ေတာင္ကယ္႐ိုလိုင္းနား ပါတီတြင္းေရြးပြဲ Hillary Clinton အႏုိင္ရ( တောင်ကယ်ရိုလိုင်းနား ပါတီတွင်းရွေးပွဲ Hillary Clinton အနိုင်ရ)


ေတာင္ကယ္႐ုိလုိင္းနားျပည္နယ္မွာ က်င္းပတဲ့ ဒီမုိကရက္တစ္ပါတီတြင္း သမၼတကုိယ္စားလွယ္ေလာင္း ေရြးခ်ယ္မႈေတြမွာ ႏုိင္ငံျခားေရး၀န္ႀကီးေဟာင္း Hillary Clinton က Bernie Sanders ကုိ အျပတ္အသတ္ အႏုိင္ရလုိက္တဲ့အတြက္ ပါတီတြင္းမွာ ေရွ႕ကေန ဦးေဆာင္ေနတဲ့ ကုိယ္စားလွယ္ေလာင္းအျဖစ္ ခုိင္မာသြားၿပီ ျဖစ္ပါတယ္။

ဒါဟာ လာမယ့္ အဂၤါေန႔မွာ က်င္းပမယ့္ Super Tuesday လုိ႔ေခၚတဲ့ တရက္တည္း ျပည္နယ္ေပါင္း ၁၀ ခုေက်ာ္မွာ ပါတီတြင္း ေရြးခ်ယ္မႈေတြ တၿပိဳင္တည္း မက်င္းပခင္ ေနာက္ဆုံးျပဳလုပ္တဲ့ သမၼတ ကုိယ္စားလွယ္ေလာင္း ေရြးခ်ယ္မႈလည္း ျဖစ္ပါတယ္။

တုိင္းျပည္ေတာင္ပုိင္းမွာရွိတဲ့ ေတာင္ကယ္႐ိုလုိင္းနားျပည္နယ္မွာ စေနေန႔က ျပဳလုပ္ခဲ့တဲ့ ပါတီတြင္း သမၼတ ကုိယ္စားလွယ္ေလာင္း ေရြးခ်ယ္မႈေတြမွာ Hillary Clinton အႏုိင္ရလုိက္တဲ့အေၾကာင္း မဲေပးၿပီး ထြက္လာသူေတြထံက ေကာက္ယူထားတဲ့ စစ္တမ္းေတြအေပၚ အေျခခံၿပီး မဲရုံေတြၿပီး မၾကာခင္ မိနစ္ပုိင္းအတြင္းမွာပဲ သတင္းမီဒီယာအေတာ္မ်ားမ်ားက ေၾကညာလုိက္ၾကတာ ျဖစ္ပါတယ္။

Hillary Clinton အႏုိင္ရလိမ့္မယ္ဆုိတဲ့ ရလဒ္အေပၚ ယုံမွား သံသယ မရွိခဲ့ၾကပါဘူး။ အားလုံးက ေမးခြန္းထုတ္ခဲ့ၾကတာကေတာ့ လူထုစစ္တမ္းေတြမွာ ၃၀% ေလာက္ Hillary Clinton က ေရွ႕ကေန ေျပးေနတာကုိ Vermont ျပည္နယ္ အထက္လႊတ္ေတာ္အမတ္ Bernie Sanders အေနနဲ႔ ကြာဟမႈ နည္းသြားေအာင္ ဘယ္ေလာက္အထိ လုပ္ႏုိင္မလဲဆုိတာကုိ ေစာင့္ၾကည့္ေနၾကတာ ျဖစ္ပါတယ္။

ဒီမုိကရက္တစ္ပါတီတြင္း သမၼတေလာင္း ေရြးခ်ယ္မႈ ၄ ခု ျပဳလုပ္ခဲ့တဲ့အထဲ ႏုိင္ငံျခားေရး၀န္ႀကီးေဟာင္းလည္းျဖစ္၊ သမၼတကေတာ္လည္း ျဖစ္ခဲ့ဘူးတဲ့ Hillary Clinton က ၃ ခုမွာ အႏုိင္ရလုိက္ၿပီး ျဖစ္သလုိ လာမယ့္ အဂၤါေန႔က်ရင္ ျပည္နယ္ ၁၁ ခုမွာ တၿပိဳင္ထဲ က်င္းပမယ့္ ပါတီတြင္း သမၼတကုိယ္စားလွယ္ေလာင္း ေရြးခ်ယ္မႈေတြမွာလည္း လူထုစစ္တမ္းေတြအရ ေရွ႕ကေန ေျပးေနတယ္လုိ႔ ဆုိပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
http://burmese.voanews.com
.......


တောင်ကယ်ရိုလိုင်းနားပြည်နယ်မှာ ကျင်းပတဲ့ ဒီမိုကရက်တစ်ပါတီတွင်း သမ္မတကိုယ်စားလှယ်လောင်း ရွေးချယ်မှုတွေမှာ နိုင်ငံခြားရေးဝန်ကြီးဟောင်း Hillary Clinton က Bernie Sanders ကို အပြတ်အသတ် အနိုင်ရလိုက်တဲ့အတွက် ပါတီတွင်းမှာ ရှေ့ကနေ ဦးဆောင်နေတဲ့ ကိုယ်စားလှယ်လောင်းအဖြစ် ခိုင်မာသွားပြီ ဖြစ်ပါတယ်။

ဒါဟာ လာမယ့် အင်္ဂါနေ့မှာ ကျင်းပမယ့် Super Tuesday လို့ခေါ်တဲ့ တရက်တည်း ပြည်နယ်ပေါင်း ၁၀ ခုကျော်မှာ ပါတီတွင်း ရွေးချယ်မှုတွေ တပြိုင်တည်း မကျင်းပခင် နောက်ဆုံးပြုလုပ်တဲ့ သမ္မတ ကိုယ်စားလှယ်လောင်း ရွေးချယ်မှုလည်း ဖြစ်ပါတယ်။

တိုင်းပြည်တောင်ပိုင်းမှာရှိတဲ့ တောင်ကယ်ရိုလိုင်းနားပြည်နယ်မှာ စနေနေ့က ပြုလုပ်ခဲ့တဲ့ ပါတီတွင်း သမ္မတ ကိုယ်စားလှယ်လောင်း ရွေးချယ်မှုတွေမှာ Hillary Clinton အနိုင်ရလိုက်တဲ့အကြောင်း မဲပေးပြီး ထွက်လာသူတွေထံက ကောက်ယူထားတဲ့ စစ်တမ်းတွေအပေါ် အခြေခံပြီး မဲရုံတွေပြီး မကြာခင် မိနစ်ပိုင်းအတွင်းမှာပဲ သတင်းမီဒီယာအတော်များများက ကြေညာလိုက်ကြတာ ဖြစ်ပါတယ်။

Hillary Clinton အနိုင်ရလိမ့်မယ်ဆိုတဲ့ ရလဒ်အပေါ် ယုံမှား သံသယ မရှိခဲ့ကြပါဘူး။ အားလုံးက မေးခွန်းထုတ်ခဲ့ကြတာကတော့ လူထုစစ်တမ်းတွေမှာ ၃၀% လောက် Hillary Clinton က ရှေ့ကနေ ပြေးနေတာကို Vermont ပြည်နယ် အထက်လွှတ်တော်အမတ် Bernie Sanders အနေနဲ့ ကွာဟမှု နည်းသွားအောင် ဘယ်လောက်အထိ လုပ်နိုင်မလဲဆိုတာကို စောင့်ကြည့်နေကြတာ ဖြစ်ပါတယ်။

ဒီမိုကရက်တစ်ပါတီတွင်း သမ္မတလောင်း ရွေးချယ်မှု ၄ ခု ပြုလုပ်ခဲ့တဲ့အထဲ နိုင်ငံခြားရေးဝန်ကြီးဟောင်းလည်းဖြစ်၊ သမ္မတကတော်လည်း ဖြစ်ခဲ့ဘူးတဲ့ Hillary Clinton က ၃ ခုမှာ အနိုင်ရလိုက်ပြီး ဖြစ်သလို လာမယ့် အင်္ဂါနေ့ကျရင် ပြည်နယ် ၁၁ ခုမှာ တပြိုင်ထဲ ကျင်းပမယ့် ပါတီတွင်း သမ္မတကိုယ်စားလှယ်လောင်း ရွေးချယ်မှုတွေမှာလည်း လူထုစစ်တမ်းတွေအရ ရှေ့ကနေ ပြေးနေတယ်လို့ ဆိုပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment