ေျမၾကြက္တစ္ေကာင္ေၾကာင္႕ ခရီးသည္တင္ ေလယာဥ္တစ္စင္း အေရးေပၚဆင္းသက္ရ


ဟန္က်ဳိး ေဖေဖာ္ဝါရီ ၂၆

ခရီးသည္တင္ေလယာဥ္တစ္စင္းအတြင္း ေျမၾကြက္ တစ္ေကာင္ ပါရွိလာၿပီး ခရီးသည္မ်ားစီးရာ အခန္းအတြင္း ဦးတည္ရာမဲ့ ေလွ်ာက္ေျပးေနသည္ကို ေတြ႕ရွိၿပီးေနာက္ ေလယာဥ္အား မူလထြက္ခြာခဲ့ရာ ေလဆိပ္သို႔ ျပန္လွည့္ေစခဲ့ရေၾကာင္း Loong Air ေလေၾကာင္းလိုင္းက ေဖေဖာ္ဝါရီ ၂၆ ရက္တြင္ အတည္ျပဳေျပာၾကားသည္။

အဆိုပါေျမၾကြက္ကို မေတြ႕ရွိမီ GJ8823 အမ်ဳိးအစား ခရီးသည္တင္ေလယာဥ္မွာ ေဖေဖာ္ဝါရီ ၂၆ ရက္ နံနက္ ၇ နာရီ ၇ မိနစ္တြင္ က်ဲက်န္းျပည္နယ္ ၿမိဳ႕ေတာ္ဟန္က်ဳိး ၿမိဳ႕မွ ထြက္ခြာခဲ့ကာ ယူနန္ျပည္နယ္ရွိ ဆစ္ေဆာင္ ပန္နားတိုင္ ကုိယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရစီရင္စုသို႔ ဦးတည္သြား ေရာက္ျခင္းျဖစ္သည္။ ယင္းေျမၾကြက္မွာ ယဥ္ပါးေအာင္ ေမြးျမဴထားေသာ အိမ္ေမြးတိရစၧာန္တစ္ေကာင္ မဟုတ္ဘဲ ေလယာဥ္အတြင္းသို႔ မည္သုိ႔မည္ပံု ေရာက္ရွိလာခဲ့သည္ကို စံုစမ္းစစ္ေဆးလ်က္ရွိေၾကာင္း Loong Air ေလေၾကာင္း လိုင္းက ဆိုသည္။ ေျမၾကြက္မ်ားမွာ ေလယာဥ္ထိန္းခ်ဳပ္မႈ စနစ္ကို ဖ်က္ဆီးႏုိင္ေသာေၾကာင့္ ေလယာဥ္တစ္စင္းအတြက္ ႀကီးမားေသာ ေဘးအႏၲရာယ္ေပးႏိုင္သည့္ တိရစၧာန္မ်ားျဖစ္သည္။

ေျမၾကြက္မ်ားမွာ အစားအေသာက္တင္ တြန္းလွည္းမ်ား၊ အျခားကုန္ပစၥည္းမ်ားမွတစ္ဆင့္ ေလယာဥ္အတြင္းသို႔ ေရာက္ရွိႏုိင္ေၾကာင္း သတင္းရပ္ကြက္မ်ားက ေျပာၾကားသည္။ ေလေၾကာင္းလိုင္း ဝန္ထမ္းမ်ားက ေလယာဥ္အား ပိုးသတ္ေဆးမ်ား ဖ်န္းခဲ့ေၾကာင္း သိရသည္။ Loong Air ေလေၾကာင္းလိုင္းမွာ ဟန္က်ိဳးၿမိဳ႕၌ မွတ္ပံုတင္ထား ေသာ တန္ဖိုးနည္းေလေၾကာင္းလိုင္းတစ္ခုျဖစ္ၿပီး တ႐ုတ္ႏုိင္ငံအတြင္း ျပည္တြင္းခရီးစဥ္ ၅ဝ ေက်ာ္ ပ်ံသန္းလ်က္ရွိသည္။

ဆင္ဟြာ။
The Mirror Daily
https://www.facebook.com/TheMirrorDaily
.............


ဟန်ကျိုး ဖေဖော်ဝါရီ ၂၆

ခရီးသည်တင်လေယာဉ်တစ်စင်းအတွင်း မြေကြွက် တစ်ကောင် ပါရှိလာပြီး ခရီးသည်များစီးရာ အခန်းအတွင်း ဦးတည်ရာမဲ့ လျှောက်ပြေးနေသည်ကို တွေ့ရှိပြီးနောက် လေယာဉ်အား မူလထွက်ခွာခဲ့ရာ လေဆိပ်သို့ ပြန်လှည့်စေခဲ့ရကြောင်း Loong Air လေကြောင်းလိုင်းက ဖေဖော်ဝါရီ ၂၆ ရက်တွင် အတည်ပြုပြောကြားသည်။

အဆိုပါမြေကြွက်ကို မတွေ့ရှိမီ GJ8823 အမျိုးအစား ခရီးသည်တင်လေယာဉ်မှာ ဖေဖော်ဝါရီ ၂၆ ရက် နံနက် ရ နာရီ ရ မိနစ်တွင် ကျဲကျန်းပြည်နယ် မြို့တော်ဟန်ကျိုး မြို့မှ ထွက်ခွာခဲ့ကာ ယူနန်ပြည်နယ်ရှိ ဆစ်ဆောင် ပန်နားတိုင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုသို့ ဦးတည်သွား ရောက်ခြင်းဖြစ်သည်။ ယင်းမြေကြွက်မှာ ယဉ်ပါးအောင် မွေးမြူထားသော အိမ်မွေးတိရစ္ဆာန်တစ်ကောင် မဟုတ်ဘဲ လေယာဉ်အတွင်းသို့ မည်သို့မည်ပုံ ရောက်ရှိလာခဲ့သည်ကို စုံစမ်းစစ်ဆေးလျက်ရှိကြောင်း Loong Air လေကြောင်း လိုင်းက ဆိုသည်။ မြေကြွက်များမှာ လေယာဉ်ထိန်းချုပ်မှု စနစ်ကို ဖျက်ဆီးနိုင်သောကြောင့် လေယာဉ်တစ်စင်းအတွက် ကြီးမားသော ဘေးအန္တရာယ်ပေးနိုင်သည့် တိရစ္ဆာန်များဖြစ်သည်။

မြေကြွက်များမှာ အစားအသောက်တင် တွန်းလှည်းများ၊ အခြားကုန်ပစ္စည်းများမှတစ်ဆင့် လေယာဉ်အတွင်းသို့ ရောက်ရှိနိုင်ကြောင်း သတင်းရပ်ကွက်များက ပြောကြားသည်။ လေကြောင်းလိုင်း ဝန်ထမ်းများက လေယာဉ်အား ပိုးသတ်ဆေးများ ဖျန်းခဲ့ကြောင်း သိရသည်။ Loong Air လေကြောင်းလိုင်းမှာ ဟန်ကျိုးမြို့၌ မှတ်ပုံတင်ထား သော တန်ဖိုးနည်းလေကြောင်းလိုင်းတစ်ခုဖြစ်ပြီး တရုတ်နိုင်ငံအတွင်း ပြည်တွင်းခရီးစဉ် ၅ဝ ကျော် ပျံသန်းလျက်ရှိသည်။

ဆင်ဟွာ။
The Mirror Daily
https://www.facebook.com/TheMirrorDaily
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment