ေျမာက္ကိုရီးယား အေရး လံုၿခံဳေရးေကာင္စီ အေရးယူမႈသစ္ ရဖို႔ ကန္ ႀကိဳးပမ္း

ကုလသမဂၢဆိုင္ရာ အေမရိကန္ သံအမတ္ႀကီး Samantha Power (ေဖေဖာ္ဝါရီ ၂၅၊ ၂၀၁၆)
ေျမာက္ကိုရီးယားႏုိင္ငံ အေပၚ ပိုမိုျပင္းထန္တဲ့ ဒဏ္ခတ္ ပိတ္ဆို႔မႈေတြ ခ်မွတ္ေရး ဆံုးျဖတ္ခ်က္ မူၾကမ္းကို ကုလသမဂၢ လံုၿခံဳေရးေကာင္စီမွာ အျမန္ဆံုး မဲခြဲ အတည္ျပဳဖုိ႔ အဖြဲ႔ဝင္ႏုိင္ငံေတြကို အေမရိကန္ျပည္ေထာင္စုနဲ႔ မဟာမိတ္ႏုိင္ငံေတြက တြန္းအားေပးေနပါတယ္။ ဒီအေရးယူ ပိတ္ဆို႔မႈက ကုန္တင္သေဘၤာအားလံုးကို စစ္ေဆးခြင့္ရိွၿပီး စစ္ေရးအတြက္ အသံုးျပဳႏိုင္တဲ့ကုန္ပစၥည္းအားလံုး တင္သြင္းမႈကို တားဆီးလိုက္တာျဖစ္ပါတယ္။

ကုလသမဂၢဆိုင္ရာ အေမရိကန္သံအမတ္ႀကီး Samantha Power က ဒီဆံုးျဖတ္ခ်က္ ကို ၾကာသာပေတးေန႔က တင္သြင္းခဲ့တာျဖစ္ပါတယ္။ အဲဒီ့ မတိုင္ခင္ကေတာ့ အေမရိကန္ျပည္ေထာင္စုနဲ႔ ေျမာက္ကုိရီးယားရဲ႕ အရင္းႏွီးဆံုး မဟာမိတ္ျဖစ္တဲ့ တရုတ္ႏိုင္ငံတို႔ ခုႏွစ္ပတ္ၾကာ ေဆြးေႏြးခဲ့ရပါတယ္။

အေမရိကန္ျပည္ေထာင္စုက သူ႔ရဲ႕ ႏ်ဴကလီးယား ကာကြယ္ေရးစြမ္းရည္ကို မီးေမာင္းထုိးျပတဲ့ အေနနဲ႔ အေမရိကန္စစ္တပ္က ကယ္လီဖိုနီးယားျပည္နယ္ Vanden Berg ေလတပ္အေျခစိုက္စခန္းကေန ၿပီးခဲ့တဲ့ ၾကာသာပေတးေန႔ ညပိုင္းမွာ ဒံုးက်ည္ စမ္းသပ္ ပစ္လႊတ္ပါတယ္။

ေတာင္ပစိဖိတ္သမုဒၵရာထဲက Marshall ကၽြန္းစုနားကို ပစ္မွတ္ထား ပစ္လႊတ္လိုက္ တာျဖစ္ပါတယ္။ အဲဒီ ဒံုးက်ည္ မပစ္ခင္ေလးမွာတင္ ဒုတိယကာကြယ္ေရး ၀န္ႀကီး Robert Work က သတင္းေထာက္ေတြကို ေျပာ သြားတာက ဒီစစ္ေရးေလ့က်င့္မႈဟာ အေမရိကန္ရဲ႕ စစ္ဖက္ဆိုင္ရာ အသင့္ရိွေနမႈကို ျပသတာျဖစ္တယ္လို႔ ဆိုပါတယ္။

၂၀၁၁ ခုႏွစ္ ဇန္န၀ါရီလကတည္းက စၿပီးေတာ့ ဒံုးက်ည္စမ္းသပ္မႈ ၁၅ ခုမက လုပ္ခဲ့ၿပီးျဖစ္ေၾကာင္း လည္း ၀န္ႀကီး Work က ေျပာၿပီး လိုအပ္လာရင္ ႏိုင္ငံေတာ္ ကာကြယ္ေရးအတြက္  ႏ်ဴကလီယားလက္နက္ကို အသံုးျပဳဖို႔ အသင့္ရိွတယ္္ လို႔ ေျပာသြားခဲ့ပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
http://burmese.voanews.com
.....................
 ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး Samantha Power (ဖေဖော်ဝါရီ ၂၅၊ ၂၀၁၆)
မြောက်ကိုရီးယားနိုင်ငံ အပေါ် ပိုမိုပြင်းထန်တဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေ ချမှတ်ရေး ဆုံးဖြတ်ချက် မူကြမ်းကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ အမြန်ဆုံး မဲခွဲ အတည်ပြုဖို့ အဖွဲ့ဝင်နိုင်ငံတွေကို အမေရိကန်ပြည်ထောင်စုနဲ့ မဟာမိတ်နိုင်ငံတွေက တွန်းအားပေးနေပါတယ်။ ဒီအရေးယူ ပိတ်ဆို့မှုက ကုန်တင်သင်္ဘောအားလုံးကို စစ်ဆေးခွင့်ရှိပြီး စစ်ရေးအတွက် အသုံးပြုနိုင်တဲ့ကုန်ပစ္စည်းအားလုံး တင်သွင်းမှုကို တားဆီးလိုက်တာဖြစ်ပါတယ်။

ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Samantha Power က ဒီဆုံးဖြတ်ချက် ကို ကြာသာပတေးနေ့က တင်သွင်းခဲ့တာဖြစ်ပါတယ်။ အဲဒီ့ မတိုင်ခင်ကတော့ အမေရိကန်ပြည်ထောင်စုနဲ့ မြောက်ကိုရီးယားရဲ့ အရင်းနှီးဆုံး မဟာမိတ်ဖြစ်တဲ့ တရုတ်နိုင်ငံတို့ ခုနှစ်ပတ်ကြာ ဆွေးနွေးခဲ့ရပါတယ်။

အမေရိကန်ပြည်ထောင်စုက သူ့ရဲ့ နျူကလီးယား ကာကွယ်ရေးစွမ်းရည်ကို မီးမောင်းထိုးပြတဲ့ အနေနဲ့ အမေရိကန်စစ်တပ်က ကယ်လီဖိုနီးယားပြည်နယ် Vanden Berg လေတပ်အခြေစိုက်စခန်းကနေ ပြီးခဲ့တဲ့ ကြာသာပတေးနေ့ ညပိုင်းမှာ ဒုံးကျည် စမ်းသပ် ပစ်လွှတ်ပါတယ်။

တောင်ပစိဖိတ်သမုဒ္ဒရာထဲက Marshall ကျွန်းစုနားကို ပစ်မှတ်ထား ပစ်လွှတ်လိုက် တာဖြစ်ပါတယ်။ အဲဒီ ဒုံးကျည် မပစ်ခင်လေးမှာတင် ဒုတိယကာကွယ်ရေး ၀န်ကြီး Robert Work က သတင်းထောက်တွေကို ပြော သွားတာက ဒီစစ်ရေးလေ့ကျင့်မှုဟာ အမေရိကန်ရဲ့ စစ်ဖက်ဆိုင်ရာ အသင့်ရှိနေမှုကို ပြသတာဖြစ်တယ်လို့ ဆိုပါတယ်။

၂၀၁၁ ခုနှစ် ဇန်နဝါရီလကတည်းက စပြီးတော့ ဒုံးကျည်စမ်းသပ်မှု ၁၅ ခုမက လုပ်ခဲ့ပြီးဖြစ်ကြောင်း လည်း ၀န်ကြီး Work က ပြောပြီး လိုအပ်လာရင် နိုင်ငံတော် ကာကွယ်ရေးအတွက်  နျူကလီယားလက်နက်ကို အသုံးပြုဖို့ အသင့်ရှိတယ်် လို့ ပြောသွားခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment