငယ္ဆံုး Timothy ေမြးဖြားပါတယ္)။
ဒီလိုနဲ့ ၁၉၇၄ ခုႏွစ္မွာ Stephen Hawking ဟာ စၾကာ၀ဌာၾကီးမွာ Black Holes ဆိုတာတကယ္ကိုရွိပါတယ္ဆိုတာ သက္ေသျပႏိုင္ခဲ့ျပီး ကမၻာေက်ာ္ အာကာသရူပေဗဒ သိပၸံပညာရွင္ celebrity တစ္ေယာက္ စျဖစ္လာခဲ့ပါတယ္။ ဒီေနရာမွာ Black Holes အေၾကာင္းကို ဗဟုသုတအေနနဲ့ နည္းနည္းေျပာျပပါရေစ။
Black Holes ဆိုသည္မွာ...
စၾကာ၀ဌာၾကီးမွာ အေျမာက္အျမားရွိေနျပီး အရာအားလံုးကိုအတြင္းေပါက္ထဲဆြဲခ်ႏိုင္စြမ္းရွိတဲ့ အလြန္ေၾကာက္စရာေကာင္းတဲ့ မည္းေမွာင္ေနတဲ့တြင္းေတြပဲျဖစ္ပါတယ္။ကိုယ္ေတြေနထိုင္တဲ့ကမၻာၾကီးဆိုတာကလည္း.... နဂါးေငြ့တန္း Galaxy ၾကယ္အစုအေ၀းထဲက ေျမာက္ျမားလွစြာေသာၾကယ္သန္းေပါင္းမ်ားစြာထဲက main sequence star လို႔ေခၚတဲ့ ၾကယ္ေလးတစ္လံုးကိုလွည့္ပတ္ေနေသာ ၿဂိဳလ္ေပါင္းေျမာက္ျမားစြာထဲက ၿဂိဳလ္ေလးတစ္လံုးပဲျဖစ္တယ္ ဆိုတာက အားလံုးသိျပီးျဖစ္ပါတယ္။ စၾကာ၀ဌာၾကီးမွာ ဒီလိုနဂါးေငြ့တန္းေပါင္း အေသၤေခ်ရွိေနျပီး တစ္ခုခ်င္းစီတို္င္းရဲ့အလယ္ဗဟိုမွာ Black Hole ရွိေနပါတယ္။Galaxy တိုင္းမွာ တစ္ခုထက္ပိုတဲ့ black hole ေတြရွိေနေပမယ့္ အဓိကအက်ဆံုးက အလယ္ဗဟိုက suppermassive black hole ပါ။ Black Hole ရဲ့အဓိက ဂုဏ္သတၱိတစ္ခုက သူ့အနားေရာက္လာတဲ့ဘယ္အရာမ်ိဳးကိုမဆို တြင္းနက္ၾကီးထဲစုပ္ယူႏိုင္စြမ္းရွိတာပါ။ စိတ္ေအးရမွာတစ္ခုက ကိုယ္ေတြေနထိုင္တဲ့ ကမၻာၾကီးဟာ Black Hole ရွိရာအလယ္ဗဟိုနဲ့ သံုးပံုပံုႏွစ္ပံုအကြာအေ၀းေလာက္မွာ ရွိေနျပီး Black Hole ရဲ့စုပ္ယူ၀ါးျမိဳမွဳစက္ကြင္းကေနလြတ္ကငး္ေနပါတယ္။ Black Hole ကို အလင္းမျဖတ္သန္းႏုိင္ပါဘူး။ အလင္းလွိဳင္းျဖတ္ေလတိုင္း Black Hole ဆီေရာက္ရင္ အလင္းဟာေပ်ာက္ကြယ္သြားပါတယ္။ ဒါေၾကာင့္သူ့ကို မည္းေမွာင္ေနတဲ့တြင္းနက္ Black Hole လို့ေခၚဆိုရျခင္းျဖစ္ပါတယ္။ Black Hole နဲ့ပတ္သတ္ျပီးယခုတိုင္ေမးခြန္းအျဖစ္တည္ရွိေနဆဲကေတာ့ Black Hole ရဲ့စုပ္ယူခံရျပီးေနာက္ပိုင္းမွာ အဲသည့္ၾကယ္ သို့ ျဂိဳလ္ကမၻာသည္ ေနာက္ထပ္ စၾကာ၀ဌာအသစ္တစ္ခုဆီသို့ေရာက္သြားတာလားဆိုတာပါပဲ။ Black Hole သည္ မည္းေမွာင္ေနတဲ့အတြက္ သူ့ကိုၾကည့္ရွဳႏုိင္ဖို့ဆိုတာ ယခုတိုင္မျဖစ္ႏုိင္ေသးပဲ သီအိုရီအရသာ သူတည္ရွိေနေၾကာင္း သက္ေသျပႏုိင္တဲ့အဆင့္မွာပဲရွိေနဆဲျဖစ္ေနပါတယ္။
Stephen Hawking အေၾကာင္းဆက္လက္ေျပာပါရေစ။ Stephen ဟာ Black Holes ေတြသည္ ခန့္မွန္းခ်က္အရပဲမဟုတ္ပဲ တကယ္တည္ရွိေနေၾကာင္းသက္ေသျပႏုိင္ခဲ့သူျဖစ္ျပီး Black Hole ကထုတ္လႊင့္တဲ့ radiation ကိုလည္းစတင္ေဖာ္ထုတ္ႏုိင္ခဲ့သူျဖစ္တဲ့အတြက္ အဲဒီ့ Black Hole ရဲ့ radiation ကို Hawking Radiation ကိုေခၚတြင္ေစခဲ့ပါတယ္။ သူအသက္ ၃၂အရြယ္မွာေတာ့ Albert Einstein Award ကိုဆြတ္ခူးရရွိခဲ့ပါတယ္။
သူ့ရဲ့အိမ္ေထာင္ေရးဘ၀ကို ျပန္လွည့္ပါရေစ။ သူ့ဘ၀မွာ မိန္းမႏွစ္ေယာက္နဲ့ပတ္သတ္ခဲ့ဖူးပါတယ္။ ဒီေနရာမွာ အျမင္၂မ်ိဳးကြဲျပားေနပါတယ္။ ပထမတစ္မ်ိဳးက သူ့ကိုသားသမီးသံုးေယာက္ေမြးဖြားေပးခဲ့ေသာ၊ သူ့ကိုသတၱိရွိရွိနဲ့ လက္ထပ္ခဲ့ေသာ၊သားသမီးသံုးေယာက္ရဲ့ေ၀ယ်ာ၀စၥအျပင္ သူ့ရဲ့ ခက္ခဲလွတဲ့ေ၀ယ်ာ၀စၥမ်ားကို လက္ထပ္ခဲ့တဲ့အခ်ိန္ကစလို့ ႏွစ္ေပါင္းမ်ားစြာလုပ္ကိုင္ေပးခဲ့တဲ့ သူ့ရဲ့ပထမဇနီး Jane ဟာ ေအာ္ဂင္အတီးဆရာ Jonathan Hellyer Jones နဲ့ေဖာက္ျပန္ခ်စ္ၾကိဳက္ခဲ့ၾကျပီး အဲဒီ့အေျခအေနကို Stephen Hawking ကနားလည္ေပးခဲ့တယ္ဆိုတာနဲ့၊ ဒါေတြကပဲ ..ေနာက္ႏွစ္မ်ားမွာ သူတို့ႏွစ္ဦးသေဘာတူငွားခဲ့ေသာ၊ Stephen Hawking ရဲ့ nurse သံုးေယာက္ထဲက တစ္ေယာက္ျဖစ္တဲ့ Mason နဲ့ Stephen Hawking ေဖာက္ျပန္ခ်စ္ၾကိဳက္ခဲ့ျပီး အတိအလင္းလက္ထပ္ျဖစ္ေစခဲ့ တယ္ဆိုတာရယ္ ဒုတိယတစ္မ်ိဳးက
ပထမဇနီး Jane ဟာ မေဖာက္ျပန္ခဲ့ဘူး။ The Theory of Everything မွာ မေဖာက္ျပန္ခဲ့ဘူးလို့ေတာ့ရိုက္ျပထားတယ္။ ဒါေပမဲ့ သူတို့ႏွစ္ဦးသေဘာတူငွားရမ္းခဲ့တဲ့ nurse သံုးေယာက္ထဲက တစ္ေယာက္ျဖစ္တဲ့ Mason ဟာ Stephen Hawking ရဲ့ေအာင္ျမင္ေက်ာ္ၾကားမွဳေတြေၾကာင့္ လူ့စည္းကမ္းသိကၡာမေစာင့္ပဲ တမင္ကိုရယ္ရြယ္ခ်က္ရွိရွိျမဴဆြယ္ေသြးေဆာင္ခဲ့တယ္ဆိုတာပါပဲ။
ဘယ္ဟာက ဘယ္လိုအတိအက်အမွန္လဲဆိုတာေတာ့ ကာယကံရွင္ေတြကိုယ္တုိင္ပဲသိမွာပါ။ ပထမဇနီး Jane နဲ့ ၁၉၉၅ မွာ ကြာရွင္းခဲ့ျပီး သူ့ရဲ့သူနာျပဳ Mason နဲ့ ေနာက္တစ္ႏွစ္ ၁၉၉၆ မွာ လက္ထပ္ခဲ့ပါတယ္။ ေျခာက္ႏွစ္ၾကာျပီးေနာက္ Mason နဲ့ ကြာရွင္းခဲ့ျပီး ပထမဇနီးနဲ့ Jane နဲ့ျပန္ေပါင္းခဲ့ပါတယ္။ ယခုလက္ရွိအထိပါပဲ။
ကာယကံရွင္ Stephen Hawking က သူ့ရဲ့ဇနီးႏွစ္ေယာက္နဲ့ပတ္သတ္ျပီးသူမွတ္ခ်က္ခ်တာကေတာ့ ပထမဇနီး Jane ဟာ သူ့ကိုနာက်င္စရာအမွတ္တရေတြေပးခဲ့သူျဖစ္ျပီး ဒုတိယဇနီး Mason ဟာစြဲမက္ဖို့ေကာင္းျပီး ရင္ခုန္စိတ္လွဳပ္ရွားဖြယ္ေကာင္းသူလို့ဆိုပါတယ္။
ဒုတိယဇနီးနဲ့ သူမကြာရွင္းခင္ေလးမွာ ဒုတိယဇနီး Mason ဟာ သူ့ကိုေရခ်ိဳးေပးရာမွာ သိပ္ပူတဲ့ေရနဲ့ခ်ိဳးေပးခဲ့တယ္ဆိုတဲ့ သူ့ရဲ့အေပါင္းအသင္း၊တပည့္၊ေရွ့ေနတခ်ိဳ့ရဲ့ စြပ္စြဲမွဳေတြရွိခဲ့ျပီး Stephen Hawking ကေတာ့ လံုး၀မမွန္ပါဘူးဆိုျပီးယတိျပတ္ျငင္းဆိုခဲ့ပါတယ္။
သူု့ရဲ့ ပထမဇနီးျဖစ္သူ Jane က သူတို့ရဲ့အိမ္ေထာင္ေရးနဲ့ပတ္သတ္ျပီးေျပာျပခဲ့တာတခ်ိဳ့ကေတာ့…
“Stephen Hawking ဟာ သူ့ရဲ့ ရူပေဗဒပညာရွင္ဘ၀မွာ အရမ္းကိုေတာ္လြန္းသူတစ္ေယာက္ျဖစ္ေပမဲ့ သူ့ရဲ့ကိုယ္ပိုင္အခ်ိန္သာမန္ေန့စဥ္ဘ၀မွာေတာ့ တကယ့္ကိုသာမန္ေယာက်ာ္းတစ္ေယာက္ပါပဲ။”
“I was, I suppose, very innocent. I expected that carers came into the home to help look after the disabled person and respect the rest of the family. Very few of them did that. I was desperate.”
“က်ြန္မအရမ္းကို ရိုးအလြန္းခဲ့တယ္။ ျဖဴစင္လြန္းခဲ့တယ္။ အိမ္ကိုလာတဲ့ သူနာျပဳဆိုတာ သူျပဳစုရမယ့္သူကို ဂရုစိုက္ျပဳစုျပီး က်န္တဲ့မိသားစု၀င္ေတြကို ေလးစားသမွဳရွိၾကလိမ့္မယ္လို့ က်ြန္မယူဆခဲ့တယ္။ တကယ္က အဲလိုမဟုတ္ဘူးရွင့္။ တကယ့္ကို လူအနည္းစုေလာက္သာပဲ ဒီလိုရိုးသားတာ၀န္သိၾကတာပါ။ က်ြန္မေလ အဲသည့္အေျခအေနကို ဘယ္လိုရင္ဆုိင္ရမွန္းမသိေလာက္ေအာင္ျဖစ္ခဲ့ရပါတယ္။”
ဆုေတြနဲ့ပတ္သတ္ျပီး Stephen Hawking ရရွိခဲ့တာေတြက အရမ္းမ်ားလြန္းတဲ့အတြက္ အထင္ရွားဆံုးထဲက ၂ခုေလာက္ပဲေဖာ္ျပပါရေစ။
၂၀၀၉ မွာ အေမရိကန္သမၼတ Barack Obama ခ်ီးျမွင့္ခဲ့တဲ့ Presidential Medal of Freedom ကိုရရွိခဲ့တယ္။
၂၀၁၂မွာ သူ့ရဲ့ Black Hole Theory နဲ့ Fundamental Physics Prize ကိုရရွိခဲ့ျပီး ေဒၚလာ သံုးသန္းဆုေၾကးအျဖစ္ရခဲ့ပါတယ္။
အာကာသစၾကာ၀ဌာနဲ့ပတ္သတ္ျပီး စာအုပ္မ်ားစြာလည္းထုတ္ေ၀ခဲ့ျပီး သမီး Lucy နဲ့ ပထမဇနီး Jane တို့နဲ့ တြဲဖက္ၿပီး ကေလးသိပၸံစာအုပ္မ်ားစြာလည္းေရးသားထုတ္ေ၀ခဲ့ပါတယ္။ သူရဲ့အေက်ာ္ၾကားဆံုးစာအုပ္တစ္အုပ္ကေတာ့ "A Brief History of Time: From the Big Bang to Black Holes" အမည္ရွိစာအုပ္ပဲျဖစ္ပါတယ္။
ဒီေနရာမွာပဲ နိဂံုးခ်ဳပ္ပါရေစ။ အတတ္ႏိုင္ဆံုးခ်ဳံေရးထားတဲ့အတြက္ အေရးၾကီးအခ်က္တစ္ခ်ိဳ့က်န္ခဲ့တာေတြရွိပါရင္ ခြင့္လႊတ္ေပးၾကဖို့ေမတၱာရပ္ခံပါတယ္။ ဖတ္ရွဳၾကသူမ်ားအားလံုးကိုေက်းဇူးတင္ပါတယ္။
References (For Part 1 + 2):
https://www.google.co.th/…
http://www.biography.com/people/stephen-hawking-9331710
https://www.youtube.com/watch?v=hi8jMRMsEJo
http://www.historyvshollywood.com/…/en…/wiki/Stephen_Hawking
http://www.independent.co.uk/…/stephen-hawkings-wife-on-the…
http://www.theweek.co.uk/…/stephen-hawking-book-reveals-ang…
https://www.youtube.com/watch?v=BOIau2oo3k0
http://edition.cnn.com/…/world/…/stephen-hawking-fast-facts/
http://www.universetoday.com/46687/black-hole-facts/
ေဆာင္းပါးရွင္ - ေအးျမျမခို္င္ (Aye Mya Mya Khine)
‪#‎article_yyl‬
‪#‎ayemyamyakhine_yyl‬
www.yoyarlay.com


(Unicode version)

Stephen Hawking နှင့် သူ၏ဘ၀ကောက်ကြောင်း (ဒုတိယပိုင်း)
ပြောဖို့မေ့ခဲ့တာတစ်ခုက Jane Wilde ဟာ Stephen Hawking အစ်မရဲ့သူငယ်ချင်းဖြစ်ပြီး ဒီလိုအနေအထားလေးနဲ့ သူတို့နှစ်ဦး ပထမဆုံးဆုံတွေ့ပတ်သတ်ခြင်းအစပြုခဲ့ကြပါတယ်။ ဒီလိုနဲ့ သူတို့နှစ်ဦးဟာ 1965 ဂျူလိုင် 14 ရက်နေ့မှာ လက်ထပ်ခဲ့ကြတယ်။ လက်ထပ်ပြီး အစောပိုင်းနှစ်တွေမှာ Conferences တွေ၊ ရူပဗေဒနဲ့ပတ်သတ်တဲ့ခရီးစဉ်တွေအတွက် ၎င်းတို့ဇနီးမောင်နှံနှစ်ဦးဟာ အမေရိကားကိုခဏခဏသွားဖြစ်ခဲ့ကြပါတယ်။ Jane ဟာလည်း သူမရဲ့ မာစတာဘွဲ့ပြီးသွားပြီဖြစ်တာကြောင့် သူတို့အခြေချကြမယ့်နေရာအတွက် London ကိုရွေးချယ်ဖြစ်ခဲ့ကြပါတယ်။ နေထိုင်ဖို့အိမ်ရှာရာမှာတော့ တော်တော်လေးအခက်တွေ့ခဲ့ကြတယ်။ အကြောင်းရင်းက Cambridge တက္ကသိုလ်ရဲ့ Applied Mathematics and Theoretical Physics ဌာနကို Stephen Hawkingတစ်ယောက် အိမ်ကနေနီးနီးနားနား အဆင်ပြေပြေသွားနိုင်မယ့် နေရာအနေအထားကိုကြိုးစားရှာဖွေခဲ့ကြရလို့ဖြစ်ပါတယ်။
လက်ထပ်ပြီး နောက်တစ်နှစ် ၁၉၆၆ မှာ Stephen Hawking ဟာ သူ့ရဲ့ဒေါက်တာဘွဲ့ကို theoretical physics နဲ့ပြီးမြောက်သွားခဲ့ပါတယ်။ Black Holes အကြောင်း စာတမ်းလည်းတင်ဖြစ်ခဲ့ပါတယ်။ ထိုအချိန်မှာ Stephen Hawking ရဲ့အသက်ဟာ ၂၄ ပဲရှိပါသေးတယ်။ ဇနီးဖြစ်သူ Jane ဟာလည်း Ph.D Degree စတက်ဖြစ်ခဲ့တယ်။ နောက်တစ်နှစ် ၁၉၆၇ မှာ သူတို့နှစ်ယောက်ရဲ့ပထမရင်သွေး Robert ကိုမွေးဖွားခဲ့ပါတယ်။Robert မွေးဖွားပြီးနောက်တစ်နှစ် ၁၉၆၈ မှာ Stephen ဟာ Cambridge တက္ကသိုလ်ရဲ့ Institute of Astronomy မှာ အသင်းဝင်ဖြစ်လာခဲ့ပါတယ်။
အဲဒီ့နှစ်တွေအတောအတွင်းမှာ Stephen ဟာအပြောင်းအလဲတွေချည်းဆက်တိုက်ဆိုသလိုကြုံခဲ့တယ်။ နောက်တစ်နှစ် ၁၉၆၉မှာတော့ wheelchair မဖြစ်မနေသုံးရမယ့်အခြေအနေကိုစတင်ရောက်ရှိခဲ့ပါတယ်။ တစ်နှစ်ထဲမှာပဲ သမီးလတ်လေး Lucy မွေးဖွားလာခဲ့ပါတယ်( နောက်ဆယ်နှစ်အကြာမှာ သားအငယ်ဆုံး Timothy မွေးဖွားပါတယ်)။
ဒီလိုနဲ့ ၁၉၇၄ ခုနှစ်မှာ Stephen Hawking ဟာ စကြာဝဌာကြီးမှာ Black Holes ဆိုတာတကယ်ကိုရှိပါတယ်ဆိုတာ သက်သေပြနိုင်ခဲ့ပြီး ကမ္ဘာကျော် အာကာသရူပဗေဒ သိပ္ပံပညာရှင် celebrity တစ်ယောက် စဖြစ်လာခဲ့ပါတယ်။ ဒီနေရာမှာ Black Holes အကြောင်းကို ဗဟုသုတအနေနဲ့ နည်းနည်းပြောပြပါရစေ။
Black Holes ဆိုသည်မှာ...
စကြာဝဌာကြီးမှာ အမြောက်အမြားရှိနေပြီး အရာအားလုံးကိုအတွင်းပေါက်ထဲဆွဲချနိုင်စွမ်းရှိတဲ့ အလွန်ကြောက်စရာကောင်းတဲ့ မည်းမှောင်နေတဲ့တွင်းတွေပဲဖြစ်ပါတယ်။ကိုယ်တွေနေထိုင်တဲ့ကမ္ဘာကြီးဆိုတာကလည်း.... နဂါးငွေ့တန်း Galaxy ကြယ်အစုအဝေးထဲက မြောက်မြားလှစွာသောကြယ်သန်းပေါင်းများစွာထဲက main sequence star လို့ခေါ်တဲ့ ကြယ်လေးတစ်လုံးကိုလှည့်ပတ်နေသော ဂြိုလ်ပေါင်းမြောက်မြားစွာထဲက ဂြိုလ်လေးတစ်လုံးပဲဖြစ်တယ် ဆိုတာက အားလုံးသိပြီးဖြစ်ပါတယ်။ စကြာဝဌာကြီးမှာ ဒီလိုနဂါးငွေ့တန်းပေါင်း အင်္သေချေရှိနေပြီး တစ်ခုချင်းစီတ်ိုင်းရဲ့အလယ်ဗဟိုမှာ Black Hole ရှိနေပါတယ်။Galaxy တိုင်းမှာ တစ်ခုထက်ပိုတဲ့ black hole တွေရှိနေပေမယ့် အဓိကအကျဆုံးက အလယ်ဗဟိုက suppermassive black hole ပါ။ Black Hole ရဲ့အဓိက ဂုဏ်သတ္တိတစ်ခုက သူ့အနားရောက်လာတဲ့ဘယ်အရာမျိုးကိုမဆို တွင်းနက်ကြီးထဲစုပ်ယူနိုင်စွမ်းရှိတာပါ။ စိတ်အေးရမှာတစ်ခုက ကိုယ်တွေနေထိုင်တဲ့ ကမ္ဘာကြီးဟာ Black Hole ရှိရာအလယ်ဗဟိုနဲ့ သုံးပုံပုံနှစ်ပုံအကွာအဝေးလောက်မှာ ရှိနေပြီး Black Hole ရဲ့စုပ်ယူဝါးမြိုမှုစက်ကွင်းကနေလွတ်ကင်းနေပါတယ်။ Black Hole ကို အလင်းမဖြတ်သန်းနိုင်ပါဘူး။ အလင်းလှိုင်းဖြတ်လေတိုင်း Black Hole ဆီရောက်ရင် အလင်းဟာပျောက်ကွယ်သွားပါတယ်။ ဒါကြောင့်သူ့ကို မည်းမှောင်နေတဲ့တွင်းနက် Black Hole လို့ခေါ်ဆိုရခြင်းဖြစ်ပါတယ်။ Black Hole နဲ့ပတ်သတ်ပြီးယခုတိုင်မေးခွန်းအဖြစ်တည်ရှိနေဆဲကတော့ Black Hole ရဲ့စုပ်ယူခံရပြီးနောက်ပိုင်းမှာ အဲသည့်ကြယ် သို့ ဂြိုလ်ကမ္ဘာသည် နောက်ထပ် စကြာဝဌာအသစ်တစ်ခုဆီသို့ရောက်သွားတာလားဆိုတာပါပဲ။ Black Hole သည် မည်းမှောင်နေတဲ့အတွက် သူ့ကိုကြည့်ရှုနိုင်ဖို့ဆိုတာ ယခုတိုင်မဖြစ်နိုင်သေးပဲ သီအိုရီအရသာ သူတည်ရှိနေကြောင်း သက်သေပြနိုင်တဲ့အဆင့်မှာပဲရှိနေဆဲဖြစ်နေပါတယ်။
Stephen Hawking အကြောင်းဆက်လက်ပြောပါရစေ။ Stephen ဟာ Black Holes တွေသည် ခန့်မှန်းချက်အရပဲမဟုတ်ပဲ တကယ်တည်ရှိနေကြောင်းသက်သေပြနိုင်ခဲ့သူဖြစ်ပြီး Black Hole ကထုတ်လွှင့်တဲ့ radiation ကိုလည်းစတင်ဖော်ထုတ်နိုင်ခဲ့သူဖြစ်တဲ့အတွက် အဲဒီ့ Black Hole ရဲ့ radiation ကို Hawking Radiation ကိုခေါ်တွင်စေခဲ့ပါတယ်။ သူအသက် ၃၂အရွယ်မှာတော့ Albert Einstein Award ကိုဆွတ်ခူးရရှိခဲ့ပါတယ်။
သူ့ရဲ့အိမ်ထောင်ရေးဘဝကို ပြန်လှည့်ပါရစေ။ သူ့ဘဝမှာ မိန်းမနှစ်ယောက်နဲ့ပတ်သတ်ခဲ့ဖူးပါတယ်။ ဒီနေရာမှာ အမြင်၂မျိုးကွဲပြားနေပါတယ်။ ပထမတစ်မျိုးက သူ့ကိုသားသမီးသုံးယောက်မွေးဖွားပေးခဲ့သော၊ သူ့ကိုသတ္တိရှိရှိနဲ့ လက်ထပ်ခဲ့သော၊သားသမီးသုံးယောက်ရဲ့ဝေယျာဝစ္စအပြင် သူ့ရဲ့ ခက်ခဲလှတဲ့ဝေယျာဝစ္စများကို လက်ထပ်ခဲ့တဲ့အချိန်ကစလို့ နှစ်ပေါင်းများစွာလုပ်ကိုင်ပေးခဲ့တဲ့ သူ့ရဲ့ပထမဇနီး Jane ဟာ အော်ဂင်အတီးဆရာ Jonathan Hellyer Jones နဲ့ဖောက်ပြန်ချစ်ကြိုက်ခဲ့ကြပြီး အဲဒီ့အခြေအနေကို Stephen Hawking ကနားလည်ပေးခဲ့တယ်ဆိုတာနဲ့၊ ဒါတွေကပဲ ..နောက်နှစ်များမှာ သူတို့နှစ်ဦးသဘောတူငှားခဲ့သော၊ Stephen Hawking ရဲ့ nurse သုံးယောက်ထဲက တစ်ယောက်ဖြစ်တဲ့ Mason နဲ့ Stephen Hawking ဖောက်ပြန်ချစ်ကြိုက်ခဲ့ပြီး အတိအလင်းလက်ထပ်ဖြစ်စေခဲ့ တယ်ဆိုတာရယ် ဒုတိယတစ်မျိုးက
ပထမဇနီး Jane ဟာ မဖောက်ပြန်ခဲ့ဘူး။ The Theory of Everything မှာ မဖောက်ပြန်ခဲ့ဘူးလို့တော့ရိုက်ပြထားတယ်။ ဒါပေမဲ့ သူတို့နှစ်ဦးသဘောတူငှားရမ်းခဲ့တဲ့ nurse သုံးယောက်ထဲက တစ်ယောက်ဖြစ်တဲ့ Mason ဟာ Stephen Hawking ရဲ့အောင်မြင်ကျော်ကြားမှုတွေကြောင့် လူ့စည်းကမ်းသိက္ခာမစောင့်ပဲ တမင်ကိုရယ်ရွယ်ချက်ရှိရှိမြူဆွယ်သွေးဆောင်ခဲ့တယ်ဆိုတာပါပဲ။
ဘယ်ဟာက ဘယ်လိုအတိအကျအမှန်လဲဆိုတာတော့ ကာယကံရှင်တွေကိုယ်တိုင်ပဲသိမှာပါ။ ပထမဇနီး Jane နဲ့ ၁၉၉၅ မှာ ကွာရှင်းခဲ့ပြီး သူ့ရဲ့သူနာပြု Mason နဲ့ နောက်တစ်နှစ် ၁၉၉၆ မှာ လက်ထပ်ခဲ့ပါတယ်။ ခြောက်နှစ်ကြာပြီးနောက် Mason နဲ့ ကွာရှင်းခဲ့ပြီး ပထမဇနီးနဲ့ Jane နဲ့ပြန်ပေါင်းခဲ့ပါတယ်။ ယခုလက်ရှိအထိပါပဲ။
ကာယကံရှင် Stephen Hawking က သူ့ရဲ့ဇနီးနှစ်ယောက်နဲ့ပတ်သတ်ပြီးသူမှတ်ချက်ချတာကတော့ ပထမဇနီး Jane ဟာ သူ့ကိုနာကျင်စရာအမှတ်တရတွေပေးခဲ့သူဖြစ်ပြီး ဒုတိယဇနီး Mason ဟာစွဲမက်ဖို့ကောင်းပြီး ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကောင်းသူလို့ဆိုပါတယ်။
ဒုတိယဇနီးနဲ့ သူမကွာရှင်းခင်လေးမှာ ဒုတိယဇနီး Mason ဟာ သူ့ကိုရေချိုးပေးရာမှာ သိပ်ပူတဲ့ရေနဲ့ချိုးပေးခဲ့တယ်ဆိုတဲ့ သူ့ရဲ့အပေါင်းအသင်း၊တပည့်၊ရှေ့နေတချို့ရဲ့ စွပ်စွဲမှုတွေရှိခဲ့ပြီး Stephen Hawking ကတော့ လုံးဝမမှန်ပါဘူးဆိုပြီးယတိပြတ်ငြင်းဆိုခဲ့ပါတယ်။
သု့ရဲ့ ပထမဇနီးဖြစ်သူ Jane က သူတို့ရဲ့အိမ်ထောင်ရေးနဲ့ပတ်သတ်ပြီးပြောပြခဲ့တာတချို့ကတော့…
“Stephen Hawking ဟာ သူ့ရဲ့ ရူပဗေဒပညာရှင်ဘဝမှာ အရမ်းကိုတော်လွန်းသူတစ်ယောက်ဖြစ်ပေမဲ့ သူ့ရဲ့ကိုယ်ပိုင်အချိန်သာမန်နေ့စဉ်ဘဝမှာတော့ တကယ့်ကိုသာမန်ယောက်ျားတစ်ယောက်ပါပဲ။”
“I was, I suppose, very innocent. I expected that carers came into the home to help look after the disabled person and respect the rest of the family. Very few of them did that. I was desperate.”
“ကျွန်မအရမ်းကို ရိုးအလွန်းခဲ့တယ်။ ဖြူစင်လွန်းခဲ့တယ်။ အိမ်ကိုလာတဲ့ သူနာပြုဆိုတာ သူပြုစုရမယ့်သူကို ဂရုစိုက်ပြုစုပြီး ကျန်တဲ့မိသားစုဝင်တွေကို လေးစားသမှုရှိကြလိမ့်မယ်လို့ ကျွန်မယူဆခဲ့တယ်။ တကယ်က အဲလိုမဟုတ်ဘူးရှင့်။ တကယ့်ကို လူအနည်းစုလောက်သာပဲ ဒီလိုရိုးသားတာဝန်သိကြတာပါ။ ကျွန်မလေ အဲသည့်အခြေအနေကို ဘယ်လိုရင်ဆိုင်ရမှန်းမသိလောက်အောင်ဖြစ်ခဲ့ရပါတယ်။”
ဆုတွေနဲ့ပတ်သတ်ပြီး Stephen Hawking ရရှိခဲ့တာတွေက အရမ်းများလွန်းတဲ့အတွက် အထင်ရှားဆုံးထဲက ၂ခုလောက်ပဲဖော်ပြပါရစေ။
၂၀၀၉ မှာ အမေရိကန်သမ္မတ Barack Obama ချီးမြှင့်ခဲ့တဲ့ Presidential Medal of Freedom ကိုရရှိခဲ့တယ်။
၂၀၁၂မှာ သူ့ရဲ့ Black Hole Theory နဲ့ Fundamental Physics Prize ကိုရရှိခဲ့ပြီး ဒေါ်လာ သုံးသန်းဆုကြေးအဖြစ်ရခဲ့ပါတယ်။
အာကာသစကြာဝဌာနဲ့ပတ်သတ်ပြီး စာအုပ်များစွာလည်းထုတ်ဝေခဲ့ပြီး သမီး Lucy နဲ့ ပထမဇနီး Jane တို့နဲ့ တွဲဖက်ပြီး ကလေးသိပ္ပံစာအုပ်များစွာလည်းရေးသားထုတ်ဝေခဲ့ပါတယ်။ သူရဲ့အကျော်ကြားဆုံးစာအုပ်တစ်အုပ်ကတော့ "A Brief History of Time: From the Big Bang to Black Holes" အမည်ရှိစာအုပ်ပဲဖြစ်ပါတယ်။
ဒီနေရာမှာပဲ နိဂုံးချုပ်ပါရစေ။ အတတ်နိုင်ဆုံးချုံရေးထားတဲ့အတွက် အရေးကြီးအချက်တစ်ချို့ကျန်ခဲ့တာတွေရှိပါရင် ခွင့်လွှတ်ပေးကြဖို့မေတ္တာရပ်ခံပါတယ်။ ဖတ်ရှုကြသူများအားလုံးကိုကျေးဇူးတင်ပါတယ်။
References (For Part 1 + 2):
https://www.google.co.th/…
http://www.biography.com/people/stephen-hawking-9331710
https://www.youtube.com/watch?v=hi8jMRMsEJo
http://www.historyvshollywood.com/…/en…/wiki/Stephen_Hawking
http://www.independent.co.uk/…/stephen-hawkings-wife-on-the…
http://www.theweek.co.uk/…/stephen-hawking-book-reveals-ang…
https://www.youtube.com/watch?v=BOIau2oo3k0
http://edition.cnn.com/…/world/…/stephen-hawking-fast-facts/
http://www.universetoday.com/46687/black-hole-facts/
ဆောင်းပါးရှင် - အေးမြမြခ်ိုင် (Aye Mya Mya Khine)
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment