ကာေလ ဂ်န္းဂဲလ္ ဖ်က္စီးသူေတြ နဲ႔ ေရႊ႕ေျပာင္းသူေတြ ထိပ္တိုက္ေတြ႕

ကာေလဂ်န္းဂဲလ္ ရဲ့ အျပင္ဘက္ ထိပ္တိုက္ ေတြ႕ ေနၾကတဲ့ ေရႊ႕ေျပာင္းသူ ေတြ ရွိသလို၊ ကာေလ ဆိပ္ကမ္း ရွိရာဆီ ျပန္႔ၾကဲ ၿပီး ထြက္ခြာ သြားၾကသူေတြ လည္း ရွိပါတယ္။
ျပင္သစ္ ဆိပ္ကမ္း ၿမိဳ႕ ျဖစ္တဲ့ ခယ္ေလ ရဲ့ ဝန္းက်င္ မွာရွိတဲ့ ေရႊ႕ေျပာင္းသူ ေတြ ရဲ့ ယာယီ ေနထိုင္ရာ တဲေတြ ကို ျပင္သစ္ အာဏာပိုင္ ေတြ တနလၤာေန႔ က တစ္ေနကုန္ အခ်ိန္ယူၿပီး ဖ်က္စီး ခဲ့ ၾကပါတယ္။

ျပင္သစ္ အာဏာပိုင္ ေတြ ရဲ့ ယာယီတဲ ဖ်က္စီးေရး အဖြဲ႕ေတြ နဲ႔ ေရႊ႕ေျပာင္းသူေတြ အၾကား ထိပ္တိုက္ ရင္ဆိုင္မွု ေတြ ျဖစ္ေပၚ ခဲ့တာ မွာ ေရႊ႕ေျပာင္းသူေတြ က ေက်ာက္ခဲ ေတြ နဲ႔ ပစ္ေပါက္ ခဲ့ၾက သလို၊ အာဏာပိုင္ ေတြ ဘက္ကလည္း မ်က္ရည္ယိုဗုံး ေတြ အသုံးျပဳ ခဲ့ၾကပါတယ္။

ေရႊ႕ေျပာင္းသူေတြ ရဲ့ အဲဒီ ယာယီတဲ စခန္း ကို ခယ္ေလ ဂ်န္းဂဲလ္ (ကာေလ ေတာအုပ္) ဆိုၿပီး သုံးစြဲ ေခၚေဝၚ ေနၾကပါတယ္။

ခယ္ေလဂ်န္းဂဲလ္ ရဲ့ အျပင္ဘက္ ထိပ္တိုက္ ေတြ႕ ေနၾကတဲ့ ေရႊ႕ေျပာင္းသူ ေတြ ရွိသလို၊ ကာေလ ဆိပ္ကမ္း ရွိရာဆီ ျပန္႔ၾကဲ ၿပီး ထြက္ခြာ သြားၾကသူေတြ လည္း ရွိပါတယ္။

ေရႊ႕ေျပာင္းသူေတြ ဟာ ျပင္သစ္ ကေန ၿဗိတိန္ နိုင္ငံထဲ ဝင္ေရာက္ဖို႔ အခြင့္ေကာင္းကို ခယ္ေလ ဆိပ္ကမ္းၿမိဳ႕ ဟင္းလင္းျပင္မွာ ယာယီတဲ ေတြ ထိုးၿပီး ေစာင့္ဆိုင္း ေနၾကတာ ျဖစ္ပါတယ္။

အဂၤါေန႔ မွာပါ အဲဒီ့ ခယ္ေလ ဂ်န္းဂဲလ္ ကို ျပင္သစ္ အာဏာပိုင္ေတြ ဘက္က ဆက္လက္ ရွင္းလင္း သြားဖို႔ ရွိေနပါတယ္။

BBC Burmese
http://www.bbc.com/burmese

.........................................


ကာလေဂျန်းဂဲလ် ရဲ့ အပြင်ဘက် ထိပ်တိုက် တွေ့ နေကြတဲ့ ရွှေ့ပြောင်းသူ တွေ ရှိသလို၊ ကာလေ ဆိပ်ကမ်း ရှိရာဆီ ပြန့်ကြဲ ပြီး ထွက်ခွာ သွားကြသူတွေ လည်း ရှိပါတယ်။
ပြင်သစ် ဆိပ်ကမ်း မြို့ ဖြစ်တဲ့ ခယ်လေ ရဲ့ ဝန်းကျင် မှာရှိတဲ့ ရွှေ့ပြောင်းသူ တွေ ရဲ့ ယာယီ နေထိုင်ရာ တဲတွေ ကို ပြင်သစ် အာဏာပိုင် တွေ တနင်္လာနေ့ က တစ်နေကုန် အချိန်ယူပြီး ဖျက်စီး ခဲ့ ကြပါတယ်။

ပြင်သစ် အာဏာပိုင် တွေ ရဲ့ ယာယီတဲ ဖျက်စီးရေး အဖွဲ့တွေ နဲ့ ရွှေ့ပြောင်းသူတွေ အကြား ထိပ်တိုက် ရင်ဆိုင်မှု တွေ ဖြစ်ပေါ် ခဲ့တာ မှာ ရွှေ့ပြောင်းသူတွေ က ကျောက်ခဲ တွေ နဲ့ ပစ်ပေါက် ခဲ့ကြ သလို၊ အာဏာပိုင် တွေ ဘက်ကလည်း မျက်ရည်ယိုဗုံး တွေ အသုံးပြု ခဲ့ကြပါတယ်။

ရွှေ့ပြောင်းသူတွေ ရဲ့ အဲဒီ ယာယီတဲ စခန်း ကို ခယ်လေ ဂျန်းဂဲလ် (ကာလေ တောအုပ်) ဆိုပြီး သုံးစွဲ ခေါ်ဝေါ် နေကြပါတယ်။

ခယ်လေဂျန်းဂဲလ် ရဲ့ အပြင်ဘက် ထိပ်တိုက် တွေ့ နေကြတဲ့ ရွှေ့ပြောင်းသူ တွေ ရှိသလို၊ ကာလေ ဆိပ်ကမ်း ရှိရာဆီ ပြန့်ကြဲ ပြီး ထွက်ခွာ သွားကြသူတွေ လည်း ရှိပါတယ်။

ရွှေ့ပြောင်းသူတွေ ဟာ ပြင်သစ် ကနေ ဗြိတိန် နိုင်ငံထဲ ဝင်ရောက်ဖို့ အခွင့်ကောင်းကို ခယ်လေ ဆိပ်ကမ်းမြို့ ဟင်းလင်းပြင်မှာ ယာယီတဲ တွေ ထိုးပြီး စောင့်ဆိုင်း နေကြတာ ဖြစ်ပါတယ်။

အင်္ဂါနေ့ မှာပါ အဲဒီ့ ခယ်လေ ဂျန်းဂဲလ် ကို ပြင်သစ် အာဏာပိုင်တွေ ဘက်က ဆက်လက် ရှင်းလင်း သွားဖို့ ရှိနေပါတယ်။

BBC Burmese
http://www.bbc.com/burmese
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment