အိႏိၵယ ေက်ာင္းသား ၂၅၀ ေက်ာ္ ေန႔လည္စာ စားၿပီး ဖ်ားနာခဲ႔

အိႏိၵယရွိ စာသင္ေက်ာင္း တစ္ခုတြင္ ေက်ာင္းသားမ်ား ေန႔လည္စာ စားေနစဥ္ (ဓာတ္ပံု-အင္တာနက္)
    နယူးေဒလီ၊ ေဖေဖာ္ဝါရီ ၂၆ ရက္ (ဆင္ဟြာ)

    အိႏိၵယႏိုင္ငံ အေနာက္ပိုင္း မဟာရက္ခ်္ထရာ ျပည္နယ္ရွိ စာသင္ေက်ာင္း တစ္ေက်ာင္း၌ ေဖေဖာ္ဝါရီလ ၂၅ ရက္က ေက်ာင္းသား ၂၄၇ ဦးမွာ ေန႔လည္စာ စားၿပီးေနာက္ ဖ်ားနာခဲ႔ေၾကာင္း ေဒသခံ မီဒီယာအရ သိရသည္။

အစာ အဆိပ္သင့္မႈဟု သံသယရွိသည့္ ယင္း မေတာ္တဆမႈမွာ မဟာရက္ခ်္ထရာ ျပည္နယ္ Palghar ခရိုင္ Vikramgad ၿမိဳ႕တြင္ ျဖစ္ပြားခဲ႔ျခင္း ျဖစ္ၿပီး ထိုအထဲမွ ေက်ာင္းသား ၁၇ ဦး၏ အေျခအေနမွာ ပံုမွန္မျဖစ္ေသး ေၾကာင္း Times of India သတင္းစာ၌ ေဖာ္ျပထားသည္။

အဆိုပါ ကေလးငယ္မ်ားမွာ ဆန္ႏွင့္ ပဲ ေရာနယ္ထားသည့္ ေဒသအေခၚ Khichdi အစားအစာအား စားေသာက္ ၿပီးေနာက္ နာရီဝက္အတြင္းမွာ အစာအိမ္ ေအာင့္ျခင္း၊ မူးေဝ ေအာ့အန္ျခင္းမ်ားျဖစ္ကာ  စတင္ ညည္းညဴခဲ႔ၾက သည္။

ဆရာမမ်ားက အေျခခံက်န္းမာေရး စင္တာသို႔ ပို႔ေဆာင္ေပးခဲ႔ရာ အစာအဆိပ္သင့္မႈ ျဖစ္ေၾကာင္း ဆရာဝန္က သံသယ ရွိခဲ႔သည္။

၂၀၁၃ ခုႏွစ္ ဇူလိုင္လ အတြင္းကလည္း ဘီဟာျပည္နယ္ အေရွ႕ပိုင္း ဆာရန္ခရိုင္၌ ပိုးသတ္ေဆး ပါဝင္သည့္ ေန႔လည္စာ စားသံုးမိၿပီးေနာက္ ေက်ာင္းသား ၂၃ ဦး ေသဆံုးခဲ႔ေၾကာင္း သိရသည္။ 

(Xinhua)
http://www.xinhuamyanmar.com

.......................................


အိန္ဒိယရှိ စာသင်ကျောင်း တစ်ခုတွင် ကျောင်းသားများ နေ့လည်စာ စားနေစဉ် (ဓာတ်ပုံ-အင်တာနက်)
    နယူးဒေလီ၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ)

    အိန္ဒိယနိုင်ငံ အနောက်ပိုင်း မဟာရက်ချ်ထရာ ပြည်နယ်ရှိ စာသင်ကျောင်း တစ်ကျောင်း၌ ဖေဖော်ဝါရီလ ၂၅ ရက်က ကျောင်းသား ၂၄၇ ဦးမှာ နေ့လည်စာ စားပြီးနောက် ဖျားနာခဲ့ကြောင်း ဒေသခံ မီဒီယာအရ သိရသည်။

အစာ အဆိပ်သင့်မှုဟု သံသယရှိသည့် ယင်း မတော်တဆမှုမှာ မဟာရက်ချ်ထရာ ပြည်နယ် Palghar ခရိုင် Vikramgad မြို့တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ထိုအထဲမှ ကျောင်းသား ၁၇ ဦး၏ အခြေအနေမှာ ပုံမှန်မဖြစ်သေး ကြောင်း Times of India သတင်းစာ၌ ဖော်ပြထားသည်။

အဆိုပါ ကလေးငယ်များမှာ ဆန်နှင့် ပဲ ရောနယ်ထားသည့် ဒေသအခေါ် Khichdi အစားအစာအား စားသောက် ပြီးနောက် နာရီဝက်အတွင်းမှာ အစာအိမ် အောင့်ခြင်း၊ မူးဝေ အော့အန်ခြင်းများဖြစ်ကာ  စတင် ညည်းညူခဲ့ကြ သည်။

ဆရာမများက အခြေခံကျန်းမာရေး စင်တာသို့ ပို့ဆောင်ပေးခဲ့ရာ အစာအဆိပ်သင့်မှု ဖြစ်ကြောင်း ဆရာဝန်က သံသယ ရှိခဲ့သည်။

၂၀၁၃ ခုနှစ် ဇူလိုင်လ အတွင်းကလည်း ဘီဟာပြည်နယ် အရှေ့ပိုင်း ဆာရန်ခရိုင်၌ ပိုးသတ်ဆေး ပါဝင်သည့် နေ့လည်စာ စားသုံးမိပြီးနောက် ကျောင်းသား ၂၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment