အီဘိုလာ ကူးစက္ခံရၿပီး အသက္ရွင္သန္ က်န္ရစ္ေပမယ့္ ေနာက္ဆက္တြဲ ေဝဒနာေတြ ခံစားေနရ

 အီဘိုလာ ဗိုင္းရပ္စ္ ကူးစက္ ပ်ံ႕ႏွံ့မွုဟာ အာဖရိက အေနာက္ဘက္ နိုင္ငံ ေတြ တလႊား အဓိက ျဖစ္ေပၚ ခဲ့။
အီဘိုလာ ဗိုင္းရပ္စ္ ကူးစက္ ခံရၿပီး အသက္ရွင္ က်န္ရစ္သူ ေတြ ကို လိုင္ေဘးရီးယား နိုင္ငံထဲ မွာ ေနာက္ဆက္တြဲ ေလ့လာ ဆန္းစစ္ မွု ေတြ ျပဳလုပ္ ခဲ့တာ မွာ တခ်ိဳ႕ ဟာ ဦးေႏွာက္ပိုင္း ဆိုင္ရာ ျပႆနာ ေတြ ရွိေနတာကို ေတြ႕ ရပါတယ္။

လူ ၈၂ ေယာက္ ပါအုပ္စု ကို အေမရိကန္ သုေတသီေတြ ေလ့လာ ခဲ့ၾကတာ ျဖစ္ပါတယ္။

အဲဒီ့ ၈၂ ေယာက္ ထဲမွာ တစ္ဝက္ေလာက္ဟာ ေခါင္းကိုက္ ေဝဒနာ ၊ မွတ္ဉာဏ္ ခ်ိဳ႕ယြင္းမွု နဲ႔ စိတ္က် တာေတြ ခံစား ေနရၿပီး၊ အားအင္ ကုန္ခမ္း ပင္ပန္း ႏြမ္းေနသူ ေတြ အေရအတြက္ ကေတာ့ ၃ပုံ ၂ ပုံ ေလာက္ထိ ရွိေနတယ္ လို႔ ဆိုပါတယ္။

အီဘိုလာ ဗိုင္းရပ္စ္ ကူးစက္ ပ်ံ႕ႏွံ့မွုဟာ အာဖရိက အေနာက္ဘက္ နိုင္ငံ ေတြ တလႊား အဓိက ျဖစ္ေပၚ ခဲ့ၿပီး၊ လူေပါင္း ၁ ေသာင္း ၁ ေထာင္ ေက်ာ္ ေသဆုံးကာ၊ တစ္ေသာင္း ခုႏွစ္ေထာင္ အသက္ရွင္ က်န္ရစ္ ခဲ့ပါတယ္။

BBC Burmese
http://www.bbc.com/burmese
..............
  အီဘိုလာ ဗိုင်းရပ်စ် ကူးစက် ပျံ့နှံ့မှုဟာ အာဖရိက အနောက်ဘက် နိုင်ငံ တွေ တလွှား အဓိက ဖြစ်ပေါ် ခဲ့။
အီဘိုလာ ဗိုင်းရပ်စ် ကူးစက် ခံရပြီး အသက်ရှင် ကျန်ရစ်သူ တွေ ကို လိုင်ဘေးရီးယား နိုင်ငံထဲ မှာ နောက်ဆက်တွဲ လေ့လာ ဆန်းစစ် မှု တွေ ပြုလုပ် ခဲ့တာ မှာ တချို့ ဟာ ဦးနှောက်ပိုင်း ဆိုင်ရာ ပြဿနာ တွေ ရှိနေတာကို တွေ့ ရပါတယ်။

လူ ၈၂ ယောက် ပါအုပ်စု ကို အမေရိကန် သုတေသီတွေ လေ့လာ ခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီ့ ၈၂ ယောက် ထဲမှာ တစ်ဝက်လောက်ဟာ ခေါင်းကိုက် ဝေဒနာ ၊ မှတ်ဉာဏ် ချို့ယွင်းမှု နဲ့ စိတ်ကျ တာတွေ ခံစား နေရပြီး၊ အားအင် ကုန်ခမ်း ပင်ပန်း နွမ်းနေသူ တွေ အရေအတွက် ကတော့ ၃ပုံ ၂ ပုံ လောက်ထိ ရှိနေတယ် လို့ ဆိုပါတယ်။

အီဘိုလာ ဗိုင်းရပ်စ် ကူးစက် ပျံ့နှံ့မှုဟာ အာဖရိက အနောက်ဘက် နိုင်ငံ တွေ တလွှား အဓိက ဖြစ်ပေါ် ခဲ့ပြီး၊ လူပေါင်း ၁ သောင်း ၁ ထောင် ကျော် သေဆုံးကာ၊ တစ်သောင်း ခုနှစ်ထောင် အသက်ရှင် ကျန်ရစ် ခဲ့ပါတယ်။

BBC Burmese
http://www.bbc.com/burmese
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment