ကေမာၻဒီးယား လံုျခံဳေရး အတြက္ တ႐ုတ္ဆီက စစ္သေဘၤာ ေတာင္းခံ(ကမ္ဘောဒီးယား လုံခြုံရေး အတွက် တရုတ်ဆီက စစ်သင်္ဘော တောင်းခံ)

ကေမၻာဒီးယား ေရတပ္ဗိုလ္ခ်ဳပ္ Tea Vinh တ႐ုတ္ေရတပ္ ဗိုလ္ခ်ဳပ္ႀကီး Yu Manjiang နဲ႔ေတြ႔ဆံု။ (ေဖေဖာ္ဝါရီ ၂၄၊ ၂၀၁၆)
ကေမၻာဒီးယားေရေၾကာင္းပိုင္နက္ကို ကာကြယ္ဖို႔ အကူအညီလိုေနတဲ့အတြက္ တ႐ုတ္ႏိုင္ငံက စစ္သေဘာၤႏွစ္စင္းကို ေတာင္းထားေၾကာင္း ကေမၻာဒီးယား ကာကြယ္ေရးအရာရွိေတြက ေျပာပါတယ္။ ကေမၻာဒီးယား ေရတပ္ဗိုလ္ခ်ဳပ္ Tea Vinh က တ႐ုတ္ေရတပ္ဗိုလ္ခ်ဳပ္ႀကီး Yu Manjian နဲ႔ေတြ႔ဆံုခ်ိန္မွာ အခုလို ေခတ္မီ စစ္သေဘၤာႏွစ္စင္း ေတာင္းခဲ့တာပါ။

ဗုဒၶဟူးေန႔က ၿပီးသြားတဲ့ ႏွစ္ႏိုင္ငံ ေရတပ္ေတြၾကား ေရေၾကာင္း ကယ္ဆယ္ေရး လုပ္ငန္း ပူးတဲြေလ့က်င့္မႈ ၿပီးဆံုးၿပီးတဲ့ေနာက္ သူတို႔ႏွစ္ဦး အခုလို ေတြ႔ဆံုေဆြးေႏြးခဲ့ၾကတာပါ။

ေလ့က်င့္ခ်ိန္အတြင္း တ႐ုတ္သေဘာၤ သံုးစင္း၊ ပဲ့ထိန္းသံုးဒံုးက်ည္တပ္ဆင္ထားတဲ့ စစ္ေရယာဥ္ႏွစ္စင္းနဲ႔ ေထာက္ပံ့ေရးယာဥ္ တစင္းတုိ႔ သီဟာႏု ဆိပ္ကမ္း (Sihanoukville) ဆိပ္ကမ္းမွာ ေက်ာက္ခ်ထားပါတယ္။ အဲဒီ့သေဘာၤေတြကို သြားေရာက္စစ္ေဆးခ်ိန္မွာ စစ္သေဘၤာေတြရဲ႕အရည္အေသြး အလြန္ေကာင္း တာကို ေတြ႔ခဲ့ရတယ္လို႔ ဗိုလ္ခ်ဳပ္ႀကီး Tea Vinh က ေျပာပါတယ္။

ကေမၻာဒီးယားေရတပ္ေျပာခြင့္ရသူ Meas Tang က ေတာင္းဆိုတယ္ဆိုတာထက္ ဆႏၵရွိတဲ့စာရင္းတစ္ခုနဲ႔ ပိုတူတယ္လို႔ ေျပာလိုက္ၿပီး ဒီေတာင္းဆိုခ်က္ကို တ႐ုတ္က လက္ခံမလားဆိုတာလည္း မေသခ်ာေသးပါဘူးလို႔ ေျပာပါတယ္။

ႏွစ္ႏိုင္ငံ ေရတပ္အႀကီးအကဲေတြ ေတြ႔ဆံုခ်ိန္မွာ ေတာင္တ႐ုတ္ပင္လယ္ျပင္အတြင္း တင္းမာမႈေတြကို ေဆြးေႏြးခဲ့ၾကေၾကာင္းနဲ႔ ကေမၻာဒီးယားႏုိင္ငံဟာ တ႐ုတ္ႏိုင္ငံနဲ႔ အျငင္းပြားေနၾကတဲ့ ႏိုင္ငံေတြအပါအဝင္ ASEAN ေရတပ္ေခါင္းေဆာင္ေတြနဲ႔ ရပ္တည္ခ်က္အတူတူျဖစ္ေၾကာင္းလည္း ေျပာၾကားခဲ့ပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
http://burmese.voanews.com
...........
 ကမ္ဘောဒီးယား ရေတပ်ဗိုလ်ချုပ် Tea Vinh တရုတ်ရေတပ် ဗိုလ်ချုပ်ကြီး Yu Manjiang နဲ့တွေ့ဆုံ။ (ဖေဖော်ဝါရီ ၂၄၊ ၂၀၁၆)
ကမ္ဘောဒီးယားရေကြောင်းပိုင်နက်ကို ကာကွယ်ဖို့ အကူအညီလိုနေတဲ့အတွက် တရုတ်နိုင်ငံက စစ်သဘောင်္နှစ်စင်းကို တောင်းထားကြောင်း ကမ္ဘောဒီးယား ကာကွယ်ရေးအရာရှိတွေက ပြောပါတယ်။ ကမ္ဘောဒီးယား ရေတပ်ဗိုလ်ချုပ် Tea Vinh က တရုတ်ရေတပ်ဗိုလ်ချုပ်ကြီး Yu Manjian နဲ့တွေ့ဆုံချိန်မှာ အခုလို ခေတ်မီ စစ်သင်္ဘောနှစ်စင်း တောင်းခဲ့တာပါ။

ဗုဒ္ဓဟူးနေ့က ပြီးသွားတဲ့ နှစ်နိုင်ငံ ရေတပ်တွေကြား ရေကြောင်း ကယ်ဆယ်ရေး လုပ်ငန်း ပူးတွဲလေ့ကျင့်မှု ပြီးဆုံးပြီးတဲ့နောက် သူတို့နှစ်ဦး အခုလို တွေ့ဆုံဆွေးနွေးခဲ့ကြတာပါ။

လေ့ကျင့်ချိန်အတွင်း တရုတ်သဘောင်္ သုံးစင်း၊ ပဲ့ထိန်းသုံးဒုံးကျည်တပ်ဆင်ထားတဲ့ စစ်ရေယာဉ်နှစ်စင်းနဲ့ ထောက်ပံ့ရေးယာဉ် တစင်းတို့ သီဟာနု ဆိပ်ကမ်း (Sihanoukville) ဆိပ်ကမ်းမှာ ကျောက်ချထားပါတယ်။ အဲဒီ့သဘောင်္တွေကို သွားရောက်စစ်ဆေးချိန်မှာ စစ်သင်္ဘောတွေရဲ့အရည်အသွေး အလွန်ကောင်း တာကို တွေ့ခဲ့ရတယ်လို့ ဗိုလ်ချုပ်ကြီး Tea Vinh က ပြောပါတယ်။

ကမ္ဘောဒီးယားရေတပ်ပြောခွင့်ရသူ Meas Tang က တောင်းဆိုတယ်ဆိုတာထက် ဆန္ဒရှိတဲ့စာရင်းတစ်ခုနဲ့ ပိုတူတယ်လို့ ပြောလိုက်ပြီး ဒီတောင်းဆိုချက်ကို တရုတ်က လက်ခံမလားဆိုတာလည်း မသေချာသေးပါဘူးလို့ ပြောပါတယ်။

နှစ်နိုင်ငံ ရေတပ်အကြီးအကဲတွေ တွေ့ဆုံချိန်မှာ တောင်တရုတ်ပင်လယ်ပြင်အတွင်း တင်းမာမှုတွေကို ဆွေးနွေးခဲ့ကြကြောင်းနဲ့ ကမ္ဘောဒီးယားနိုင်ငံဟာ တရုတ်နိုင်ငံနဲ့ အငြင်းပွားနေကြတဲ့ နိုင်ငံတွေအပါအဝင် ASEAN ရေတပ်ခေါင်းဆောင်တွေနဲ့ ရပ်တည်ချက်အတူတူဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment