အာဖဂန္ ငါးႏွစ္သားက မက္ဆီ့အကၤ်ီကို တကယ္ရသြား


ေဘာလုံး အေက်ာ္အေမာ္ မက္ဆီရဲ့ အာဂ်င္တီနား အကၤ်ီပုံစံအတိုင္း အစင္းပါတဲ့ ပလတ္စတစ္ အိတ္ေပၚမွာ ေက်ာနံပါတ္နဲ႔ မက္ဆီ့ အမည္ကို ေရးၿပီး ဝတ္ထားတဲ့ ဓာတ္ပုံနဲ႔ အင္တာနက္ေပၚမွာ နာမည္ႀကီးခဲ့တဲ့ အာဖဂန္က ငါးႏွစ္သား တစ္ေယာက္ဟာ အခုေတာ့ မက္ဆီရဲ့ တကယ့္ အကၤ်ီအစစ္ တစ္ထည္ကို ရရွိသြားပါတယ္။

Murtaza Ahmadi ဆိုတဲ့ အဲဒီ ငါးႏွစ္သားေလးက မက္ဆီ ကိုယ္တိုင္ လက္မွတ္ထိုးထားတဲ့ အကၤ်ီကို ဝတ္ထားတဲ့ ဓာတ္ပုံကို ကုလသမဂၢ ကေလးမ်ား ရန္ပုံေငြအဖြဲ႕ ယူနီဆက္ဖ္က ေဖာ္ၿပ ခဲ့ပါတယ္။

မက္ဆီရဲ့ စီမံခန္႔ခြဲေရး အဖြဲ႕ကလည္း Murtaza အတြက္ လက္မွတ္ထိုးထားတဲ့ အကၤ်ီတစ္ထည္နဲ႔ ေဘာလုံးတစ္လုံးကို ေပးပို႔ခဲ့တယ္ ဆိုတာကို ၾကသပေတးေန႔က အတည္ျပဳ ေျပာဆိုပါတယ္။

Murtaza က 'ကၽြန္ေတာ္ မက္ဆီ့ကို ခ်စ္တယ္၊ မက္ဆီကလည္း ကၽြန္ေတာ့္ကို ခ်စ္တယ္ ဆိုတာ ဒီအကၤ်ီက ေျပာေနတယ္' လို႔ ေျပာပါတယ္။

ပလပ္စတစ္အိတ္ အကၤ်ီနဲ႔ Murtaza ရဲ့ ဓာတ္ပုံကို သူ႔အစ္ကို ျဖစ္သူက အြန္လိုင္းေပၚ တင္ခဲ့ၿပီးေနာက္ အင္တာနက္ေပၚမွာ ပ်ံ႕ႏွံ့ ခဲ့တာပါ။

လယ္သမား တစ္ေယာက္ ျဖစ္တဲ့ သူ႔ရဲ့ ဖခင္ကေတာ့ အခုလို မက္ဆီရဲ့ အကၤ်ီအစစ္ တစ္ထည္ကို သူ႔သားအတြက္ ဝယ္ေပးဖို႔ တတ္နိုင္မွာ မဟုတ္ဘူးလို႔ ေျပာပါတယ္။

BBC Burmese
http://www.bbc.com/burmese

.........................................


ဘောလုံး အကျော်အမော် မက်ဆီရဲ့ အာဂျင်တီနား အင်္ကျီပုံစံအတိုင်း အစင်းပါတဲ့ ပလတ်စတစ် အိတ်ပေါ်မှာ ကျောနံပါတ်နဲ့ မက်ဆီ့ အမည်ကို ရေးပြီး ဝတ်ထားတဲ့ ဓာတ်ပုံနဲ့ အင်တာနက်ပေါ်မှာ နာမည်ကြီးခဲ့တဲ့ အာဖဂန်က ငါးနှစ်သား တစ်ယောက်ဟာ အခုတော့ မက်ဆီရဲ့ တကယ့် အင်္ကျီအစစ် တစ်ထည်ကို ရရှိသွားပါတယ်။

Murtaza Ahmadi ဆိုတဲ့ အဲဒီ ငါးနှစ်သားလေးက မက်ဆီ ကိုယ်တိုင် လက်မှတ်ထိုးထားတဲ့ အင်္ကျီကို ဝတ်ထားတဲ့ ဓာတ်ပုံကို ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ ယူနီဆက်ဖ်က ဖော်ပြ ခဲ့ပါတယ်။

မက်ဆီရဲ့ စီမံခန့်ခွဲရေး အဖွဲ့ကလည်း Murtaza အတွက် လက်မှတ်ထိုးထားတဲ့ အင်္ကျီတစ်ထည်နဲ့ ဘောလုံးတစ်လုံးကို ပေးပို့ခဲ့တယ် ဆိုတာကို ကြသပတေးနေ့က အတည်ပြု ပြောဆိုပါတယ်။

Murtaza က 'ကျွန်တော် မက်ဆီ့ကို ချစ်တယ်၊ မက်ဆီကလည်း ကျွန်တော့်ကို ချစ်တယ် ဆိုတာ ဒီအင်္ကျီက ပြောနေတယ်' လို့ ပြောပါတယ်။

ပလပ်စတစ်အိတ် အင်္ကျီနဲ့ Murtaza ရဲ့ ဓာတ်ပုံကို သူ့အစ်ကို ဖြစ်သူက အွန်လိုင်းပေါ် တင်ခဲ့ပြီးနောက် အင်တာနက်ပေါ်မှာ ပျံ့နှံ့ ခဲ့တာပါ။

လယ်သမား တစ်ယောက် ဖြစ်တဲ့ သူ့ရဲ့ ဖခင်ကတော့ အခုလို မက်ဆီရဲ့ အင်္ကျီအစစ် တစ်ထည်ကို သူ့သားအတွက် ဝယ်ပေးဖို့ တတ်နိုင်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment