နီဗာဒါမွာ ေဒၚနယ္ထရမ့္ အျပတ္အသတ္ အနိုင္ရ

အေမရိကန္ ျပည္ေထာင္စု၊ ျပည္နယ္အဆင့္ ပါတီကိုယ္စားျပဳ သမၼတေလာင္း ေရြးပြဲ၊ နီဗာဒါ ျပည္နယ္ ေရြးေကာက္ပြဲမွာ ရီပတ္ဘလီကန္ ပါတီအတြက္ ေဒၚနယ္ ထရမ့္က အျပတ္အသတ္ အနိုင္ရ သြားပါတယ္။
ဘီလ်ံနာ ေဒၚနယ္ထရမ့္ အေနနဲ႔ ၿပီးခဲ့တဲ့ ေတာင္ ကာရိုလိုင္းနားနဲ႔ နယူးဟမ့္ရွိုင္းယား ျပည္နယ္ ႏွစ္ခုမွာလည္း အနိုင္ရခဲ့တဲ့အတြက္ အခုတခါနဲ႔ဆို ရီပတ္ဘလီကန္အတြက္ သုံးႀကိမ္ဆက္ အနိုင္ရတာ ျဖစ္ပါတယ္။

မဲေရတြက္မွုေတြ အၿပီးမသတ္ ေသးတဲ့ အတြက္ ဒုတိယေနရာ ကိုေတာ့ တက္ ခ႐ုဇ္နဲ႔ မာကို ႐ူဘီယို တို႔ႏွစ္ဦး အၾကား ရလဒ္ေတြ အႀကိတ္အနယ္ ျဖစ္ေနပါတယ္။

ျပည္နယ္ အမ်ားအျပားက ပါတီကိုယ္စားျပဳ သမၼတေလာင္းကို တစ္ၿပိဳင္တည္း ေရြးခ်ယ္မယ့္ Super Tuesday လို႔ ေခၚတဲ့ မတ္လ ၁ ရက္ေန႔မွာေတာ့ ၁၁ ျပည္နယ္က ေရြးခ်ယ္ဖို႔ ရွိေနၿပီး၊ အဲဒီ မတိုင္ခင္ တစ္ပတ္သာ လိုေတာ့ခ်ိန္မွာ ေဒၚနယ္ ထရမ့္က နီဗာဒါ ျပည္နယ္အတြက္ အခုလို အနိုင္ရလိုက္တာလည္း ျဖစ္ပါတယ္။

တစ္ခါ ပါတီ အားလုံးကို ေထာက္ခံသူေတြ ညီတူမၽွတူ ရွိေနတဲ့ နီဗာဒါ ျပည္နယ္ရဲ့ မဲရလဒ္က တစ္နိုင္ငံလုံးရဲ့ ဆႏၵသေဘာထားကို တျခား ျပည္နယ္ေတြထက္ ပိုထင္ဟပ္တယ္ လို႔လည္း သုံးသပ္ သူေတြက ေျပာၾကပါတယ္။

မစၥတာ ထရမ့္က သူ႔အေနနဲ႔ ပါတီ ကိုယ္စားျပဳ သမၼတေလာင္း တကယ္ ျဖစ္လာဖို႔ လမ္းေၾကာင္းမွန္ေပၚ ေရာက္ေနၿပီလို႔ သူ႔ကို ေထာက္ခံသူေတြကို ေျပာပါတယ္။

အေမရိကန္မွာ ျပည္နယ္အဆင့္ ပါတီကိုယ္စားျပဳ ေရြးေကာက္ပြဲေတြ လုပ္ရတဲ့ ရည္ရြယ္ခ်က္က လာမယ့္ နိုဝင္ဘာ သမၼတ ေရြးေကာက္ပြဲမွာ ရီပတ္ဘလီကန္နဲ႔ ဒီမိုကရက္ ပါတီေတြက ဘယ္သူေတြကို ပါတီ ကိုယ္စားျပဳ သမၼတေလာင္းေတြ အျဖစ္ ဝင္ၿပိဳင္ေစမွာလဲ ဆိုတာ ေရြးခ်ယ္ နိုင္ဖို႔ ျဖစ္ပါတယ္။

BBC Burmese
http://www.bbc.com/burmese
........
 အမေရိကန် ပြည်ထောင်စု၊ ပြည်နယ်အဆင့် ပါတီကိုယ်စားပြု သမ္မတလောင်း ရွေးပွဲ၊ နီဗာဒါ ပြည်နယ် ရွေးကောက်ပွဲမှာ ရီပတ်ဘလီကန် ပါတီအတွက် ဒေါ်နယ် ထရမ့်က အပြတ်အသတ် အနိုင်ရ သွားပါတယ်။
ဘီလျံနာ ဒေါ်နယ်ထရမ့် အနေနဲ့ ပြီးခဲ့တဲ့ တောင် ကာရိုလိုင်းနားနဲ့ နယူးဟမ့်ရှိုင်းယား ပြည်နယ် နှစ်ခုမှာလည်း အနိုင်ရခဲ့တဲ့အတွက် အခုတခါနဲ့ဆို ရီပတ်ဘလီကန်အတွက် သုံးကြိမ်ဆက် အနိုင်ရတာ ဖြစ်ပါတယ်။

မဲရေတွက်မှုတွေ အပြီးမသတ် သေးတဲ့ အတွက် ဒုတိယနေရာ ကိုတော့ တက် ခရုဇ်နဲ့ မာကို ရူဘီယို တို့နှစ်ဦး အကြား ရလဒ်တွေ အကြိတ်အနယ် ဖြစ်နေပါတယ်။

ပြည်နယ် အများအပြားက ပါတီကိုယ်စားပြု သမ္မတလောင်းကို တစ်ပြိုင်တည်း ရွေးချယ်မယ့် Super Tuesday လို့ ခေါ်တဲ့ မတ်လ ၁ ရက်နေ့မှာတော့ ၁၁ ပြည်နယ်က ရွေးချယ်ဖို့ ရှိနေပြီး၊ အဲဒီ မတိုင်ခင် တစ်ပတ်သာ လိုတော့ချိန်မှာ ဒေါ်နယ် ထရမ့်က နီဗာဒါ ပြည်နယ်အတွက် အခုလို အနိုင်ရလိုက်တာလည်း ဖြစ်ပါတယ်။

တစ်ခါ ပါတီ အားလုံးကို ထောက်ခံသူတွေ ညီတူမျှတူ ရှိနေတဲ့ နီဗာဒါ ပြည်နယ်ရဲ့ မဲရလဒ်က တစ်နိုင်ငံလုံးရဲ့ ဆန္ဒသဘောထားကို တခြား ပြည်နယ်တွေထက် ပိုထင်ဟပ်တယ် လို့လည်း သုံးသပ် သူတွေက ပြောကြပါတယ်။

မစ္စတာ ထရမ့်က သူ့အနေနဲ့ ပါတီ ကိုယ်စားပြု သမ္မတလောင်း တကယ် ဖြစ်လာဖို့ လမ်းကြောင်းမှန်ပေါ် ရောက်နေပြီလို့ သူ့ကို ထောက်ခံသူတွေကို ပြောပါတယ်။

အမေရိကန်မှာ ပြည်နယ်အဆင့် ပါတီကိုယ်စားပြု ရွေးကောက်ပွဲတွေ လုပ်ရတဲ့ ရည်ရွယ်ချက်က လာမယ့် နိုဝင်ဘာ သမ္မတ ရွေးကောက်ပွဲမှာ ရီပတ်ဘလီကန်နဲ့ ဒီမိုကရက် ပါတီတွေက ဘယ်သူတွေကို ပါတီ ကိုယ်စားပြု သမ္မတလောင်းတွေ အဖြစ် ဝင်ပြိုင်စေမှာလဲ ဆိုတာ ရွေးချယ် နိုင်ဖို့ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment