အစၥလာမ္ ေစာ္ကားမွုနဲ႔ အီဂ်စ္ ခရစ္ယာန္ေတြ ေထာင္ခ်ခံရ

အီဂ်စ္ ခရစ္ယာန္ေတြ ဖိႏွိပ္ ဆက္ဆံခံရတယ္ ဆိုတဲ့ မေက်နပ္မွုေတြ အခ်ိန္အေတာ္ၾကာ ကတည္းက ရွိေနခဲ့။
အီဂ်စ္ နိုင္ငံမွာ မြတ္ဆလင္ ဝတ္ျပဳသူေတြကို ေလွာင္ေျပာင္တဲ့ ဗီဒီယို တစ္ခုမွာ ပါဝင္ခဲ့တဲ့ ဆယ္ေက်ာ္သက္ ေကာ့ပ္တစ္ ခရစ္ယာန္ သုံးေယာက္ကို အီဂ်စ္ တရား႐ုံး တစ္ခုက ေထာင္ဒဏ္ ၅ ႏွစ္စီ ခ်မွတ္ လိုက္ပါတယ္။

အစၥလာမ္ ဘာသာကို ေစာ္ကားမွုနဲ႔ ခုလို ျပစ္ဒဏ္ ခ်မွတ္ခဲ့တာလို႔ ဆိုၿပီး၊ ေနာက္ထပ္ တစ္ဦးကိုလည္း လူငယ္ ထိန္းသိမ္းေရး စခန္းကို ပို႔လိုက္ပါတယ္။

ျပစ္ဒဏ္ ခ်ခံရတဲ့ အဲဒီ ဆယ္ေက်ာ္သက္ေတြ ကေတာ့ သူတို႔အေနနဲ႔ IS အဖြဲ႕ရဲ့ ေခါင္းျဖတ္မွုေတြကိုသာ ေလွာင္ေျပာင္ခဲ့တာ ျဖစ္တယ္လို႔ ျပန္လည္ ေခ်ပ ခဲ့ၾကပါတယ္။

မြတ္ဆလင္ အမ်ားစု ျဖစ္တဲ့ အီဂ်စ္နိုင္ငံမွာ ခရစ္ယာန္ေတြ အေနနဲ႔ ဖိႏွိပ္ ဆက္ဆံ ခံရမွုေတြေၾကာင့္ အခ်ိန္အေတာ္ၾကာ ကတည္းက မေက်နပ္မွုေတြ ရွိေနခဲ့တာပါ။

ဒီကေန႔ ၾကာသပေတးေန႔မွာ ဆယ္ေက်ာ္သက္ ၄ ေယာက္ကို ျပစ္ဒဏ္ ခ်ခဲ့တဲ့ Beni Mazar ၿမိဳ႕က တရား႐ုံးမွာ လုံျခဳံေရးေတြကို ထူထူထပ္ထပ္ ခ်ထားခဲ့ပါတယ္။

တရားခံ ေရွ႕ေန Maher Naguib ကေတာ့ ျပစ္ဒဏ္ေတြက မယုံနိုင္စရာပဲလို႔ ေျပာၿပီး၊ အယူခံ ဝင္သြားမယ္လို႔ ဆိုပါတယ္။

သူတို႔ေတြ ရိုက္ခဲ့တဲ့ အဲဒီ ဗီဒီယိုကို IS ေတြက လစ္ဗ်ားမွာ ဒါဇင္နဲ႔ခ်ီတဲ့ အီဂ်စ္ ခရစ္ယာန္ေတြကို ေခါင္းျဖတ္ သတ္ခဲ့ၿပီး မၾကာမီ၊ ၿပီးခဲ့တဲ့ႏွစ္ ဧၿပီလက ထုတ္ခဲ့တာ ျဖစ္ပါတယ္။

ဒီဗီဒီယိုကို ရိုက္ေပးတဲ့ သူတို႔ရဲ့ ဆရာကိုလည္း သီးျခား ႐ုံးထုတ္ခဲ့ၿပီး ေထာင္ဒဏ္ ၃ ႏွစ္ ခ်မွတ္ ခဲ့ပါတယ္။

BBC Burmese
http://www.bbc.com/burmese

...........................................


အီဂျစ် ခရစ်ယာန်တွေ ဖိနှိပ် ဆက်ဆံခံရတယ် ဆိုတဲ့ မကျေနပ်မှုတွေ အချိန်အတော်ကြာ ကတည်းက ရှိနေခဲ့။
အီဂျစ် နိုင်ငံမှာ မွတ်ဆလင် ဝတ်ပြုသူတွေကို လှောင်ပြောင်တဲ့ ဗီဒီယို တစ်ခုမှာ ပါဝင်ခဲ့တဲ့ ဆယ်ကျော်သက် ကော့ပ်တစ် ခရစ်ယာန် သုံးယောက်ကို အီဂျစ် တရားရုံး တစ်ခုက ထောင်ဒဏ် ၅ နှစ်စီ ချမှတ် လိုက်ပါတယ်။

အစ္စလာမ် ဘာသာကို စော်ကားမှုနဲ့ ခုလို ပြစ်ဒဏ် ချမှတ်ခဲ့တာလို့ ဆိုပြီး၊ နောက်ထပ် တစ်ဦးကိုလည်း လူငယ် ထိန်းသိမ်းရေး စခန်းကို ပို့လိုက်ပါတယ်။

ပြစ်ဒဏ် ချခံရတဲ့ အဲဒီ ဆယ်ကျော်သက်တွေ ကတော့ သူတို့အနေနဲ့ IS အဖွဲ့ရဲ့ ခေါင်းဖြတ်မှုတွေကိုသာ လှောင်ပြောင်ခဲ့တာ ဖြစ်တယ်လို့ ပြန်လည် ချေပ ခဲ့ကြပါတယ်။

မွတ်ဆလင် အများစု ဖြစ်တဲ့ အီဂျစ်နိုင်ငံမှာ ခရစ်ယာန်တွေ အနေနဲ့ ဖိနှိပ် ဆက်ဆံ ခံရမှုတွေကြောင့် အချိန်အတော်ကြာ ကတည်းက မကျေနပ်မှုတွေ ရှိနေခဲ့တာပါ။

ဒီကနေ့ ကြာသပတေးနေ့မှာ ဆယ်ကျော်သက် ၄ ယောက်ကို ပြစ်ဒဏ် ချခဲ့တဲ့ Beni Mazar မြို့က တရားရုံးမှာ လုံခြုံရေးတွေကို ထူထူထပ်ထပ် ချထားခဲ့ပါတယ်။

တရားခံ ရှေ့နေ Maher Naguib ကတော့ ပြစ်ဒဏ်တွေက မယုံနိုင်စရာပဲလို့ ပြောပြီး၊ အယူခံ ဝင်သွားမယ်လို့ ဆိုပါတယ်။

သူတို့တွေ ရိုက်ခဲ့တဲ့ အဲဒီ ဗီဒီယိုကို IS တွေက လစ်ဗျားမှာ ဒါဇင်နဲ့ချီတဲ့ အီဂျစ် ခရစ်ယာန်တွေကို ခေါင်းဖြတ် သတ်ခဲ့ပြီး မကြာမီ၊ ပြီးခဲ့တဲ့နှစ် ဧပြီလက ထုတ်ခဲ့တာ ဖြစ်ပါတယ်။

ဒီဗီဒီယိုကို ရိုက်ပေးတဲ့ သူတို့ရဲ့ ဆရာကိုလည်း သီးခြား ရုံးထုတ်ခဲ့ပြီး ထောင်ဒဏ် ၃ နှစ် ချမှတ် ခဲ့ပါတယ်။

BBC Burmese
http://www.bbc.com/burmese
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment