မီဒီယာတင္းက်ပ္တဲ့ တရုတ္သမၼတရဲ႕ ေျခလွမ္း

အင္တာနက္အြန္လိုင္းေပၚတင္တဲ့ အေၾကာင္း အရာေတြ အေပၚ တင္းက်ပ္တဲ့ဥပေဒသစ္တခု တ႐ုတ္ႏုိင္ငံမွာ ျပဌာန္းလိုက္ပါတယ္။
တ႐ုတ္ႏုိင္ငံမွာ အင္တာနက္အြန္လိုင္းေပၚတင္တဲ့ အေၾကာင္းအရာေတြအေပၚ တင္းက်ပ္တဲ့ဥပေဒသစ္တခု ျပဌာန္းလိုက္တာနဲ႔ ႏုိင္ငံပိုင္းသတင္းဌာန ႐ံုးခ်ဳပ္ေတြကို သမၼတသြားၾကည့္တာေတြဟာ လူ႔အဖြဲ႔အစည္းအေပၚ ထိန္းခ်ဳပ္တာေတြပိုလုပ္ဖို႔ သမၼတ ရွီက်င့္ဖ်င္ရဲ႕ ႀကိဳးပမ္းခ်က္ အရိပ္လကၡဏာေတြျဖစ္တယ္ လုိ႔   ေလ့လာသူေတြ ကေျပာပါတယ္။

ဒါေပမဲ့ အဲဒါကိုကပဲ တင္းတင္းက်ပ္က်ပ္လုပ္တာရဲ႕ အကန္႔အသတ္ေတြကို လည္း ျပေနတယ္ လို႔ ဆိုပါတယ္။

ပညာရပ္ပိုင္းဆုိင္ရာေတြကေန ယဥ္ေက်းမႈ၊ နည္းပညာနဲ႔ သိပၸံပညာ နယ္ပယ္ေတြအထိ တ႐ုတ္ကြန္ျမဴနစ္ပါတီဟာ ဘယ္တုန္းက နဲ႔မွမတူေအာင္ ႀကီးမားတဲ့ လႊမ္းမိုးမႈလုပ္ဖို႔ ႀကိဳးစားေနတာပါ။

လြန္ခဲ့တဲဲ့သံုးႏွစ္နီးပါးမွာ အာဏာရလာကတည္းက သမၼတရွီဟာ တ႐ုတ္ လူ႔အဖြဲ႔အစည္း အေပၚ ထိန္းခ်ဳပ္တာေတြကို ပိုတိုးၿပီး လုပ္ လာေနပါတယ္။ သေဘာထားကြဲလြဲသူေတြကို ႏွိမ္နင္းၿဖိဳခြဲၿပီး တ႐ုတ္ကြန္ျမဴနစ္ပါတီရဲ႕အျမင္မွာ တည္ၿငိမ္္မႈကို ၿခိမ္းေျခာက္တယ္ လုိ႔ ယူဆသူ ဘယ္သူ႔ကိုမဆို ထိန္းသိမ္းတာေတြ ပိုလုပ္လာတာပါ။ ဂီတနဲ႔ အႏုပညာေတြဟာ တ႐ုတ္ ဆိုရွယ္လစ္တန္ဖိုးေတြကို ထင္ဟပ္တာမ်ဳိး သမၼတရွီက ျဖစ္ခ်င္ပါတယ္။ ၿပီးခဲ့တဲ့ႏွစ္ကဆိုရင္ ပါတီ၀င္ေတြ အေနနဲ႔ ေဂါက္သီး႐ိုက္အားကစား မလုပ္ဖို႔၊ သီးျခား ေတြ႔ဆံုတာမ်ဳိး မလုပ္ဖို႔နဲ႔ ပါတီကို မေ၀ဖန္ဖို႔ ကြန္ျမဴနစ္ပါတီက အမိန္႔ထုတ္ခဲ့ပါတယ္။

ၿပီးခဲ့တဲ့သီတင္းပတ္ေႏွာင္းပို္င္းမွာ သမၼတရွီနဲ႔ တျခားတာ၀န္ရွိသူေတြ ပါတီက ေက်ာေထာက္ေနာက္ခံေပးထားတဲ့ သတင္းဌာန ေတြကို သြားၾကည့္ခ်ိန္ အတြင္း အယ္ဒီတာေတြ၊ သတင္းေထာက္ေတြအေနနဲ႔ ပါတီအေပၚ လံုး၀ သစၥာခံၾကဖို႔၊ အေတြးအေခၚ၊ ႏုိင္ငံေရးနဲ႔ လုပ္ရပ္ေတြမွာ ပါတီရဲ႕ေခါင္းေဆာင္ေတြကို အနီးကပ္ေစာင့္ၾကည့္လုိက္နာၾကဖို႔ အမွာစကားေျပာခဲ့ပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
http://burmese.voanews.com
..........
 အင်တာနက်အွန်လိုင်းပေါ်တင်တဲ့ အကြောင်း အရာတွေ အပေါ် တင်းကျပ်တဲ့ဥပဒေသစ်တခု တရုတ်နိုင်ငံမှာ ပြဌာန်းလိုက်ပါတယ်။
တရုတ်နိုင်ငံမှာ အင်တာနက်အွန်လိုင်းပေါ်တင်တဲ့ အကြောင်းအရာတွေအပေါ် တင်းကျပ်တဲ့ဥပဒေသစ်တခု ပြဌာန်းလိုက်တာနဲ့ နိုင်ငံပိုင်းသတင်းဌာန ရုံးချုပ်တွေကို သမ္မတသွားကြည့်တာတွေဟာ လူ့အဖွဲ့အစည်းအပေါ် ထိန်းချုပ်တာတွေပိုလုပ်ဖို့ သမ္မတ ရှီကျင့်ဖျင်ရဲ့ ကြိုးပမ်းချက် အရိပ်လက္ခဏာတွေဖြစ်တယ် လို့   လေ့လာသူတွေ ကပြောပါတယ်။

ဒါပေမဲ့ အဲဒါကိုကပဲ တင်းတင်းကျပ်ကျပ်လုပ်တာရဲ့ အကန့်အသတ်တွေကို လည်း ပြနေတယ် လို့ ဆိုပါတယ်။

ပညာရပ်ပိုင်းဆိုင်ရာတွေကနေ ယဉ်ကျေးမှု၊ နည်းပညာနဲ့ သိပ္ပံပညာ နယ်ပယ်တွေအထိ တရုတ်ကွန်မြူနစ်ပါတီဟာ ဘယ်တုန်းက နဲ့မှမတူအောင် ကြီးမားတဲ့ လွှမ်းမိုးမှုလုပ်ဖို့ ကြိုးစားနေတာပါ။

လွန်ခဲ့တဲဲ့သုံးနှစ်နီးပါးမှာ အာဏာရလာကတည်းက သမ္မတရှီဟာ တရုတ် လူ့အဖွဲ့အစည်း အပေါ် ထိန်းချုပ်တာတွေကို ပိုတိုးပြီး လုပ် လာနေပါတယ်။ သဘောထားကွဲလွဲသူတွေကို နှိမ်နင်းဖြိုခွဲပြီး တရုတ်ကွန်မြူနစ်ပါတီရဲ့အမြင်မှာ တည်ငြိမ််မှုကို ခြိမ်းခြောက်တယ် လို့ ယူဆသူ ဘယ်သူ့ကိုမဆို ထိန်းသိမ်းတာတွေ ပိုလုပ်လာတာပါ။ ဂီတနဲ့ အနုပညာတွေဟာ တရုတ် ဆိုရှယ်လစ်တန်ဖိုးတွေကို ထင်ဟပ်တာမျိုး သမ္မတရှီက ဖြစ်ချင်ပါတယ်။ ပြီးခဲ့တဲ့နှစ်ကဆိုရင် ပါတီဝင်တွေ အနေနဲ့ ဂေါက်သီးရိုက်အားကစား မလုပ်ဖို့၊ သီးခြား တွေ့ဆုံတာမျိုး မလုပ်ဖို့နဲ့ ပါတီကို မဝေဖန်ဖို့ ကွန်မြူနစ်ပါတီက အမိန့်ထုတ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်နှောင်းပို်င်းမှာ သမ္မတရှီနဲ့ တခြားတာဝန်ရှိသူတွေ ပါတီက ကျောထောက်နောက်ခံပေးထားတဲ့ သတင်းဌာန တွေကို သွားကြည့်ချိန် အတွင်း အယ်ဒီတာတွေ၊ သတင်းထောက်တွေအနေနဲ့ ပါတီအပေါ် လုံးဝ သစ္စာခံကြဖို့၊ အတွေးအခေါ်၊ နိုင်ငံရေးနဲ့ လုပ်ရပ်တွေမှာ ပါတီရဲ့ခေါင်းဆောင်တွေကို အနီးကပ်စောင့်ကြည့်လိုက်နာကြဖို့ အမှာစကားပြောခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment