မိမိ၏ခ်စ္သူကို ေဆးထိုးသတ္ခဲ့သည့္ သူနာျပဳ



မိမိ၏ခ်စ္သူေကာင္ေလးကို ေဆးထိုးသတ္ခဲ့ေၾကာင္း၀န္ခံခဲ့သည့္ တရုတ္ သူနာျပဳအမ်ဳိးသမီးတဦး၏ အမႈက တရုတ္နိုင္ငံရိွ အြန္လိုင္းသံုးစဲြသူမ်ား အၾကား အုတ္ေအာ္ေသာင္းတင္း အျငင္းအခံုျဖစ္ေစခဲ့ေၾကာင္းသိရသည္။

သူနာျပဳအလုပ္မွာ လူ႔အသက္ကို ကယ္ဆယ္ရသည့္ အလုပ္ျဖစ္ေသာ္လည္း ရွန္ဟိုင္းရိွ သူနာျပဳအမ်ဳိးသမီးကမူ သူ၏ခ်စ္သူေကာင္ေလးအား အျခားအမ်ဳိးသမီးတဦးနွင့္ ေဖာက္ျပန္သည္ဟု သံသယျဖစ္ရာမွ ဆီးခ်ဳိေရာဂါကုေဆး အင္ဆူလင္ထိုး၍ သတ္ျဖတ္ခဲ့သည္ဟုဆိုသည္။

မို်းရိုးအမည္ '၀မ္' အမည္ရိွ သူနာျပဳအမို်းသမီးကို ရွန္ဟိုင္းရိွတရားရံုးတြင္ မၾကာေသးမီကရံုးတင္စစ္ေဆးခဲ့ရာမွသူမ၏ခ်စ္သူ ေကာင္ေလးကိုရည္ရြယ္ခ်က္ရိွရိွျဖင့္သတ္ျဖတ္ခဲ့ေၾကာင္းအမႈအမွန္ေပၚေပါက္ခဲ့ျခင္းျဖစ္သည္။

၀မ္နွင့္သူမ၏ခ်စ္သူလီတို႔သည္ ေကာလိပ္တြင္ ေတြ႕ဆံုခ်စ္ႀကိဳက္ခဲ့ေၾကာင္းနွင့္ အလြန္ခ်စ္ၾကသည့္ ခ်စ္သူမ်ားျဖစ္ေၾကာင္း ၀မ္က တရားရံုးတြင္ ထြက္ဆိုခဲ့သည္။ ၎တို႔နွစ္ဦးသည္ ၂၀၁၅ ခုနွစ္ ဇန္န၀ါရီလက လက္ထပ္ရန္ စီစဥ္ခဲ့ေသာ္လည္း မဂၤလာပဲြမတိုင္မီ မဂၤလာခန္း၀င္ပစၥည္းမ်ား မဂၤလာပဲြအစီအစဥ္ အေသး စိတ္အခ်က္အလက္မ်ားနွင့္ပတ္သက္၍ အႀကီးအက်ယ္စကားမ်ား ရန္ျဖစ္ရာမွ ဆက္ဆံေရးျပိုကဲြခဲ့သည္။ ၀မ္သည္ လီ၏ဦးေလးကို ေဆးရံုတြင္ျပဳစုေစာင့္ေရွာက္ ေပးေနရသူျဖစ္သည္။

သို႔ေသာ္လည္း နွစ္ဦးသားစကားမ်ားျပီးေနာက္ ဦးေလးအား ေစာင့္ေရွာက္ေပးျခင္းကို ရပ္တန္႔ခဲ့သည္။ ေနာက္ပိုင္းတြင္ လီ၏မိခင္က ၀မ္၏ လုပ္ရပ္ကိုသိရိွခဲ့ျပီး မဂၤလာပဲြကို ေရႊ႕ဆိုင္းထားရာမွ ဖ်က္သိမ္း၍ သားျဖစ္သူကို အျခားမိန္းကေလးတဦးႏွင့္ လက္ထပ္ေပးရန္စီစဥ္ခဲ့သည္။

လီ၀န္ခံရာမွ အဆိုပါ ကိစၥကို သိရိွသြားေသာ ၀မ္က အၾကီးအက်ယ္စိတ္ဆိုးခဲ့သည္။

၂၀၁၅ ခုနွစ္ မတ္လ ၃၁ ရက္တြင္ ၀မ္၏ေနအိမ္၌ လီရိွေနစဥ္ မိန္းကေလးတဦးႏွင့္ ဖုန္းေျပာ ေနသည္ကို ၀မ္ကသိရိွခဲ့ျခင္းျဖစ္သည္။

ေနာက္တေန႔မနက္တြင္ ၀မ္က သူမ၏ ခ်စ္သူအား အိပ္ေဆးမ်ားနွင့္ ဆီးခ်ဳိေဆးမ်ားအသံုးျပဳကာ သတ္ျဖတ္ခဲ့သည္။ ယင္းေနာက္၀မ္က မိမိကိုယ္ကိုယ္အဆံုးစီရင္ရန္ ႀကိဳးပမ္းခဲ့ေသာ္လည္း သူမ၏ အေဒၚျဖစ္သူက ေတြ႕သြားကာ ရဲစခန္းကို အေၾကာင္းၾကားခဲ့ျခင္းျဖစ္သည္။

လက္ရိွအမႈသည္ အျခားလူသတ္မႈမ်ားနွင့္မတူဘဲ လူသတ္ၿပီးေနာက္ မိမိ ကိုယ္ကိုယ္သတ္ေသရန္ႀကိဳးပမ္းခဲ့သည့္အတြက္တမ်ဳိးတမည္ ျပစ္ဒဏ္ခ်မွတ္သင့္ပါေၾကာင္း ၀မ္၏ေရွ႕ေနက ဆိုေသာ္လည္း လီ၏မိသားစုကမူ လက္မခံဘဲ ပယ္ခ်ခဲ့ၿပီး အဆိုပါအမို်းသမီးကို ေသဒဏ္ခ်မွတ္သင့္ေၾကာင္း အခိုင္အမာေျပာဆိုထားသည္။

Ref:CCTV
News Watch(ေစာင့္ၾကည့္သတင္းဂ်ာနယ္)
https://www.facebook.com/NewsWatchJournal/
...........


မိမိ၏ချစ်သူကောင်လေးကို ဆေးထိုးသတ်ခဲ့ကြောင်းဝန်ခံခဲ့သည့် တရုတ် သူနာပြုအမျိုးသမီးတဦး၏ အမှုက တရုတ်နိုင်ငံရှိ အွန်လိုင်းသုံးစွဲသူများ အကြား အုတ်အော်သောင်းတင်း အငြင်းအခုံဖြစ်စေခဲ့ကြောင်းသိရသည်။

သူနာပြုအလုပ်မှာ လူ့အသက်ကို ကယ်ဆယ်ရသည့် အလုပ်ဖြစ်သော်လည်း ရှန်ဟိုင်းရှိ သူနာပြုအမျိုးသမီးကမူ သူ၏ချစ်သူကောင်လေးအား အခြားအမျိုးသမီးတဦးနှင့် ဖောက်ပြန်သည်ဟု သံသယဖြစ်ရာမှ ဆီးချိုရောဂါကုဆေး အင်ဆူလင်ထိုး၍ သတ်ဖြတ်ခဲ့သည်ဟုဆိုသည်။

မိုျးရိုးအမည် '၀မ်' အမည်ရှိ သူနာပြုအမိုျးသမီးကို ရှန်ဟိုင်းရှိတရားရုံးတွင် မကြာသေးမီကရုံးတင်စစ်ဆေးခဲ့ရာမှသူမ၏ချစ်သူ ကောင်လေးကိုရည်ရွယ်ချက်ရှိရှိဖြင့်သတ်ဖြတ်ခဲ့ကြောင်းအမှုအမှန်ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။

၀မ်နှင့်သူမ၏ချစ်သူလီတို့သည် ကောလိပ်တွင် တွေ့ဆုံချစ်ကြိုက်ခဲ့ကြောင်းနှင့် အလွန်ချစ်ကြသည့် ချစ်သူများဖြစ်ကြောင်း ၀မ်က တရားရုံးတွင် ထွက်ဆိုခဲ့သည်။ ၎င်းတို့နှစ်ဦးသည် ၂၀၁၅ ခုနှစ် ဇန်နဝါရီလက လက်ထပ်ရန် စီစဉ်ခဲ့သော်လည်း မင်္ဂလာပွဲမတိုင်မီ မင်္ဂလာခန်းဝင်ပစ္စည်းများ မင်္ဂလာပွဲအစီအစဉ် အသေး စိတ်အချက်အလက်များနှင့်ပတ်သက်၍ အကြီးအကျယ်စကားများ ရန်ဖြစ်ရာမှ ဆက်ဆံရေးပြိုကွဲခဲ့သည်။ ၀မ်သည် လီ၏ဦးလေးကို ဆေးရုံတွင်ပြုစုစောင့်ရှောက် ပေးနေရသူဖြစ်သည်။

သို့သော်လည်း နှစ်ဦးသားစကားများပြီးနောက် ဦးလေးအား စောင့်ရှောက်ပေးခြင်းကို ရပ်တန့်ခဲ့သည်။ နောက်ပိုင်းတွင် လီ၏မိခင်က ၀မ်၏ လုပ်ရပ်ကိုသိရှိခဲ့ပြီး မင်္ဂလာပွဲကို ရွှေ့ဆိုင်းထားရာမှ ဖျက်သိမ်း၍ သားဖြစ်သူကို အခြားမိန်းကလေးတဦးနှင့် လက်ထပ်ပေးရန်စီစဉ်ခဲ့သည်။

လီဝန်ခံရာမှ အဆိုပါ ကိစ္စကို သိရှိသွားသော ၀မ်က အကြီးအကျယ်စိတ်ဆိုးခဲ့သည်။

၂၀၁၅ ခုနှစ် မတ်လ ၃၁ ရက်တွင် ၀မ်၏နေအိမ်၌ လီရှိနေစဉ် မိန်းကလေးတဦးနှင့် ဖုန်းပြော နေသည်ကို ၀မ်ကသိရှိခဲ့ခြင်းဖြစ်သည်။

နောက်တနေ့မနက်တွင် ၀မ်က သူမ၏ ချစ်သူအား အိပ်ဆေးများနှင့် ဆီးချိုဆေးများအသုံးပြုကာ သတ်ဖြတ်ခဲ့သည်။ ယင်းနောက်ဝမ်က မိမိကိုယ်ကိုယ်အဆုံးစီရင်ရန် ကြိုးပမ်းခဲ့သော်လည်း သူမ၏ အဒေါ်ဖြစ်သူက တွေ့သွားကာ ရဲစခန်းကို အကြောင်းကြားခဲ့ခြင်းဖြစ်သည်။

လက်ရှိအမှုသည် အခြားလူသတ်မှုများနှင့်မတူဘဲ လူသတ်ပြီးနောက် မိမိ ကိုယ်ကိုယ်သတ်သေရန်ကြိုးပမ်းခဲ့သည့်အတွက်တမျိုးတမည် ပြစ်ဒဏ်ချမှတ်သင့်ပါကြောင်း ၀မ်၏ရှေ့နေက ဆိုသော်လည်း လီ၏မိသားစုကမူ လက်မခံဘဲ ပယ်ချခဲ့ပြီး အဆိုပါအမိုျးသမီးကို သေဒဏ်ချမှတ်သင့်ကြောင်း အခိုင်အမာပြောဆိုထားသည်။

Ref:CCTV
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal/
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment