ဆီးရီးယားၿမိဳ႕တခ်ဳိ႕ ေလေၾကာင္းတိုက္ခိုက္မႈျပန္ျဖစ္ (ဆီးရီးယားမြို့တချို့ လေကြောင်းတိုက်ခိုက်မှုပြန်ဖြစ် )

Homs ၿမိဳ႕က ပ်က္စီးသြားတဲ့ အေဆာက္အဦးမ်ား ( ၂၆ ေဖဖ၀ါရီလ ၂၀၁၆)
ဆီးရီးယား ႏုိင္ငံမွာ အပစ္အခတ္ရပ္စဲမႈေၾကာင့္ ဆီးရီးယား ျပည္သူေတြ စိတ္ေအးခ်မ္းသာမႈ ရရွိေနၾကေပမယ့္ တခ်ိဳ႕ ၿမိဳ႕ေတြမွာေတာ့ အပစ္အခတ္ ရပ္စဲေရး စတင္ၿပီး ေနာက္တေန႔ ဒီကေန႔ တနဂၤေႏြေန႔မွာ ေလေၾကာင္းတိုက္ခုိက္မႈေတြ ျပန္လည္ ျဖစ္ပြားခဲ႔တာေၾကာင့္ ေအးခ်မ္းမႈ မရွိ ျဖစ္ေနပါတယ္။

အနည္းဆံုး ရြာ ၆ ရြာ ပစ္မွတ္ထားၿပီး ေလေၾကာင္းကေန တိုက္ခုိက္ခံခဲ႔႔ရတယ္လို႔ ခံခဲ႔ရတယ္လို႔ ၿဗိတိန္ အေျခစိုက္ ဆီးရီးယား လူ႔အခြင့္အေရး ေစာင့္ၾကည့္ေရး အဖြဲ႔က ေျပာပါတယ္။ ဘယ္သူေတြက ေလေၾကာင္းတိုက္ခုိက္မႈ လုပ္ခဲ႔သလဲ ဆိုတာကိုေတာ့ မသိရေသးသလို အခု ေလေၾကာင္းတိုက္ခုိက္မႈေတြက အပစ္အခတ္ ရပ္စဲေရး သေဘာတူထားတဲ႔ ေဒသေတြကို တိုက္ခုိက္ခဲ႔သလား ဆိုတာကလည္း ရွင္းရွင္းလင္းလင္း မသိရေသးဘူးလို႔ ဆီးရီးယား လူ႔အခြင့္အေရး ေစာင့္ၾကည့္ေရး အဖြဲ႔က ေျပာပါတယ္။

ၿပီးခဲ႔တဲ႔ ၂၄ နာရီ အတြင္း အပစ္အခတ္ ရပ္စဲေရး သေဘာတူညီခ်က္ကို ခ်ိဳးေဖာက္မႈ ၉ ခုကို သိရွိထားတယ္လို႔ ရုရွား စစ္တပ္က ဒီကေန႔ တနဂၤေႏြေန႔မွာ ေျပာဆိုပါတယ္။ ဆီးရီးယား လူ႔အခြင့္အေရး ေစာင့္ၾကည့္ေရး အဖြဲ႔က ေျပာဆိုထားတဲ႔ ေဒသေတြကိုပါ ရုရွားတို႔ ေရတြက္ထားတဲ႔ အထဲ ပါ၀င္ သလားဆိုတာကလည္း ရွင္းရွင္းလင္းလင္း မရွိေသးပါဘူး။

ဆီးရီးယား အပစ္အခတ္ ရပ္စဲေရး သေဘာတူညီခ်က္ထဲမွာ IS အစြန္းေရာက္ေတြနဲ႔ အယ္လ္ခိုက္ဒါး အဆက္အႏြယ္ အယ္လ္ႏူစရာ တပ္ဦးတို႔က အစြန္းေရာက္ေတြ အေပၚ ေခ်မႈန္း တုိက္ခုိက္မႈေတြကေတာ့ အက်ံဳးမ၀င္ပါဘူး။ ဆီးရီးယား အပစ္အခတ္ ရပ္စဲေရးဟာ ႏွစ္ေပါင္းမ်ားစြာ အတြင္း ပထမဆံုး အႀကိမ္ အျဖစ္ ဆီးရီးယား ႏုိင္ငံတြင္း ေအးခ်မ္းမႈကို ပိုၿပီး ေဆာင္က်ဥ္းေပးႏုိင္ခဲ႔ပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
http://burmese.voanews.com
.........
 Homs မြို့က ပျက်စီးသွားတဲ့ အဆောက်အဦးများ ( ၂၆ ဖေဖဝါရီလ ၂၀၁၆)
ဆီးရီးယား နိုင်ငံမှာ အပစ်အခတ်ရပ်စဲမှုကြောင့် ဆီးရီးယား ပြည်သူတွေ စိတ်အေးချမ်းသာမှု ရရှိနေကြပေမယ့် တချို့ မြို့တွေမှာတော့ အပစ်အခတ် ရပ်စဲရေး စတင်ပြီး နောက်တနေ့ ဒီကနေ့ တနင်္ဂနွေနေ့မှာ လေကြောင်းတိုက်ခိုက်မှုတွေ ပြန်လည် ဖြစ်ပွားခဲ့တာကြောင့် အေးချမ်းမှု မရှိ ဖြစ်နေပါတယ်။

အနည်းဆုံး ရွာ ၆ ရွာ ပစ်မှတ်ထားပြီး လေကြောင်းကနေ တိုက်ခိုက်ခံခဲ့့ရတယ်လို့ ခံခဲ့ရတယ်လို့ ဗြိတိန် အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့က ပြောပါတယ်။ ဘယ်သူတွေက လေကြောင်းတိုက်ခိုက်မှု လုပ်ခဲ့သလဲ ဆိုတာကိုတော့ မသိရသေးသလို အခု လေကြောင်းတိုက်ခိုက်မှုတွေက အပစ်အခတ် ရပ်စဲရေး သဘောတူထားတဲ့ ဒေသတွေကို တိုက်ခိုက်ခဲ့သလား ဆိုတာကလည်း ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့က ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၄ နာရီ အတွင်း အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်မှု ၉ ခုကို သိရှိထားတယ်လို့ ရုရှား စစ်တပ်က ဒီကနေ့ တနင်္ဂနွေနေ့မှာ ပြောဆိုပါတယ်။ ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့က ပြောဆိုထားတဲ့ ဒေသတွေကိုပါ ရုရှားတို့ ရေတွက်ထားတဲ့ အထဲ ပါ၀င် သလားဆိုတာကလည်း ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။

ဆီးရီးယား အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ထဲမှာ IS အစွန်းရောက်တွေနဲ့ အယ်လ်ခိုက်ဒါး အဆက်အနွယ် အယ်လ်နူစရာ တပ်ဦးတို့က အစွန်းရောက်တွေ အပေါ် ချေမှုန်း တိုက်ခိုက်မှုတွေကတော့ အကျုံးမဝင်ပါဘူး။ ဆီးရီးယား အပစ်အခတ် ရပ်စဲရေးဟာ နှစ်ပေါင်းများစွာ အတွင်း ပထမဆုံး အကြိမ် အဖြစ် ဆီးရီးယား နိုင်ငံတွင်း အေးချမ်းမှုကို ပိုပြီး ဆောင်ကျဉ်းပေးနိုင်ခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment