အိႏိၵယတြင္ ၁၂ ႏွစ္အရြယ္ ကေလးငယ္ကုိ မုဒိမ္းက်င့္ၿပီး မီးတင္႐ႈိ႕သတ္ျဖတ္


27.02.2016

အိႏၵိယႏိုင္ငံ ပန္ဂ်ပ္ျပည္နယ္မွာ ရွာပူး၀ါေဒသမွာ ၁၂ ႏွစ္အရြယ္အမ်ဳိးသမီးကေလးကို မုဒိမ္းက်င့္ၿပီး မီးတင္႐ိႈ႕သတ္ျဖတ္မႈတခု ျဖစ္ပြားခဲ့တယ္လို႔ အင္ဒီးယန္းအိပ္စပရက္သတင္းက ေဖာ္ျပပါတယ္။

ကေလးငယ္က ေဖေဖ္ာ၀ါရီ ၂၅ ရက္ေန႔ အေစာပိုုင္းမွာ ေသဆုံးခဲ့ၿပီး ျပဳက်င့္က်ဴးလြန္တယ္လို႔ သံသယရွိသူ ၁၉ ႏွစ္အရြယ္ အမ်ဳိးသားက ေရနံဆီေလာင္းၿပီး မီး႐ႈိ႕ခဲ့တာပါ။

ကေလးငယ္ရဲ႕ခႏၶာကိုယ္ ၉၅ ရာခိုင္ႏႈန္း ေလာင္ကြ်မ္းခဲ့ရကာ ေဆး႐ုံေရာက္ၿပီး မၾကာခင္ ကြယ္လြန္ခဲ့တာျဖစ္ပါတယ္။

ကေလးမဟာ မေသဆုံးခင္က ၾကမ္းၾကမ္းတမ္းတမ္းအဓမၼျပဳက်င့္ခံရတယ္လို႔ ေဆးမွတ္တမ္းအရ ေဖာ္ျပခဲ့ေၾကာင္း ဒီသတင္းစာက ဆိုပါတယ္။

တာ၀န္က်ရဲအရာရွိက “သူ႔ကို လြန္ခဲ့တဲ့ ၈ ရက္ကေန ၁၀ ရက္အထိ အႀကိမ္ႀကိမ္ျပဳက်င့္ေနၿပီး ကေလးမက သူ႔မိဘေတြကို မေျပာဘူး။ မေန႔ကေတာ့ သူက မိဘေတြကို ေျပာဖို႔ဆုံးျဖတ္ခဲ့ရာမွာေတာ့ ေရနံဆီေလာင္းၿပီး မီး႐ႈိ႕ခဲ့တာ” လို႔ ေျပာပါတယ္။
ျပဳက်င့္သံသယရွိသူကေတာ့ ထြက္ေျပးေနဆဲျဖစ္ၿပီး ရဲက သူ႔အေဖနဲ႔ ညီအကိုေတြကို ဖမ္းဆီးေမးျမန္းေနပါတယ္။

ဒီျဖစ္ရပ္ကို အိႏၵိယႏိုင္ငံက အမ်ဳိးသမီးအုပ္စုက ဦးေဆာင္ၿပီး ၿငိမ္းခ်မ္းစြာဆႏၵျပပဲြကို ကလကတၱားမွာ က်င္းပၾကပါတယ္။

၂၀၁၃ ခုႏွစ္က အသက္ ၂၀ အရြယ္အမ်ဳိးသမီးငယ္ကို မုဒိမ္းျပဳက်င့္သတ္ျဖတ္ခဲ့မႈအတြက္ အမ်ဳိးသားသုံးဦးကို ေသဒဏ္ေပးခဲ့ပါတယ္။

အိႏၵိယႏိုင္ငံက အမ်ဳိးသမီးအုပ္စုက ဦးေဆာင္ၿပီး ၿငိမ္းခ်မ္းစြာဆႏၵျပေနၾကစဥ္


Copy Link ✏ https://m.facebook.com/story.php?story_fbid=1028638947174605&id=191574990881009

မယံုရင္ပံုျပင္မွတ္

....................................

အိန္ဒိယတွင် ၁၂ နှစ်အရွယ် ကလေးငယ်ကို မုဒိမ်းကျင့်ပြီး မီးတင်ရှို့သတ်ဖြတ်

27.02.2016

အိန္ဒိယနိုင်ငံ ပန်ဂျပ်ပြည်နယ်မှာ ရှာပူးဝါဒေသမှာ ၁၂ နှစ်အရွယ်အမျိုးသမီးကလေးကို မုဒိမ်းကျင့်ပြီး မီးတင်ရှို့သတ်ဖြတ်မှုတခု ဖြစ်ပွားခဲ့တယ်လို့ အင်ဒီးယန်းအိပ်စပရက်သတင်းက ဖော်ပြပါတယ်။

ကလေးငယ်က ဖေဖေ်ာဝါရီ ၂၅ ရက်နေ့ အစောပိုုင်းမှာ သေဆုံးခဲ့ပြီး ပြုကျင့်ကျူးလွန်တယ်လို့ သံသယရှိသူ ၁၉ နှစ်အရွယ် အမျိုးသားက ရေနံဆီလောင်းပြီး မီးရှို့ခဲ့တာပါ။

ကလေးငယ်ရဲ့ခန္ဓာကိုယ် ၉၅ ရာခိုင်နှုန်း လောင်ကျွမ်းခဲ့ရကာ ဆေးရုံရောက်ပြီး မကြာခင် ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။

ကလေးမဟာ မသေဆုံးခင်က ကြမ်းကြမ်းတမ်းတမ်းအဓမ္မပြုကျင့်ခံရတယ်လို့ ဆေးမှတ်တမ်းအရ ဖော်ပြခဲ့ကြောင်း ဒီသတင်းစာက ဆိုပါတယ်။

တာဝန်ကျရဲအရာရှိက “သူ့ကို လွန်ခဲ့တဲ့ ၈ ရက်ကနေ ၁၀ ရက်အထိ အကြိမ်ကြိမ်ပြုကျင့်နေပြီး ကလေးမက သူ့မိဘတွေကို မပြောဘူး။ မနေ့ကတော့ သူက မိဘတွေကို ပြောဖို့ဆုံးဖြတ်ခဲ့ရာမှာတော့ ရေနံဆီလောင်းပြီး မီးရှို့ခဲ့တာ” လို့ ပြောပါတယ်။
ပြုကျင့်သံသယရှိသူကတော့ ထွက်ပြေးနေဆဲဖြစ်ပြီး ရဲက သူ့အဖေနဲ့ ညီအကိုတွေကို ဖမ်းဆီးမေးမြန်းနေပါတယ်။

ဒီဖြစ်ရပ်ကို အိန္ဒိယနိုင်ငံက အမျိုးသမီးအုပ်စုက ဦးဆောင်ပြီး ငြိမ်းချမ်းစွာဆန္ဒပြပွဲကို ကလကတ္တားမှာ ကျင်းပကြပါတယ်။

၂၀၁၃ ခုနှစ်က အသက် ၂၀ အရွယ်အမျိုးသမီးငယ်ကို မုဒိမ်းပြုကျင့်သတ်ဖြတ်ခဲ့မှုအတွက် အမျိုးသားသုံးဦးကို သေဒဏ်ပေးခဲ့ပါတယ်။

အိန္ဒိယနိုင်ငံက အမျိုးသမီးအုပ်စုက ဦးဆောင်ပြီး ငြိမ်းချမ်းစွာဆန္ဒပြနေကြစဉ်


Copy Link ✏ https://m.facebook.com/story.php?story_fbid=1028638947174605&id=191574990881009
မယုံရင်ပုံပြင်မှတ်

Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment