Mumtaz Qadri ကို ပါကစၥတန္ ႀကိဳးေပးကြပ္မ်က္

 Mumtaz Qadri ကို အစၥလာမၼစ္ အုပ္စု တခ်ိဳ႕က သူရဲေကာင္းအျဖစ္ ခ်ီးေျမႇာက္ခဲ့ၾက။
ပါကစၥတန္ နိုင္ငံမွာ ဘာသာေရး ေစာ္ကားမွု ဆိုင္ရာ ဥပေဒေတြကို ကန္႔ကြက္ခဲ့တဲ့ ပန္ဂ်ပ္ျပည္နယ္ အုပ္ခ်ဳပ္ေရးမွူးကို ရဲတပ္ဖြဲ႕ဝင္ ကိုယ္ရံေတာ္ တစ္ေယာက္က ပစ္သတ္ခဲ့တဲ့ အမွုအတြက္ အဲဒီ ရဲကို ႀကိဳးေပး ကြပ္မ်က္ လိုက္ၿပီလို႔ ပါကစၥတန္ အရာရွိေတြက ေျပာပါတယ္။

Mumtaz Qadri ဆိုတဲ့ အဲဒီ ကိုယ္ရံေတာ္ေဟာင္းက ပန္ဂ်ပ္ ျပည္နယ္ အုပ္ခ်ဳပ္ေရးမွူး Salman Taseer ကို ၂၀၁၁ ခုႏွစ္တုန္းက အစၥလာမ္မာဘတ္ ၿမိဳ႕မွာ ပစ္သတ္ခဲ့တာပါ။

အဲဒီ အခ်ိန္က Qadri ကို အစၥလာမၼစ္ အုပ္စု တခ်ိဳ႕က သူရဲေကာင္း အျဖစ္ ခ်ီးေျမႇာက္ ခဲ့ၾကၿပီး သူ႔ကို ေထာက္ခံသူ ေထာင္နဲ႔ခ်ီ ရွိခဲ့ပါတယ္။ ေနာက္တစ္ႏွစ္ အၾကာမွာေတာ့ သူ႔ကို တရား႐ုံးက ေသဒဏ္ ခ်မွတ္ ခဲ့တာ ျဖစ္ပါတယ္။

သူ႔ကို ႀကိဳးေပး ကြပ္မ်က္ခဲ့တဲ့ ဒီကေန႔ တနလၤာေန႔မွာလည္း ကန္႔ကြက္ ဆႏၵျပသူေတြ လမ္းေတြေပၚ ထြက္ခဲ့ၾကပါတယ္။ ဆႏၵျပသူေတြက ဝန္ႀကီးခ်ဳပ္ နာဝက္ဇ္ ရွာရစ္ဖ္ရဲ့ ပုံေတြနဲ႔ ကားတာရာေတြကို မီးရွို႔ ခဲ့ၾကၿပီး ၿမိဳ႕ေတာ္ အစၥလာမ္မာဘတ္ အနီးက အေဝးေျပး ကားလမ္းကို ယာယီ ပိတ္ခဲ့ရပါတယ္။

Qadri ရဲ့ အိမ္အနီး ဝန္းက်င္မွာ အဓိက႐ုဏ္း ႏွိမ္နင္းေရး တပ္ဖြဲ႕ဝင္ေတြ ထူထူထပ္ထပ္ ခ်ထားတယ္လို႔ သတင္းေတြက ဆိုပါတယ္။

RFA Burmese
http://www.bbc.com/burmese
................
  Mumtaz Qadri ကို အစ္စလာမ္မစ် အုပ်စု တချို့က သူရဲကောင်းအဖြစ် ချီးမြှောက်ခဲ့ကြ။
ပါကစ္စတန် နိုင်ငံမှာ ဘာသာရေး စော်ကားမှု ဆိုင်ရာ ဥပဒေတွေကို ကန့်ကွက်ခဲ့တဲ့ ပန်ဂျပ်ပြည်နယ် အုပ်ချုပ်ရေးမှူးကို ရဲတပ်ဖွဲ့ဝင် ကိုယ်ရံတော် တစ်ယောက်က ပစ်သတ်ခဲ့တဲ့ အမှုအတွက် အဲဒီ ရဲကို ကြိုးပေး ကွပ်မျက် လိုက်ပြီလို့ ပါကစ္စတန် အရာရှိတွေက ပြောပါတယ်။

Mumtaz Qadri ဆိုတဲ့ အဲဒီ ကိုယ်ရံတော်ဟောင်းက ပန်ဂျပ် ပြည်နယ် အုပ်ချုပ်ရေးမှူး Salman Taseer ကို ၂၀၁၁ ခုနှစ်တုန်းက အစ္စလာမ်မာဘတ် မြို့မှာ ပစ်သတ်ခဲ့တာပါ။

အဲဒီ အချိန်က Qadri ကို အစ္စလာမ္မစ် အုပ်စု တချို့က သူရဲကောင်း အဖြစ် ချီးမြှောက် ခဲ့ကြပြီး သူ့ကို ထောက်ခံသူ ထောင်နဲ့ချီ ရှိခဲ့ပါတယ်။ နောက်တစ်နှစ် အကြာမှာတော့ သူ့ကို တရားရုံးက သေဒဏ် ချမှတ် ခဲ့တာ ဖြစ်ပါတယ်။

သူ့ကို ကြိုးပေး ကွပ်မျက်ခဲ့တဲ့ ဒီကနေ့ တနင်္လာနေ့မှာလည်း ကန့်ကွက် ဆန္ဒပြသူတွေ လမ်းတွေပေါ် ထွက်ခဲ့ကြပါတယ်။ ဆန္ဒပြသူတွေက ဝန်ကြီးချုပ် နာဝက်ဇ် ရှာရစ်ဖ်ရဲ့ ပုံတွေနဲ့ ကားတာရာတွေကို မီးရှို့ ခဲ့ကြပြီး မြို့တော် အစ္စလာမ်မာဘတ် အနီးက အဝေးပြေး ကားလမ်းကို ယာယီ ပိတ်ခဲ့ရပါတယ်။

Qadri ရဲ့ အိမ်အနီး ဝန်းကျင်မှာ အဓိကရုဏ်း နှိမ်နင်းရေး တပ်ဖွဲ့ဝင်တွေ ထူထူထပ်ထပ် ချထားတယ်လို့ သတင်းတွေက ဆိုပါတယ်။

RFA Burmese
http://www.bbc.com/burmese
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment