လိင္မႈကိစၥႏုိးၾကြမႈ အႏၱရာယ္မ်ားျပားေစျခင္းေၾကာင့္ ေကာလိပ္ေက်ာင္းတစ္ခုက အားျဖည့္အခ်ဳိရည္မ်ားကို တားဆီးပိတ္ပင္



ေပၚထြန္း

အေမရိကႏုိင္ငံ Vermont ရိွ Middlebury College က ေက်ာင္းပရိဝုဏ္အတြင္း အားျဖည့္အခ်ဳိရည္ ေရာင္းခ်ျခင္းကို ပိတ္ပင္တားဆီးေတာ့မွာ ျဖစ္ေၾကာင္း ၊ ဒီအခ်ိဳရည္ေတြဟာ လိင္ကိစၥႏုိးၾကားေစတဲ့ အႏၱရာယ္နဲ႔ ယစ္မႈးေစတဲ့ ပစၥည္းေတြ အလြဲသုံးစားျပဳျခင္းစတဲ့ ျပသနာျဖစ္ေပၚေစတဲ့ အျပဳအမူစတာေတြနဲ႕ ပတ္သက္ဆက္ႏြယ္ေနေၾကာင္း ေၾကျငာခ်က္ထုတ္ျပန္ခဲ့ပါတယ္။

မတ္လ ၇ ရက္ေန႔မွာ စတင္အက်ဳိးသက္ေရာက္မယ့္ အဲဒီတားဆီးပိတ္ပင္မႈမွာ Red Bull နဲ႔ 5-hour Energy စတဲ့ အေဖ်ာ္ယမကာေတြ အက်ဳံးဝင္သြားမွာ ျဖစ္ေၾကာင္း The Middlebury Campus အရ သိရပါတယ္။ညေနစာ စီစဥ္ေဆာင္ရြက္ေရးတာဝန္ခံမ်ားကေတာ့ ယင္းအခ်ိဳရည္ေတြဟာ ေက်ာင္းသားမ်ားအတြက္ က်န္းမာေရးနဲ႔ညီညြတ္တဲ့ ဘဝေနထုိင္မႈတစ္ခု မျဖစ္ေစေၾကာင္း ေျပာဆိုခဲ့ပါတယ္။ အားျဖည့္အခ်ဳိရည္ေသာက္သုံးျခင္းက စိတ္ဖိစီးမႈနဲ႔ သင္ၾကားေလ့လာမႈ ဆက္မလုပ္ေဆာင္ႏုိင္ျခင္းေတြ ျဖစ္ေစကာ မအိပ္ဘဲ အခ်ိန္ၾကာျမင့္စြာေနျခင္းစတဲ့ က်န္းမာေရးနဲ႔ မကုိက္ညီတဲ့ အျပဳအက်င့္ေတြ ျဖစ္ေပၚေစပါတယ္။

"ဒါေပမယ့္ တခ်ဳိ႕ေက်ာင္းသားေတြ ဒီဆုုံးျဖတ္ခ်က္ကို သိပ္မေက်နပ္ၾကပါဘူး။ သူတုိ႔အတြက္ ဒီထက္ အေရးၾကီးေျပာစရာေတြရိွပါတယ္။ အားျဖည့္အခ်ဳိရည္ေတြမွာ လိင္မႈကိစၥႏုိးၾကြမႈျဖစ္ေစတာ ဘာေတြပါဝင္သလဲ" လုိ႔ ေကာ္ဖီဆိုင္တစ္ခုမွာ အလုပ္လုပ္ေနတဲ့ စီနီယာတစ္ဦးျဖစ္တဲ့ Arnav Adhikari က NBC သတင္းဌာနကို ေျပာျပခဲ့ပါတယ္။

သို႔ေပမယ့္ ယင္းစည္းမ်ဥ္းဥပေဒအေနျဖင့္ ေက်ာင္းသားေတြကို အခ်ဳိရည္ေသာက္ျခင္းမွ တားဆီးတာ မဟုတ္ပါဘူး။ ေက်ာင္းနယ္ေျမစတိုးဆုိင္မ်ားနဲ႔ ထမင္းစားေဆာင္ေတြမွာ မဝယ္ဖုိ႔သာ ပိတ္ပင္ထားျခင္း ျဖစ္ပါတယ္။ ဒီအခ်ဳိရည္ၾကဳိက္ႏွစ္သက္သူမ်ားအေနျဖင့္ ေက်ာင္းပရိဝဏ္အျပင္ဘက္မွာ ဝယ္လုိ႔ရပါေသးတယ္။

Ref:time
http://www.trend.com.mm/2016/03/01/news-8971

......................................................

လိင်မှုကိစ္စနိုးကြွမှု အန္တရာယ်များပြားစေခြင်းကြောင့် ကောလိပ်ကျောင်းတစ်ခုက အားဖြည့်အချိုရည်များကို တားဆီးပိတ်ပင်


ပေါ်ထွန်း

အမေရိကနိုင်ငံ Vermont ရှိ Middlebury College က ကျောင်းပရိဝုဏ်အတွင်း အားဖြည့်အချိုရည် ရောင်းချခြင်းကို ပိတ်ပင်တားဆီးတော့မှာ ဖြစ်ကြောင်း ၊ ဒီအချိုရည်တွေဟာ လိင်ကိစ္စနိုးကြားစေတဲ့ အန္တရာယ်နဲ့ ယစ်မှုးစေတဲ့ ပစ္စည်းတွေ အလွဲသုံးစားပြုခြင်းစတဲ့ ပြသနာဖြစ်ပေါ်စေတဲ့ အပြုအမူစတာတွေနဲ့ ပတ်သက်ဆက်နွယ်နေကြောင်း ကြေငြာချက်ထုတ်ပြန်ခဲ့ပါတယ်။

မတ်လ ရ ရက်နေ့မှာ စတင်အကျိုးသက်ရောက်မယ့် အဲဒီတားဆီးပိတ်ပင်မှုမှာ Red Bull နဲ့ 5-hour Energy စတဲ့ အဖျော်ယမကာတွေ အကျုံးဝင်သွားမှာ ဖြစ်ကြောင်း The Middlebury Campus အရ သိရပါတယ်။ညနေစာ စီစဉ်ဆောင်ရွက်ရေးတာဝန်ခံများကတော့ ယင်းအချိုရည်တွေဟာ ကျောင်းသားများအတွက် ကျန်းမာရေးနဲ့ညီညွတ်တဲ့ ဘဝနေထိုင်မှုတစ်ခု မဖြစ်စေကြောင်း ပြောဆိုခဲ့ပါတယ်။ အားဖြည့်အချိုရည်သောက်သုံးခြင်းက စိတ်ဖိစီးမှုနဲ့ သင်ကြားလေ့လာမှု ဆက်မလုပ်ဆောင်နိုင်ခြင်းတွေ ဖြစ်စေကာ မအိပ်ဘဲ အချိန်ကြာမြင့်စွာနေခြင်းစတဲ့ ကျန်းမာရေးနဲ့ မကိုက်ညီတဲ့ အပြုအကျင့်တွေ ဖြစ်ပေါ်စေပါတယ်။

"ဒါပေမယ့် တချို့ကျောင်းသားတွေ ဒီဆုုံးဖြတ်ချက်ကို သိပ်မကျေနပ်ကြပါဘူး။ သူတို့အတွက် ဒီထက် အရေးကြီးပြောစရာတွေရှိပါတယ်။ အားဖြည့်အချိုရည်တွေမှာ လိင်မှုကိစ္စနိုးကြွမှုဖြစ်စေတာ ဘာတွေပါဝင်သလဲ" လို့ ကော်ဖီဆိုင်တစ်ခုမှာ အလုပ်လုပ်နေတဲ့ စီနီယာတစ်ဦးဖြစ်တဲ့ Arnav Adhikari က NBC သတင်းဌာနကို ပြောပြခဲ့ပါတယ်။

သို့ပေမယ့် ယင်းစည်းမျဉ်းဥပဒေအနေဖြင့် ကျောင်းသားတွေကို အချိုရည်သောက်ခြင်းမှ တားဆီးတာ မဟုတ်ပါဘူး။ ကျောင်းနယ်မြေစတိုးဆိုင်များနဲ့ ထမင်းစားဆောင်တွေမှာ မဝယ်ဖို့သာ ပိတ်ပင်ထားခြင်း ဖြစ်ပါတယ်။ ဒီအချိုရည်ကြိုက်နှစ်သက်သူများအနေဖြင့် ကျောင်းပရိဝဏ်အပြင်ဘက်မှာ ဝယ်လို့ရပါသေးတယ်။

Ref:time
http://www.trend.com.mm/2016/03/01/news-8971
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment