နီေပါႏိုင္ငံ၌ ႏွစ္ရက္အတြင္း ေလယာဥ္ငယ္တစ္စင္းထပ္မံပ်က္က် (နီပေါနိုင်ငံ၌ နှစ်ရက်အတွင်း လေယာဉ်ငယ်တစ်စင်းထပ်မံပျက်ကျ )



ခတၱမႏၵဴ ေဖေဖာ္ဝါရီ ၂၇

နီေပါႏုိင္ငံအေနာက္ပုိင္းတြင္ ေဖေဖာ္ဝါရီ ၂၆ ရက္ က ေလယာဥ္ငယ္တစ္စင္း ပ်က္က်ခဲ့ရာ လုိက္ပါစီးနင္း လာသူႏွစ္ဦး ေသဆုံးခဲ့ေၾကာင္း ေဒသႏၲရသတင္းမ်ားအရ သိရသည္။

ေဖေဖာ္ဝါရီ ၂၄ ရက္က ရာသီဥတုဆုိးရြားမႈေၾကာင့္ ခရီးသည္ ၂၃ ဦးလုိက္ပါစီးနင္းခဲ့သည့္ ေလယာဥ္ငယ္ တစ္စင္းပ်က္က်ခဲ့ၿပီးေနာက္ အလားတူ ေဖေဖာ္ဝါရီ ၂၆ ရက္တြင္ ေနာက္ထပ္ ေလယာဥ္ငယ္တစ္စင္းပ်က္က်ခဲ့ျခင္း ျဖစ္သည္။

ထုိသုိ႔ ႏွစ္ရက္တာကာလအတြင္း ေလယာဥ္ႏွစ္စင္း ပ်က္က်မႈသည္ နီေပါႏုိင္ငံေလေၾကာင္းထိန္းခ်ဳပ္ ေရးလုပ္ငန္း၏ ေဘးကင္းေရးေဆာင္ရြက္ခ်က္မ်ား ေဆာင္ရြက္ရာတြင္ ညံ့ဖ်င္းရာေရာက္ေၾကာင္း မီးေမာင္းထုိးျပသည္။

ယင္းေလယာဥ္သည္ ၿမိဳ႕ေတာ္ခတၱမႏၵဴအေနာက္ပုိင္း ကီလုိမီတာ ၃၂ဝ အကြာေဝးရွိ ကာလီေကာ့တ္ခ႐ုိင္အတြင္း ပ်က္က်ခဲ့ျခင္းျဖစ္ၿပီး လုိက္ပါစီးနင္းလာသူမ်ားအနက္ ကုိးဦးမွာ ထိခုိက္ဒဏ္ရာျပင္းထန္စြာရရွိခဲ့သည္။

ပ်က္က်သြားသည့္ေလယာဥ္သည္ ကတ္စ္သာ မန္ဒက္ပ္ ေလေၾကာင္းလုိင္းမွျဖစ္ၿပီး အေနာက္ေတာင္ပုိင္း နီေပါဂန္ဂ်က္ၿမိဳ႕မွ ဂ်မ္လာၿမိဳ႕သုိ႔ ဦးတည္ေမာင္းႏွင္ခဲ့ေၾကာင္း သိရသည္။

အင္န္အိတ္ခ်္ေက။
The Mirror Daily
https://www.facebook.com/TheMirrorDaily
...............


ခတ္တမန္ဒူ ဖေဖော်ဝါရီ ၂၇

နီပေါနိုင်ငံအနောက်ပိုင်းတွင် ဖေဖော်ဝါရီ ၂၆ ရက် က လေယာဉ်ငယ်တစ်စင်း ပျက်ကျခဲ့ရာ လိုက်ပါစီးနင်း လာသူနှစ်ဦး သေဆုံးခဲ့ကြောင်း ဒေသန္တရသတင်းများအရ သိရသည်။

ဖေဖော်ဝါရီ ၂၄ ရက်က ရာသီဥတုဆိုးရွားမှုကြောင့် ခရီးသည် ၂၃ ဦးလိုက်ပါစီးနင်းခဲ့သည့် လေယာဉ်ငယ် တစ်စင်းပျက်ကျခဲ့ပြီးနောက် အလားတူ ဖေဖော်ဝါရီ ၂၆ ရက်တွင် နောက်ထပ် လေယာဉ်ငယ်တစ်စင်းပျက်ကျခဲ့ခြင်း ဖြစ်သည်။

ထိုသို့ နှစ်ရက်တာကာလအတွင်း လေယာဉ်နှစ်စင်း ပျက်ကျမှုသည် နီပေါနိုင်ငံလေကြောင်းထိန်းချုပ် ရေးလုပ်ငန်း၏ ဘေးကင်းရေးဆောင်ရွက်ချက်များ ဆောင်ရွက်ရာတွင် ညံ့ဖျင်းရာရောက်ကြောင်း မီးမောင်းထိုးပြသည်။

ယင်းလေယာဉ်သည် မြို့တော်ခတ္တမန္ဒူအနောက်ပိုင်း ကီလိုမီတာ ၃၂ဝ အကွာဝေးရှိ ကာလီကော့တ်ခရိုင်အတွင်း ပျက်ကျခဲ့ခြင်းဖြစ်ပြီး လိုက်ပါစီးနင်းလာသူများအနက် ကိုးဦးမှာ ထိခိုက်ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်။

ပျက်ကျသွားသည့်လေယာဉ်သည် ကတ်စ်သာ မန်ဒက်ပ် လေကြောင်းလိုင်းမှဖြစ်ပြီး အနောက်တောင်ပိုင်း နီပေါဂန်ဂျက်မြို့မှ ဂျမ်လာမြို့သို့ ဦးတည်မောင်းနှင်ခဲ့ကြောင်း သိရသည်။

အင်န်အိတ်ချ်ကေ။
The Mirror Daily
https://www.facebook.com/TheMirrorDailyဆန္ဒပြ 
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment