ေဟာလီးဝုဒ္မင္းသား လီယိုနာဒို ဒီကာပရီယို “The Revenant” ဇာတ္ကားျဖင့္ ေအာ္စကာဆုရရွိ


ေလာ့စ္အန္ဂ်လိစ္၊ ေဖေဖာ္ဝါရီ ၂၉ ရက္ (ဆင္ဟြာ)

    ေအာ္စကာ ဆန္ကာတင္ စာရင္းတြင္ ေျခာက္ႀကိမ္ ပါဝင္ခဲ့ၿပီးေနာက္ အသက္ ၄၁ အရြယ္ ေဟာလီးဝုဒ္မင္းသား လီယိုနာဒို ဒီကာပရီယိုသည္ “The Revenant” ဇာတ္ကားျဖင့္ ၄င္း၏ ပထမဆံုး ေအာ္စကာဆုကို ေဖေဖာ္ဝါရီလ ၂၈ ရက္ညတြင္ ျပဳလုပ္ခဲ့သည့္ ၈၈ ႀကိမ္ေျမာက္ ေအာ္စကာ ဆုေပးပြဲ၌ သိမ္းပိုက္ ရရွိခဲ့ေၾကာင္း သိရသည္။

လီယိုနာဒိုသည္ အသက္ ၂၂ ႏွစ္ ကတည္းက “What’s Eating Gilbert Grape” ဇာတ္ကားျဖင့္ ေအာ္စကာ ဆန္ကာတင္ စာရင္းတြင္ ပထမဆံုး ပါဝင္ခဲ့သည္။

၄င္းသည္ အေကာင္းဆံုး ဇာတ္ေဆာင္မင္းသား ေအာ္စကာဆု စာရင္းတြင္ ယခုႏွစ္ အပါအဝင္ စုစုေပါင္း ၅ ႀကိမ္ ပါဝင္ခဲ့ေၾကာင္း သိရသည္။ထို႕အျပင္ ၈၆ ႀကိမ္ေျမာက္ ေအာ္စကာ ဆုေပးပြဲ၌လည္း “The Wolf of Wall Street” ဇာတ္ကား ၏ ထုတ္လုပ္သူအျဖစ္ ဆန္ကာတင္ စာရင္းတြင္ ပါဝင္ခဲ့ေသးေၾကာင္း သိရသည္။

ABC သတင္းဌာနက လီယိုနာဒိုသည္ “The Revenant” ဇာတ္ကားတြင္ သရုပ္ေဆာင္ရန္ အတြက္ အပူခ်ိန္ သုညေအာက္တြင္ ေနထိုင္ႏိုင္ရန္ ေလ့က်င့္ျခင္း၊ အမ်ိဳးမ်ိဳးေသာ ဇာတ္ရုပ္မ်ား ရရွိေစရန္ ၅ နာရီၾကာ မိတ္ကပ္ ျပင္ဆင္ခဲ့ရျခင္း၊ ေၾကာက္မက္ဖြယ္ မိုးမုန္တိုင္းမ်ား ၾကားတြင္ ဝက္ဝံ တစ္ေကာင္ႏွင့္ တိုက္ခိုက္ရျခင္း စသည့္ အႏၲရာယ္မ်ားေသာ စတန္႔ ျပကြက္မ်ား ျပဳလုပ္ခဲ့ျခင္း၊ ကၽြဲရိုင္း၏ အသည္းကို အစိမ္းလိုက္ စားျပရျခင္း၊ မုတ္ဆိတ္ရွည္ႀကီးမ်ား တစ္ႏွစ္ခြဲ ထားရွိခဲ့ျခင္း စသည့္ ခက္ခဲၾကမ္းတမ္းသည့္ လုပ္ေဆာင္ခ်က္မ်ားအား ဇာတ္လမ္း အသက္ဝင္ ေကာင္းမြန္လာရန္အတြက္ ႀကိဳးစား လုပ္ေဆာင္ခဲ့ေၾကာင္း ေဖာ္ျပခဲ့သည္။

လီယိုနာဒိုသည္ ၂၀၁၆ ခုႏွစ္တြင္ ေရႊကမာၻလံုးဆု၊ Screen Actors Guild ႏွင့္ BAFTA ဆုမ်ားကိုလည္း ရရွိခဲ့ေၾကာင္း သိရသည္။

(Xinhua)
http://www.xinhuamyanmar.com

..............................................


လော့စ်အန်ဂျလိစ်၊ ဖေဖော်ဝါရီ ၂၉ ရက် (ဆင်ဟွာ)

    အော်စကာ ဆန်ကာတင် စာရင်းတွင် ခြောက်ကြိမ် ပါဝင်ခဲ့ပြီးနောက် အသက် ၄၁ အရွယ် ဟောလီးဝုဒ်မင်းသား လီယိုနာဒို ဒီကာပရီယိုသည် “The Revenant” ဇာတ်ကားဖြင့် ၄င်း၏ ပထမဆုံး အော်စကာဆုကို ဖေဖော်ဝါရီလ ၂၈ ရက်ညတွင် ပြုလုပ်ခဲ့သည့် ၈၈ ကြိမ်မြောက် အော်စကာ ဆုပေးပွဲ၌ သိမ်းပိုက် ရရှိခဲ့ကြောင်း သိရသည်။

လီယိုနာဒိုသည် အသက် ၂၂ နှစ် ကတည်းက “What’s Eating Gilbert Grape” ဇာတ်ကားဖြင့် အော်စကာ ဆန်ကာတင် စာရင်းတွင် ပထမဆုံး ပါဝင်ခဲ့သည်။

၄င်းသည် အကောင်းဆုံး ဇာတ်ဆောင်မင်းသား အော်စကာဆု စာရင်းတွင် ယခုနှစ် အပါအဝင် စုစုပေါင်း ၅ ကြိမ် ပါဝင်ခဲ့ကြောင်း သိရသည်။ထို့အပြင် ၈၆ ကြိမ်မြောက် အော်စကာ ဆုပေးပွဲ၌လည်း “The Wolf of Wall Street” ဇာတ်ကား ၏ ထုတ်လုပ်သူအဖြစ် ဆန်ကာတင် စာရင်းတွင် ပါဝင်ခဲ့သေးကြောင်း သိရသည်။

ABC သတင်းဌာနက လီယိုနာဒိုသည် “The Revenant” ဇာတ်ကားတွင် သရုပ်ဆောင်ရန် အတွက် အပူချိန် သုညအောက်တွင် နေထိုင်နိုင်ရန် လေ့ကျင့်ခြင်း၊ အမျိုးမျိုးသော ဇာတ်ရုပ်များ ရရှိစေရန် ၅ နာရီကြာ မိတ်ကပ် ပြင်ဆင်ခဲ့ရခြင်း၊ ကြောက်မက်ဖွယ် မိုးမုန်တိုင်းများ ကြားတွင် ဝက်ဝံ တစ်ကောင်နှင့် တိုက်ခိုက်ရခြင်း စသည့် အန္တရာယ်များသော စတန့် ပြကွက်များ ပြုလုပ်ခဲ့ခြင်း၊ ကျွဲရိုင်း၏ အသည်းကို အစိမ်းလိုက် စားပြရခြင်း၊ မုတ်ဆိတ်ရှည်ကြီးများ တစ်နှစ်ခွဲ ထားရှိခဲ့ခြင်း စသည့် ခက်ခဲကြမ်းတမ်းသည့် လုပ်ဆောင်ချက်များအား ဇာတ်လမ်း အသက်ဝင် ကောင်းမွန်လာရန်အတွက် ကြိုးစား လုပ်ဆောင်ခဲ့ကြောင်း ဖော်ပြခဲ့သည်။

လီယိုနာဒိုသည် ၂၀၁၆ ခုနှစ်တွင် ရွှေကမ္ဘာလုံးဆု၊ Screen Actors Guild နှင့် BAFTA ဆုများကိုလည်း ရရှိခဲ့ကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment