FIFA အဖြဲ႔ခ်ဳပ္ ဥကၠဌရာထူး ေရြးခ်ယ္ပြဲ ေသာၾကာေန႔က်င္းပမည္



FIFA ကမၻာ့ေဘာလုံးအဖြဲ႔ခ်ဳပ္ဟာ နာမည္ပ်က္ေနတဲ့ FIFA ဥကၠ႒ေဟာင္း Sepp Blatter ေနရာမွာ အစားထုိးမယ့္ ဥကၠ႒အသစ္ ေရြးေကာက္ပြဲကုိ လာမယ့္ ေသာၾကာေန႔မွာ ျပဳလုပ္သြားမွာျဖစ္ၿပီး အက်င့္ပ်က္ျခစားမႈေတြနဲ႔ အဆုိးရြားဆုံး နာမည္ပ်က္ခဲ့တဲ့ အဖြဲ႔ခ်ဳပ္ရဲ႕ ဂုဏ္သိကၡာကုိ ျပန္ဆယ္ႏုိင္ေရး ျပဳျပင္ေျပာင္းလဲမႈေတြ လုပ္ေဆာင္မယ့္ အစီအစဥ္အတြက္လည္း မဲေပးဆုံးျဖတ္ၾကမွာ ျဖစ္ပါတယ္။

ဥကၠ႒အသစ္ ေရြးခ်ယ္မႈကုိ ရက္ေရႊ႕ဆုိင္းဖုိ႔ ၀င္ေရာက္အေရြးခံတဲ့ ကုိယ္စားလွယ္တဦးက ႀကိဳးစားခဲ့ေပမဲ့ သူ႔ရဲ႕ ေတာင္းဆုိခ်က္ကုိ FIFA က ပယ္ခ်လုိက္ၿပီး Extraordinary Congress လုိ႔ေခၚတဲ့ အထူးညီလာခံကုိ Zurich ၿမိဳ႕မွာ က်င္းပဖုိ႔ စီစဥ္လုိက္ပါတယ္။

FIFA အဖြဲ႔ရဲ႕ ထိိပ္တန္းအရာရွိေတြရဲ႕ သက္တမ္းကုိ ကန္႔သတ္တာနဲ႔ သူတုိ႔ ၀င္ေငြ ဘယ္ေလာက္ ရွိတယ္ဆုိတာကုိ ထုတ္ေဖာ္ ေျပာဆုိရမယ့္ အခ်က္ေတြ ပါ၀င္တဲ့ ျပဳျပင္ေျပာင္းလဲမႈေတြ လုပ္ေဆာင္မယ့္ အဆုိျပဳခ်က္ေတြကုိ အဖြဲ႔၀င္ေတြအေနနဲ႔ အတည္ျပဳေပးဖုိ႔ FIFA က ေတာင္းဆုိထားပါတယ္။

ဒါဇင္ေပါင္းမ်ားစြာေသာ FIFA အရာရွိေတြအေပၚ အက်င့္ပ်က္ ျခစားမႈေတြနဲ႔ အေမရိကန္ျပည္ေထာင္စုက တရားစြဲဆုိခဲ့ၿပီး ဆြစ္ဇာလန္ႏုိင္ငံကလည္း ရာဇ၀တ္မႈဆုိင္ရာ စုံစမ္းစစ္ေဆးမႈေတြ လုပ္ေဆာင္ခဲ့ၿပီးေနာက္မွာ အခုလုိ ျပဳျပင္ေျပာင္းလဲမႈေတြ လုပ္ေဆာင္ဖုိ႔ ျဖစ္ေပၚလာတာပါ။

FIFA အဖြဲ႔ရဲ႕ ဥကၠ႒အျဖစ္ ၁၈ ႏွစ္ၾကာ တာ၀န္ထမ္းေဆာင္ခဲ့တဲ့ Sepp Blatter ရဲ႕ တရား၀င္သက္တမ္းဟာ အခုသီတင္းပတ္ကုန္မွ ကုန္ဆုံးမွာျဖစ္တာေၾကာင့္ သူ႔အေနနဲ႔ အထူးညီလာခံကုိ တက္ႏုိင္ဖုိ႔ ေမွ်ာ္လင့္ခဲ့ေပမယ့္ က်င့္၀တ္ဆုိင္ရာ ခ်ဳိးေဖာက္မႈေတြေၾကာင့္ သူ႔အေပၚ ခ်မွတ္ထားတဲ့ ၈ ႏွစ္ၾကာ ပိတ္ပင္မႈကုိ အသနားခံတာ မေအာင္ျမင္ခဲ့တဲ့အတြက္ တက္ေရာက္ခြင့္ မရေတာ့ပါဘူး။

သူ႔အေပၚ ၈ ႏွစ္ၾကာ ပိတ္ပင္မႈကုိ ေလွ်ာ့ခ်ေပးဖုိ႔ အယူခံ၀င္ခဲ့ရာမွာ ေဘာလုံးအဖဲြ႔ခ်ဳပ္ အယူခံေကာ္မတီက FIFA မွာ Blatter ရဲ႕ စြမ္းေဆာင္ခ်က္ေတြကုိ အသိအမွတ္ျပဳတဲ့အေနနဲ႔ ပိတ္ပင္တဲ့ သက္တမ္းကုိ ၆ ႏွစ္အထိ ေလွ်ာ့ခ်ေပးခဲ့တာ ျဖစ္ပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
http://burmese.voanews.com
........


FIFA ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ဟာ နာမည်ပျက်နေတဲ့ FIFA ဥက္ကဋ္ဌဟောင်း Sepp Blatter နေရာမှာ အစားထိုးမယ့် ဥက္ကဋ္ဌအသစ် ရွေးကောက်ပွဲကို လာမယ့် သောကြာနေ့မှာ ပြုလုပ်သွားမှာဖြစ်ပြီး အကျင့်ပျက်ခြစားမှုတွေနဲ့ အဆိုးရွားဆုံး နာမည်ပျက်ခဲ့တဲ့ အဖွဲ့ချုပ်ရဲ့ ဂုဏ်သိက္ခာကို ပြန်ဆယ်နိုင်ရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်မယ့် အစီအစဉ်အတွက်လည်း မဲပေးဆုံးဖြတ်ကြမှာ ဖြစ်ပါတယ်။

ဥက္ကဋ္ဌအသစ် ရွေးချယ်မှုကို ရက်ရွှေ့ဆိုင်းဖို့ ၀င်ရောက်အရွေးခံတဲ့ ကိုယ်စားလှယ်တဦးက ကြိုးစားခဲ့ပေမဲ့ သူ့ရဲ့ တောင်းဆိုချက်ကို FIFA က ပယ်ချလိုက်ပြီး Extraordinary Congress လို့ခေါ်တဲ့ အထူးညီလာခံကို Zurich မြို့မှာ ကျင်းပဖို့ စီစဉ်လိုက်ပါတယ်။

FIFA အဖွဲ့ရဲ့ ထိိပ်တန်းအရာရှိတွေရဲ့ သက်တမ်းကို ကန့်သတ်တာနဲ့ သူတို့ ၀င်ငွေ ဘယ်လောက် ရှိတယ်ဆိုတာကို ထုတ်ဖော် ပြောဆိုရမယ့် အချက်တွေ ပါ၀င်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်မယ့် အဆိုပြုချက်တွေကို အဖွဲ့ဝင်တွေအနေနဲ့ အတည်ပြုပေးဖို့ FIFA က တောင်းဆိုထားပါတယ်။

ဒါဇင်ပေါင်းများစွာသော FIFA အရာရှိတွေအပေါ် အကျင့်ပျက် ခြစားမှုတွေနဲ့ အမေရိကန်ပြည်ထောင်စုက တရားစွဲဆိုခဲ့ပြီး ဆွစ်ဇာလန်နိုင်ငံကလည်း ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့ပြီးနောက်မှာ အခုလို ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ ဖြစ်ပေါ်လာတာပါ။

FIFA အဖွဲ့ရဲ့ ဥက္ကဋ္ဌအဖြစ် ၁၈ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့တဲ့ Sepp Blatter ရဲ့ တရားဝင်သက်တမ်းဟာ အခုသီတင်းပတ်ကုန်မှ ကုန်ဆုံးမှာဖြစ်တာကြောင့် သူ့အနေနဲ့ အထူးညီလာခံကို တက်နိုင်ဖို့ မျှော်လင့်ခဲ့ပေမယ့် ကျင့်ဝတ်ဆိုင်ရာ ချိုးဖောက်မှုတွေကြောင့် သူ့အပေါ် ချမှတ်ထားတဲ့ ၈ နှစ်ကြာ ပိတ်ပင်မှုကို အသနားခံတာ မအောင်မြင်ခဲ့တဲ့အတွက် တက်ရောက်ခွင့် မရတော့ပါဘူး။

သူ့အပေါ် ၈ နှစ်ကြာ ပိတ်ပင်မှုကို လျှော့ချပေးဖို့ အယူခံဝင်ခဲ့ရာမှာ ဘောလုံးအဖွဲ့ချုပ် အယူခံကော်မတီက FIFA မှာ Blatter ရဲ့ စွမ်းဆောင်ချက်တွေကို အသိအမှတ်ပြုတဲ့အနေနဲ့ ပိတ်ပင်တဲ့ သက်တမ်းကို ၆ နှစ်အထိ လျှော့ချပေးခဲ့တာ ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment