အီရန္ ေရြးေကာက္ပြဲ မဲထည့္ခ်ိန္ ႏွစ္နာရီတိုးေပး

အခု ေရြးေကာက္ပြဲ ကေန ျပဳျပင္ ေျပာင္းလဲေရး ဝါဒီ ေတြ ေနရာ ပိုမို ရလာနိုင္ဖို႔ ေမၽွာ္လင့္ ေန။
အီရန္နိုင္ငံတဝန္း ေရြးေကာက္ပြဲေတြ က်င္းပေနတာမွာ မဲ႐ုံကို မဲေပးသူေတြ ေပးသူေတြ အေလာတႀကီး လာေရာက္ ေနၾကဆဲ ျဖစ္တဲ့ အတြက္ မဲေပး နိုင္ခြင့္ ေနာက္ဆုံး အခ်ိန္ကို ႏွစ္နာရီ တိုးေပး ထားတယ္ ဆိုၿပီး အီရန္ အစိုးရ ႐ုပ္ျမင္သံၾကား က ေၾကညာ ပါတယ္။

အီရန္ ရဲ့ န်ဴကလီယာ အစီအစဥ္ နဲ႔ ပတ္သက္ၿပီး ကမၻာ့ အင္အားႀကီး နိုင္ငံေတြ နဲ႔ အၾကား သေဘာတူမွု ရရွိခဲ့ၿပီးတဲ့ ေနာက္ အီရန္ မွာ ပထမဆုံး အႀကိမ္ က်င္းပ လာတဲ့ ေရြးေကာက္ပြဲ ျဖစ္ပါတယ္။

ဒီ ေရြးေကာက္ပြဲ ကေန အီရန္ ရဲ့ ပါလီမန္ အသစ္ နဲ႔ တကြ ေခါင္းေဆာင္မွု အႀကံေပး ေကာင္စီ လို႔လည္း ေခၚတဲ့ အတိုင္ပင္ခံ ကၽြမ္းက်င္သူမ်ား လႊတ္ေတာ္ အသစ္ တစ္ရပ္ ေပၚေပါက္ လာမွာ ျဖစ္ပါတယ္။

အဲဒီ့ အတိုင္ပင္ခံ ကၽြမ္းက်င္သူမ်ား လႊတ္ေတာ္ ဟာ အီရန္ မွာ အင္မတန္ ဩဇာႀကီး တဲ့ အဖြဲ႕အစည္း ျဖစ္ၿပီး တိုင္းျပည္ရဲ့ အထြဋိအထိပ္ေခါင္းေဆာင္ ကို အဲဒီ့ အဖြဲ႕က ေရြးခ်ယ္ ခန္႔အပ္ ၾကတာ ျဖစ္ပါတယ္။

အီရန္ရဲ့ လက္ရွိ လႊတ္ေတာ္ ႏွစ္ရပ္ စလုံးမွာေတာ့ သေဘာထား တင္းမာသူေတြ လႊမ္းမိုး ထားပါတယ္။

အခု ေရြးေကာက္ပြဲမွာ အလယ္အလတ္ သေဘာထား ရွိၾကသူ ေတာ္ေတာ္မ်ားမ်ား ဝင္ေရာက္ အေရြးခ်ယ္ ခံခြင့္ အပိတ္ ခံထား ရပါတယ္။

ဒါေပမယ့္ သမၼတ ဟာဆန္ ႐ူဟာနီ ကို အားေပး ေထာက္ခံၾကတဲ့ ျပဳျပင္ ေျပာင္းလဲ ေရး လိုလားသူ မဲဆႏၵရွင္ ေတြ ကေတာ့ အခု ေရြးေကာက္ပြဲ ကေန ျပဳျပင္ ေျပာင္းလဲေရး ဝါဒီ ေတြ ေနရာ ပိုမို ရလာနိုင္ဖို႔ ေမၽွာ္လင့္ ေနၾကပါတယ္။

BBC Burmese
http://www.bbc.com/burmese
..............
 အခု ရွေးကောက်ပွဲ ကနေ ပြုပြင် ပြောင်းလဲရေး ဝါဒီ တွေ နေရာ ပိုမို ရလာနိုင်ဖို့ မျှော်လင့် နေ။
အီရန်နိုင်ငံတဝန်း ရွေးကောက်ပွဲတွေ ကျင်းပနေတာမှာ မဲရုံကို မဲပေးသူတွေ ပေးသူတွေ အလောတကြီး လာရောက် နေကြဆဲ ဖြစ်တဲ့ အတွက် မဲပေး နိုင်ခွင့် နောက်ဆုံး အချိန်ကို နှစ်နာရီ တိုးပေး ထားတယ် ဆိုပြီး အီရန် အစိုးရ ရုပ်မြင်သံကြား က ကြေညာ ပါတယ်။

အီရန် ရဲ့ နျူကလီယာ အစီအစဉ် နဲ့ ပတ်သက်ပြီး ကမ္ဘာ့ အင်အားကြီး နိုင်ငံတွေ နဲ့ အကြား သဘောတူမှု ရရှိခဲ့ပြီးတဲ့ နောက် အီရန် မှာ ပထမဆုံး အကြိမ် ကျင်းပ လာတဲ့ ရွေးကောက်ပွဲ ဖြစ်ပါတယ်။

ဒီ ရွေးကောက်ပွဲ ကနေ အီရန် ရဲ့ ပါလီမန် အသစ် နဲ့ တကွ ခေါင်းဆောင်မှု အကြံပေး ကောင်စီ လို့လည်း ခေါ်တဲ့ အတိုင်ပင်ခံ ကျွမ်းကျင်သူများ လွှတ်တော် အသစ် တစ်ရပ် ပေါ်ပေါက် လာမှာ ဖြစ်ပါတယ်။

အဲဒီ့ အတိုင်ပင်ခံ ကျွမ်းကျင်သူများ လွှတ်တော် ဟာ အီရန် မှာ အင်မတန် ဩဇာကြီး တဲ့ အဖွဲ့အစည်း ဖြစ်ပြီး တိုင်းပြည်ရဲ့ အထွဋိအထိပ်ခေါင်းဆောင် ကို အဲဒီ့ အဖွဲ့က ရွေးချယ် ခန့်အပ် ကြတာ ဖြစ်ပါတယ်။

အီရန်ရဲ့ လက်ရှိ လွှတ်တော် နှစ်ရပ် စလုံးမှာတော့ သဘောထား တင်းမာသူတွေ လွှမ်းမိုး ထားပါတယ်။

အခု ရွေးကောက်ပွဲမှာ အလယ်အလတ် သဘောထား ရှိကြသူ တော်တော်များများ ဝင်ရောက် အရွေးချယ် ခံခွင့် အပိတ် ခံထား ရပါတယ်။

ဒါပေမယ့် သမ္မတ ဟာဆန် ရူဟာနီ ကို အားပေး ထောက်ခံကြတဲ့ ပြုပြင် ပြောင်းလဲ ရေး လိုလားသူ မဲဆန္ဒရှင် တွေ ကတော့ အခု ရွေးကောက်ပွဲ ကနေ ပြုပြင် ပြောင်းလဲရေး ဝါဒီ တွေ နေရာ ပိုမို ရလာနိုင်ဖို့ မျှော်လင့် နေကြပါတယ်။

BBC Burmese
http://www.bbc.com/burmese
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment