အေကာင္းဆုံး ေအာ္စကာ ဇာတ္ကားဆု Spotlight ရရွိ


အေမရိကန္ျပည္ေထာင္စု အေနာက္ျခမ္း California ျပည္နယ္ Los Angelese ၿမဳိ႕ Hollywood က Dolby ခမ္းမမွာ မေန႔ညက က်င္းပတဲ့ အကယ္ဒမီ ဆုေပးပြဲမွာ ကသလစ္ခရိယာန္ဘုရားေက်ာင္းက ကေလးငယ္ေတြအေပၚလိမ္မတရားျပဳက်င့္မႈနဲ႔ ပတ္သတ္လို႔ Boston Globe သတင္းစာက စံုစမ္းေဖာ္ထုတ္တဲ့ အေၾကာင္းရိုက္ကူးထားတဲ့ Spotlight ႐ုပ္ရွင္ကားက သူနဲ႔အတူ တစ္ႀကဳိစာရင္းမွာပါတဲ့ The Revenant, Mad Max, Room နဲ႔ Bridge of Spies ဇာတ္ကားေတြကို ေက်ာ္ျဖတ္ၿပီး အေကာင္းဆံုး ဇာတ္ကားဆု ရရွိသြားပါတယ္။

မင္းသား Leonardo DiCaprio က ပထမဆံုးအႀကိမ္ Oscar ဆုရရွိေတာ့ အခမ္းအနားပိရိသတ္က သူ႔ကို မတ္တပ္ရပ္ဂုဏ္ျပဳခဲ့ပါတယ္။

လူသူကင္းေဝးတဲ့ေတာထဲမွာေနၿပီး အရမ္းဇြဲရွိတဲ့ အမ်ဳိးသား တဦး ႏွင္းေတာင္ေတြၾကားမွာ လူဆိုးကို လက္တံု႔ျပန္ဖို႔ လိုက္ရွာတဲ့ အေၾကာင္း ရိုက္ထားတဲ့ ဇာတ္ကားမွာ သ႐ုပ္ေဆာင္ၿပီး မင္းသား Leonardo DiCaprio ဆုရတာျဖစ္ပါတယ္။ ထူးကဲတဲ့ ႐ုပ္ရွင္ ရသ ကို ေပးစြမ္းတဲ့အတြက္ သူဆုရတဲ့ The Revenant ကို ရိုက္ကူးဖန္တီးတဲ့ အဖြဲ႔သားေတြအားလံုးကို ေက်းဇူးတင္ပါေၾကာင္း Leonardo က ေျပာသြားပါတယ္။

ဆုလက္ခံယူတုန္း ေက်းဇူးတင္စကားေျပာတဲ့ထဲမွာ မင္းသား Leonardo က ကမာၻမွာ ဥတုရာသီေျပာင္းလဲမႈက တကယ္ျဖစ္ေနၿပီး The Revenant ႐ုပ္ရွင္အဖြဲ႔သားေတြဟာ ေရခဲေတာထဲမွာ ႐ုပ္႐ွင္ရိုက္ဖို႔ ကမာၻ႔ေတာင္ဘက္ စြန္းေနရာ အထိ သြားခဲ့ရတယ္လို႔ ေျပာသြား ပါတယ္။ ဒီဇာတ္ကားရိုက္ကူးတဲ့ ဒါ႐ိုက္တာ Alejandro Inarritu က ႏွစ္ႏွစ္ေျမာက္ဆက္တိုက္အျဖစ္ အေကာင္းဆံုးဒါ႐ိုက္တာဆု ရရွိခဲ့ပါတယ္။ Emmanuel Lubezki ကလည္း ႐ုပ္ရွင္ဓာတ္ပံုဆုကို ၃ ႏွစ္ဆက္တိုက္အျဖစ္ ရယူၿပီး သမိုင္းတြင္သြားခဲ့ပါတယ္။ အေကာင္းဆံုးအမ်ဳိးအမီးသ႐ုပ္ေဆာင္ဆုကို အမ်ားကခန္႔မွန္းထားတဲ့အတိုင္း Brie Larson က Room ဇာတ္ကားနဲ႔ ရရွိသြားပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
http://burmese.voanews.com

..............................................


အမေရိကန်ပြည်ထောင်စု အနောက်ခြမ်း California ပြည်နယ် Los Angelese မြို့ Hollywood က Dolby ခမ်းမမှာ မနေ့ညက ကျင်းပတဲ့ အကယ်ဒမီ ဆုပေးပွဲမှာ ကသလစ်ခရိယာန်ဘုရားကျောင်းက ကလေးငယ်တွေအပေါ်လိမ်မတရားပြုကျင့်မှုနဲ့ ပတ်သတ်လို့ Boston Globe သတင်းစာက စုံစမ်းဖော်ထုတ်တဲ့ အကြောင်းရိုက်ကူးထားတဲ့ Spotlight ရုပ်ရှင်ကားက သူနဲ့အတူ တစ်ကြိုစာရင်းမှာပါတဲ့ The Revenant, Mad Max, Room နဲ့ Bridge of Spies ဇာတ်ကားတွေကို ကျော်ဖြတ်ပြီး အကောင်းဆုံး ဇာတ်ကားဆု ရရှိသွားပါတယ်။


မင်းသား Leonardo DiCaprio က ပထမဆုံးအကြိမ် Oscar ဆုရရှိတော့ အခမ်းအနားပိရိသတ်က သူ့ကို မတ်တပ်ရပ်ဂုဏ်ပြုခဲ့ပါတယ်။

လူသူကင်းဝေးတဲ့တောထဲမှာနေပြီး အရမ်းဇွဲရှိတဲ့ အမျိုးသား တဦး နှင်းတောင်တွေကြားမှာ လူဆိုးကို လက်တုံ့ပြန်ဖို့ လိုက်ရှာတဲ့ အကြောင်း ရိုက်ထားတဲ့ ဇာတ်ကားမှာ သရုပ်ဆောင်ပြီး မင်းသား Leonardo DiCaprio ဆုရတာဖြစ်ပါတယ်။ ထူးကဲတဲ့ ရုပ်ရှင် ရသ ကို ပေးစွမ်းတဲ့အတွက် သူဆုရတဲ့ The Revenant ကို ရိုက်ကူးဖန်တီးတဲ့ အဖွဲ့သားတွေအားလုံးကို ကျေးဇူးတင်ပါကြောင်း Leonardo က ပြောသွားပါတယ်။

ဆုလက်ခံယူတုန်း ကျေးဇူးတင်စကားပြောတဲ့ထဲမှာ မင်းသား Leonardo က ကမ္ဘာမှာ ဥတုရာသီပြောင်းလဲမှုက တကယ်ဖြစ်နေပြီး The Revenant ရုပ်ရှင်အဖွဲ့သားတွေဟာ ရေခဲတောထဲမှာ ရုပ်ရှင်ရိုက်ဖို့ ကမ္ဘာ့တောင်ဘက် စွန်းနေရာ အထိ သွားခဲ့ရတယ်လို့ ပြောသွား ပါတယ်။ ဒီဇာတ်ကားရိုက်ကူးတဲ့ ဒါရိုက်တာ Alejandro Inarritu က နှစ်နှစ်မြောက်ဆက်တိုက်အဖြစ် အကောင်းဆုံးဒါရိုက်တာဆု ရရှိခဲ့ပါတယ်။ Emmanuel Lubezki ကလည်း ရုပ်ရှင်ဓာတ်ပုံဆုကို ၃ နှစ်ဆက်တိုက်အဖြစ် ရယူပြီး သမိုင်းတွင်သွားခဲ့ပါတယ်။ အကောင်းဆုံးအမျိုးအမီးသရုပ်ဆောင်ဆုကို အများကခန့်မှန်းထားတဲ့အတိုင်း Brie Larson က Room ဇာတ်ကားနဲ့ ရရှိသွားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment