.
Ref: metro
အောင်ခမ်း (ရိုးရာလေး)
‪#‎aungkham_yyl‬
‪#‎news_yyl‬
www.yoyarlay.com
(Unicode version)
အမေဇုန် သစ်တောထဲက အိမ်များ
ဘရာဇီးနိုင်ငံ အမေဇုန် သစ်တောထဲမှာ အိမ်ရာ တစ်ခု ဆောက်လုပ်မှာ ဖြစါ်တယ်။ TEMPO လို့အမည်ရတဲ့ ဆောက်လုပ်ရေး ကုမ္ဗဏီကနေပြီးတော့ ဆောက်လုပ်မှာ ဖြစ်ပါတယ်။
ဆောက်လုပ်မှုမှာ ဘယ် သစ်ပင်၊ သစ်မြစ်များကို ဖျက်ဆီးခြင်း ပြုလုပ်မှာ မဟုတ်ပါဘူး။ သစ်ပင်တွေကိုချန်ထားပြီး ကြားထဲမှာ သဘာဝကို မပျောက်ပျက်အောင် သေချာ တိုင်းတာပြီး ဆောက်လုပ်မှာ ဖြစ်ပါတယ်။ ဆောက်လုပ်တဲ့အခါ အသုံးပြုမယ့် ပစ္စည်းများက ဘရာဇီး သစ်တောတွင်းမှာ ရတဲ့ သစ်များနဲ့အတူ ခေတ်မှီ စက်ပစ္စည်းများကိုလည်း အသုံးပြုမှာ ဖြစ်ပါတယ်။ ရေကူးကန်လည်း ပါဝင်ပါတယ်။ ဒါကြောင့်မို့ အိမ်က ဈေးသက်သာမယ့် အိမ်မဟုတ်ပါဘူး။ ဇိမ်ခံ အိမ်ကြီးများ ဖြစ်ပါတယ်။ ရွာတစ်ရွာနဲ့ အနီးမှာ တည်ဆောက်ထားမှာ ဖြစ်ပါတယ်။ တိရစ္ဆာန်များလည်း ရှိကောင်းရှိနေနိုင်တဲ့ သစ်တောကြီးထဲမှာ နေရအောင် ဖန်တီးပေးမယ့် အိမ်မှာ လုံခြုံရေး စနစ်များ ပါဝင်မှာ ဖြစ်ပါတယ်။
ယခုလာမယ့် ဧပြီမှာ စတင်ရောင်းချမှာ ဖြစ်ပြီး ကြိုတင် ရောင်းချစနစ်နဲ့ ရောင်းချသွားမှာ ဖြစ်ကြောင်း ဆိုပါတယ်။
.
Ref: metro
အောင်ခမ်း (ရိုးရာလေး)
Share on Google Plus
About MP4 YoU
ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment
0 comments:
Post a Comment